Zar Chi Lin

Zar Chi Lin

Share

It’s more important to have a beautiful heart than to be beauty�

09/07/2025

🙏ဝါဆိုလပြည့်နေ့အကြောင်း သိကောင်းစရာ 🙏
~~~~~~~~~~~~~~~~~~~~~~~~~~~

ဝါဆိုလပြည့် နဲ့ ပတ်သက်လို့ ဗုဒ္ဓဝင်မှာ
"သန္ဓေ တောထွက် ဓမ္မစက်
မိန့်မြွက်သံချို လဝါဆို" ဖွင့်ပြထားပါတယ်။

ဘုရားဖြစ်စဉ် ဗုဒ္ဓဝင်နှင့်စပ်သော

ဝါဆိုလပြည့်နေ့၏ ထူးခြားဖြစ်စဉ်များမှာ
***************************************
၁။ ဘုရားလောင်းသိဒ္ဓတ္ထမင်းသား
ပဋိသန္ဓေနေသောနေ့

၂။ ဘုရားလောင်း တောထွက်တော်မူသောနေ့

၃။ ဂေါတမမြတ်စွာဘုရား ဓမ္မစကြာတရား စတင်ဟောတော်မူသောနေ့

၄။ ရေမီးအစုံစုံတို့ဖြင့် တန်ခိုးပြာဋိဟာကို ပြတော်မူသောနေ့

၅။ ဘုရားအဖြစ်ကို ၀န်ခံတော်မူသောနေ့

၆။ တရားရတနာ စတင်ပေါ်သောနေ့ဖြစ်၍

၇။ သံဃာရတနာ စတင်ပေါ်သောနေ့ဖြစ်၍

၈။ ပုထုဇဉ်ခရီးမှ အရိယာခရီးသို့ စတင် ကူးပြောင်းခွင့်ကြုံသောနေ့

၉။ ဧဟိ ဘိက္ခု-ဟူသောစကားကို စတင်ကြားရသောနေ့

ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့******************************

ဂေါတမဘုရားလောင်းတော်သည်
ပဉ္စဝဂ္ဂီ ၅ ဦးတို့ စွန့်ခွာထွက်သွားပြီးသည်နောက် တစ်ကိုယ်တည်း တရားကျင့်တော်မူခဲ့ရာ
မဟာသက္ကရာဇ် ၁၀၃ ခု၊ ကဆုန်လပြည့်၊ သောကြာနေ့တွင်သဗ္ဗညုတဉာဏ်တော်ကိုရရှိကာဘုရားအဖြစ်သို့ ရောက်တော်မူလေသည်။

ထိုအခါ၊သဟမ္ပတိဗြဟ္မာမင်း၏ လျှောက်ထား တောင်းပန်ချက်အရ-
အဘယ်သူ့ကိုတရားဦး ဟောကြားအံ့နည်းဟု ဆင်ခြင်တော်မူ၏။

ဗုဒ္ဓမြတ်စွာ၏ အာသယာနုသယဉာဏ်၊
ဣနြ္ဒိယ ပရောပရိယဉာဏ်တော်တို့ ဖြင့်
ဆင်ခြင်ခြင်းဖြစ်သည်။

ပထမ ဦးစွာဈာန်လမ်းပြခဲ့ဖူးသော
အာဠာရရသေ့ ဆရာကိုမြင်၏။ ထိုရသေ့ကား ကွယ်လွန်ခဲ့ပြီဖြစ်သည်။
ထိုမှတစ်ဆင့် ဥဒကရသေ့ဆရာကို မြင်တော်မူလေသည်။ ဥဒကရသေ့လည်း ကွယ်လွန်ခဲ့ပြီ ဖြစ်၏။

ထို့နောက်၊ အခြားသော ကျေးဇူးရှိခဲ့ဖူးသူများအား တရားဦးဟောကြားရန် ကြည့်တော်မူပြန်သည်။
ထိုအခါ ပဉ္စဝဂ္ဂီငါးဦးတို့ကို မြင်တော်မူလေသည်။

သူတို့ငါးဦးသည် ဘုရားလောင်းက အစားအသောက်ချိုးခြံသောအကျင့်မှ ပုံမှန်ပြန်လည်စားသောက်သောအကျင့်သို့ ပြောင်းခဲ့သောကြောင့် ဘုရားမဖြစ်နိုင်တော့ဟု ပဉ္စဝဂ္ဂီတို့ ယူဆခဲ့ကြ၏။ ထို့ကြောင့် ဘုရားလောင်းအားစွန့်ခွါပြီးဗာရာဏသီ၊ မိဂဒါဝုန်တောသို့ သွားရောက်ခဲ့ကြခြင်းဖြစ်သည်။

မြတ်ဗုဒ္ဓသည် ထိုရသေ့များထံ ချက်ချင်း မကြွပေ။ သုံးရက်သီတင်းသုံး စောင့်ဆိုင်းတော်မူ၏။
ထို့နောက်မှ ဗာရာဏသီအနီးရှိ မိဂဒါဝုန်တော သို့ ကြွချီ ခရီးဆက် တော်မူလေသည်။ မြတ်စွာဘုရားကြွလာသည်ကို ပဉ္စဝဂ္ဂီတို့ မြင်ကြ၏။ ခရီးဦးမကြို၊ဝတ်မပြုလိုကြတော့ပေ။

သို့ရာတွင် အရှင်မြတ်သည် ဖန်ရည်ဆိုးသင်္ကန်း ဝတ်ရုံလျက်ပင် ဝင်လာတော်မူ၏။
ကိလေသာ ကင်းစင်သဖြင့် အေးချမ်းတင့်တယ် ကြည်ညိုဖွယ်ရှိ၏။
သို့ဖြစ်ရာပဉ္စဝဂ္ဂီတို့သည် ခရီးဦးကြိုကြရ၏။ ရှိခိုးပူဇော်ကြရ၏။ နှုတ်ခွန်းဆက်ကြရ၏။

အချိန်ကား နေမင်းကြီးဝင်လုဝင်ဆဲအချိန်၊ လမင်းကြီးမှာ ပြူလစ်စ အခါသမယ ဖြစ်၏။
ဆည်းဆာ ညချမ်း ဖြစ်သည်။
သူတော်မြတ်ဓာတ်ကြောင့် သာယာဖွယ်ကောင်းလှပေ၏။

မိဂဒါဝုန်တောကား ရွှင်ပျအေးမြနေ၏။
ဆိတ်ငြိမ်မှုဖြင့် ပြီးလျက်ရှိ၏။
ထိုအခိုက်တွင် မြတ်စွာ ဘုရားရှင်သည် ပဉ္စဝဂ္ဂီတို့၏ ရှေ့တွင်ထက်ဝယ်ဖွဲ့ခွေနေတော်မူသည်။
ထို့နောက်၊ "ရဟန်းတို့" ဟု ခေါ်ဝေါ်ကာ နှုတ်ခွန်းဆက်တော်မူလိုက်၏။
ဤကား တရားဦးဟောရန်ဖိတ် ခေါ်သံအစတည်း။

ပဉ္စဝဂ္ဂီတို့သည်သီလစင်ကြယ်ပြီးသူများ ဖြစ်ကြသည်။
ထို့ ပြင်၊ သဒ်ဓါ၊ ဆန္ဒ၊ ဝီရိယစိတ်ထားပြည့်စုံနေပြီးသူများ ဖြစ်ကြလေရာ မြတ်စွဘုရား၏ စကားအစသည် သူတို့၏ နှလုံးသားဝယ် တရား တည်၍တည်၍ လာလေသည်။

ထိုအချိန်တွင် မြတ်စွာဘုရားက မိမိဘုရား ဖြစ်တော်မူကြောင်း မိန့်ကြား၏။
တရားနာယူကြရန်လည်း
တစ်ဆက်တည်း တိုက်တွန်း၏။

သို့သော်မယုံကြည်နိုင်ကြသဖြင့်သုံးကြိမ်သုံးခါ ငြင်းဆန် ကာ နေကြ၏။ မြတ်စွာဘုရားသည် ထိုငြင်းဆန်မှုကို ဘုရားဖြစ် ကြောင်းထပ်မံသိစေပြန်၏။

ပြီးမှ "တရားဦး" ခေါ်ဓမ္မစက္က ပဝတ္တန သုတ္တ ကိုဟောကြား တော်မူလေသည်။ ထိုတရားတော်၏ အဆုံးဝယ်
အရှင်ကောဏ္ဍညသည် လူသားများ အနက် ပထမဦးဆုံး သောတာပတ္တိဖိုလ်၌ တည်လေ၏။
ထိုနေ့သည် ဝါဆိုလပြည့်နေ့ ဖြစ်၏။

ထို့နောက်တဖန်၊ ဒေသနာကိုဟောပြတော်မူရာ ဝါဆိုလပြည့်ကျော်
(၁) ရက်နေ့၌ အရှင်ဝပ္ပ၊
(၂) ရက်နေ့၌ အရှင်ဘဒ္ဒိယ၊
(၃) ရက်နေ့၌ အရှင်မဟာနာမ်၊
(၄) ရက်နေ့၌ အရှင်အဿဇိ တို့သည် အသီးသီးသောတာပန် တည်ကြလေကုန်၏။
ပဉ္စဝဂ္ဂီအားလုံးပင် "ဧဟိဘိက္ခု" ရဟန်း အဖြစ်ရောက်ကြလေသည်။

ဝါဆိုလပြည့်ကျော် (၅)ရက်နေ့တွင် မြတ်စွာဘုရားသည် "အနတ္တလက္ခဏသုတ္တ" ကို ဟောကြား တော်မူခဲ့သည်။
ဤတွင် ငါးဦးလုံး ရဟန္တာ ဖြစ်တော်မူကြလေသည်။
ထိုနေ့ကို လည်း"ရဟန္တာနေ့" ဟု ဗုဒ္ဓဘာသာဝင်တို့ သတ်မှတ်ယူကြကုန်သည်။

ဝါဆိုလပြည့်နေ့ကိုမူ တရားဦး"ဓမ္မစကြာ" ဟောကြားသောနေ့ ဖြစ်၍ "ဓမ္မစကြာနေ့့" ဟု ယနေ့အထိ
ဗုဒ္ဓဘာသာဝင်တို့ အလေးအမြတ်ပြုခဲ့ကြပေသည်။

06/07/2025

#သင့်ကျန်းမာရေးအတွက် သင်ဘယ်လောက်ပဲအလုပ်ရှုပ်နေပါစေ ဒီစာကိုဖတ်ဖြစ်အောင်ဖတ်ပါ၊ အခြားသူများကိုလည်း ချစ်မေတ္တာဖြင့်ဝေမျှပေးပါ
🙏(အာရောဂျံ ပရမံ လာဘံ)🙏

ကျန်းမာခြင်းသည် လာဘ်ကြီးတစ်ပါးဆိုသလို လူတိုင်းအတွက် ကျန်းမာနေဖို့အရေးကြီးတာမို့ ကျန်းမာရေးအတွက် မသိမဖြစ်သိထားရမည့် အခြေခံကျန်းမာရေးဗဟုသုတအဖြစ်ပြန်လည်မျှဝေလိုက်ပါတယ်။

၁။သံပယိုရည်နဲ့ ရေနွေးကိုသောက်သုံးခြင်းဖြင့် ကင်ဆာကို ကာကွယ်နိုင်ပါတယ်။ ( သကြားကို မထည့်ပါနဲ့ )ပူနေတဲ့သံပယိုရေနွေးဟာ အေးနေတဲ့ သံပယိုရည်ထက်ပိုပြီးအကျိုးကျေးဇူးရှိပါတယ်။

၂။ကဇွန်းဥအဝါနဲ့ခရမ်းရောင်တို့မှာလည်း ကင်ဆာကိုကာကွယ်နိုင်တဲ့အရာကောင်းများ ပါဝင်ပါတယ်။
၃။ညနှောင်းပိုင်းအစားအစာစားခြင်းဟာအစာအိမ်ကင်ဆာကိုဖြစ်နိုင်ခြေများစေပါတယ်။

၄။တပတ်တွင် ကြက်ဥ ၄လုံးထက်ပို၍ မစားမိပါစနေဲ့။

၅။ကြက်အဆီဘူးကိုစားခြင်းဟာအစာအိမ်ကင်ဆာကို ဖြစ်စေပါတယ်။

၆။အစာစားပြီးအသီးကိုမစားပါနှင့်။အသီးကို အစာမစားမီ စားသုံးပါ။

၇။ရာသီလာချိန်တွင်လက်ဖက်ရည်မသောက်ပါနှင့်။

၈။ပဲနို့ကို လျော့သောက်ပါ။ပဲနို့ထဲတွင်သကြားနှင့်ကြက်ဥမထည့်သောက်ပါနှင့်။

၉။အစာမရှိဘဲခရမ်းချဉ်သီး မစားပါနဲ့။

၁၀။သည်းခြေတွင်ကျောက်တည်ခြင်းမှ ကာကွယ်ရန် နံနက်အစာအစားမီ ရေတခွက်သောက်ပါ။

၁၁။ညမအိပ်မီ ၃နာရီအလို မည်သည့်အစားအစာမှမစားပါနှင့်။

၁၂။Teh Tarik နွားနို့နှင့်ရောစပ်ဖျော်ထားသောလက်ဖက်ရည်လျော့သောက်ပါ။အာဟာရမရှိသောအရာများကဆီးချိုနှင့်သွေးတိုးရောဂါကိုဖြစ်စေသည်။

၁၃။ပေါင်မုန့်မီးကင်စက် သို့မဟုတ် မီးဖိုတွင် ပေါင်မုန့်ကိုဖုတ်ပြီးနောက်ပူနေစဉ်မစားပါနှင့်။

၁၄။သင်အိပ်နေစဉ်သင့်နားတွင် ဆဲလ်ဖုံး သို့မဟုတ်မည်သည့်လျှပ်စစ်အားသွင်းခြင်းကိုမဆိုအနားတွင်ထား၍ မအိပ်ပါနှင့်။

၁၅။သည်းခြေကင်ဆာဖြစ်ဖြင်းမှ ကာကွယ်ရန် တစ်နေ့လျှင်ရေ ၁၀ခွက် ခန့်သောက်ပေးပါ။

၁၆။နေ့ပိုင်းတွင် ရေကိုများများသောက်၍ ညပိုင်းတွင် လျော့သောက်ပါ။

၁၇။တနေ့လျှင်ကော်ဖီကို၂ခွက်ထက်ပို၍ မသောက်ပါနှင့် သို့မဟုတ်ပါကအိပ်မပျော်သောရောဂါနှင့် အစာအိမ်ရောဂါ ရရှိနိုင်သည်။

၁၈။ဆီပါဝင်မှုနည်းသော အစားအစာကိုစားပါ။ဆီပါဝင်မှုရှိပါက ၅နာရီမှ၇နာရီကြာမျှ ယင်းအစာကို ကြေညက်အောင် ချက်ရသည့်အတွက်သင့်ကိုပင်ပန်းနွမ်းနယ်မှုဖြစ်ပေါ်စေသည်။

၁၉။ညနေ၅နာရီနောက်ပိုင်း အစားကိုလျော့စားပါ။

၂၀။အစားအစာ၆မျိုးသည်သင့်ကိုပျော်ရွှင်မှု ပေးနိုင်သည်။ ငှက်ပျောသီး၊ ဂရိတ်ဖရု၊ဂျုံပေါင်မုန့်၊ စပင်းနပ်ခ်ျ၊ ရွှေဖရုံသီး၊ မက်မွန်သီး၊

၂၁။တနေ့ ၈နာရီထက် လျော့နည်းစွာအိပ်လျှင် ဦးဏှောက်လည်ပတ်ဆောင်ရွက်နိုင်မှုကို တဖြေးဖြေးချို့ယွင်းစေပါသည်။

၂၂။မွန်းလွဲအနားယူမှေးစက်မှုကသင့်အား ငယ်ရွယ်နုပျိုစေပါသည်။

၂၃။ချက်ထားသည့် ခရမ်းချဉ်သီးက ခရမ်းချဉ်သီး အစိမ်းထက်ပိုပြီးဝေဒနာများကုသပေးနိုင်စွမ်းသတ္တိရှိသည်။

၂၄။ပူနေသောသံပယိုရေနွေးရည်သည်သင့်ကျန်းမာရေးကို ထိန်းထားနိုင်ပြီး အသက်ကို ပိုမိုရှည်စေသည်။ပူသောသံပယိုရည်သည် ကင်ဆာဆဲလ်များကိုသတ်နိုင်စွမ်းရှိသည်။ရေနွေးပူပူထဲသို့ အကွင်းလိုက်လှီးထားသောသံပယိုကွင်း၂ခု-၃ခုခန့်ကို ထည့်ပါ။
နေ့စဉ်သောက်သုံးပေးပါ။

သံကယိုရည်ပူပူတွင်ရှိ ခါးသက်သက်ဓါတ်သည် ကင်ဆာဆဲလ်များကို သတ်နိုင်သည့် အကောင်းဆုံးသောဒြဗ်ပင်ဖြစ်သည်။
သံပယိုရည်အေးတွင် ဗီတာမင်စီသာရှိပြီး ကင်ဆာကာကွယ်နိုင်စွမ်းမရှိပါ။
ပူသော သံပယိုရည်သည် ကင်ဆာကျုမာကြီးထွါးမှုကို ထိန်းချုပ်နိုင်စွမ်းရှိသည်။ ဓါတ်ခွဲခန်းစမ်းသပ်မှုအရသံပယိုပူရည်သည် အလုပ်ဖြစ်ကြောင်းသက်သေပြခဲ့သည်။

မကောင်းသောကင်ဆာဆဲလ်များကို ထိုသံပယိုတွင်ရှိသည့်ဓါတ်သတ္တိဖြင့် ကုသမှုကဖျက်ဆီးနိုင်စွမ်းရှိသည်။

ထိုအရာက ကောင်းမွန်သောဆဲလ်များကို ထိခိုက်မှုမရှိပါ။နောက်တခုမှာ သံပယိုရည်အတွင်းရှိ စီထရစ်အက်စစ်(Citric acid) နှင့် သံပယို ပိုလီဖင်နော် (lemon polyphenol) သည်သွေးတိုးခြင်းကို ကျဆင်းစေနိုင်စွမ်းရှိသည်။
သွေးကြောပိတ်ခြင်းကို လျော့နည်းစေခြင်း၊ သွေးလှည်ပတ်မှုကို တိုးတက်ကောင်းမွန်စေခြင်းနှင့် နက်ရှိုင်းစွာအတွင်းတွင်ရှိသည့် သွေးကြောတွင်းပိတ်ဆို့ခြင်းကို ကာကွယ်မှုပေးနိုင်သည်။
မသိသေးသူများအတွက်လည်း မေတ္တာဖြင့်ဖြန့်ဝေပေးပါ။ သင့်ကျန်းမာရေးကိုလည်း ဂရုစိုက်ပါ။

ကျန်းမာချမ်းသာလို့ပျော်ရွှင်ကြပါစေခင်ဗျာ🙏

သင့်မိတ်ဆွေတွေလည်းသိစေရန်ပြန်လည်မျှဝေခြင်းဖြင့်ကျန်းမာရေး ကုသိုလ်ယူပေးပါ။

ကျန်းမာရေးဗဟုသုတများကိုနေ့စဉ်နှင့်အမျှတင်ဆက်ပေးနေတာကြောင့် page ကိုfollowလုပ်ထားပါ။

#ကျန်းမာရေး #ဗဟုသုတ #စာပေ
#နွယ်မြက်သစ်ပင်ဆေးဖက်ဝင်
#မေတ္တာဖြင့်ပြန်လည်မျှဝေပါသည်
#လေးစားစွာဖြင့်မူရင်းရေးသားသူကို
ေးပါတယ်

Want your business to be the top-listed Beauty Salon in Kuala?
Click here to claim your Sponsored Listing.

Category

Website

Address


No1 Jalan Bangi
Kuala
436500

Alerts

Be the first to know and let us send you an email when Zar Chi Lin posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Subscribe

We will notify you when anything happens in Kuala.