TUI
Student Nurse 👩🏻⚕️🩺
Philippines 🇵🇭🇲🇲
Health Education 🏥🩺⛑️
Motivational 🌺📍
15/09/2026
💤😴
Giving birth—0/10 experience, 10/10 reward. 😂👶
🎹🍀
#ရူးရှဲLover 😉🤣
09/09/2026
ကလေးမှာ ဒေါင်းရောဂါ (Down Syndrome) ပါဝင်နိုင်ခြေ ရှိ၊ မရှိ ဆိုတာကို ကိုယ်ဝန်ဆောင်ကာလမှာ ကြိုတင်သိရှိနိုင်ဖို့ ခေတ်မီဆေးပညာက များစွာ အထောက်အကူပြုနေပါပြီ။ စစ်ဆေးလို့ရပါတယ်။
ထိုင်းမှာတော့ NIPT သွေးစစ်ရင် ၈,၀၀၀ မှ ၁၈,၀၀၀ ဘတ် ဝန်းကျင်ကျပါတယ်။ NT Scan (Ultrasound)က ၁,၅၀၀ မှ ၃,၅၀၀ ဘတ် ဝန်းကျင်ကျပါတယ်။
NIPT (Non-Invasive Prenatal Testing)အတိကျဆုံးနဲ့ အသုံးအများဆုံးပါ။ မိခင်သွေးထဲက ကလေးရဲ့ DNA ကို စစ်တာဖြစ်ပြီး ကိုယ်ဝန် ၁၀ ပတ်ကျော်တာနဲ့ စစ်လို့ရပါတယ်။ အဖြေက ၉၉% နီးပါး တိကျပါတယ်။
NT Scan ကိုယ်ဝန် ၁၁ ပတ် ကနေ ၁၃ ပတ်အတွင်း ကလေးရဲ့ လည်ပင်းနောက်စေ့ အထူကို အာထရာဆောင်းနဲ့ တိုင်းတာတာပါ။ Screening မှာ သံသယရှိရင် ရေမြွှာရည်ဖောက်စစ်တာ (Amniocentesis) မျိုး လုပ်ဆောင်ရတတ်ပါတယ်။
ဒေါင်းရောဂါဟာ မျိုးရိုးလိုက်တာမျိုးထက် ဖြစ်ခဲတဲ့ မျိုးဗီဇဆိုင်ရာ ချို့ယွင်းမှုတစ်ခု ဖြစ်ပါတယ်။ ပုံမှန်လူတစ်ယောက်မှာ ခရိုမိုဆုန်း (Chromosome) ၂၃ စုံ (၄၆ ခု) ရှိရမယ့်အစား၊ နံပါတ် (၂၁) မြောက် ခရိုမိုဆုန်းမှာ တစ်ခုပိုနေပြီး ၃ ခု ဖြစ်နေတာကြောင့်ပါ။ ဒါကို Trisomy 21 လို့လည်း ခေါ်ပါတယ်။
ဒီလိုဖြစ်ရတဲ့ အဓိက အကြောင်းရင်းကတော့-
မိခင်အသက်အရွယ် အသက် ၃၅ နှစ်အထက် ကိုယ်ဝန်ဆောင်တဲ့အခါ မျိုးဥဆဲလ်တွေ ကွဲပွားမှုမှာ ချို့ယွင်းချက်ဖြစ်နိုင်ခြေ ပိုများလာတတ်ပါတယ်။
ဒါပေမဲ့ အသက်ငယ်တဲ့ မိခင်တွေမှာလည်း အခန့်မသင့်ရင် ဖြစ်ပွားနိုင်ခြေ ရှိတာကြောင့် ကြိုတင်စစ်ဆေးခြင်းက အကောင်းဆုံးပါ။
ဒေါင်းရောဂါရှိတဲ့ ကလေးလေးတွေဟာ ထူးခြားတဲ့ ရုပ်ပိုင်းဆိုင်ရာ လက္ခဏာလေးတွေ ရှိတတ်ကြပါတယ်။
မျက်လုံးလေးတွေက အပေါ်ကို အနည်းငယ် စောင်းတက်နေခြင်း။
နှာတံ ပြားနေခြင်း။
နားရွက်လေးတွေက သေးပြီး အောက်ဘက် အနည်းငယ် ရောက်နေခြင်း။
လျှာလေး ထွက်နေတတ်ပြီး ပါးစပ်က သေးနေခြင်း။
လည်ပင်း တိုနေခြင်း။
လက်ဖဝါးမှာ လိုင်းတစ်ခုတည်းသာ ပါခြင်း (Single Palmar Crease)။
ကြွက်သားများ ပျော့အိနေခြင်းကိုတွေ့ရတတ်ပါတယ်။
ဘာလို့စစ်သင့်လဲဆိုတော့ ရုတ်တရက် မွေးပြီးမှ သိလိုက်ရတဲ့အခါမှာ စိုးရိမ်တာ၊ ဝမ်းနည်းတာမျိုး ဖြစ်နိုင်ပေမဲ့ စောစောသိရတော့ မိသားစုဝင်အချင်းချင်း တိုင်ပင်ဖို့နဲ့ ဒီအခြေအနေကို လက်ခံနိုင်ဖို့ အချိန်ရပါတယ်။ ကလေးလေး လူ့လောကထဲရောက်လာတဲ့အခါမှာ ထိတ်လန့်တုန်လှုပ်မှုမရှိဘဲ မေတ္တာအပြည့်နဲ့ ကြိုဆိုနိုင်ဖို့ စိတ်ဓာတ်ခွန်အား စုဆောင်းထားနိုင်ပါတယ်။
ဒေါင်းရောဂါရှိတဲ့ ကလေးငယ်တွေမှာ တစ်ခါတလေ နှလုံးချို့ယွင်းမှု (သို့မဟုတ်) အစာခြေစနစ်ဆိုင်ရာ အခက်အခဲလေးတွေ ပါလာတတ်ပါတယ်။ စောစောသိထားရင် မွေးဖွားပြီးတာနဲ့ ကလေးကို အထူးစောင့်ရှောက်မှုပေးနိုင်မယ့် အထူးကုဆရာဝန်ကြီးများ (Specialists) ရှိတဲ့ ဆေးရုံမျိုးကို ရွေးချယ်ထားလို့ ရပါတယ်။မွေးမွေးချင်း ကလေးမှာ ဘယ်လိုကျန်းမာရေးစစ်ဆေးမှုတွေ လုပ်ရမလဲဆိုတာကို ဆရာဝန်နဲ့ ကြိုတင်တိုင်ပင်ထားနိုင်ပါတယ်။
ကလေးအတွက် ရေရှည်လိုအပ်မယ့် ကျန်းမာရေးစရိတ်တွေကို စီမံထားနိုင်သလို၊ ဒေါင်းရောဂါရှိတဲ့ ကလေးမိဘအချင်းချင်း စုစည်းထားတဲ့ Support Groups တွေမှာ ပါဝင်ပြီး အတွေ့အကြုံတွေ ဖလှယ်ထားလို့ ရပါတယ်။ ဒါဟာ မိဘတွေအတွက် အထီးမကျန်စေဘဲ ခွန်အားဖြစ်စေပါတယ်။
ဒေါင်းရောဂါရှိတဲ့ ကလေးလေးတွေဟာ "ချစ်ခြင်းမေတ္တာရဲ့ ကလေးငယ်များ" လို့ တင်စားရလောက်အောင် အရမ်းကို ရိုးသားဖြူစင်ပြီး ချစ်ဖို့ကောင်းသူလေးတွေပါ။ ကြိုတင်စစ်ဆေးခြင်းဟာ မိဘတွေအနေနဲ့ ကလေးရဲ့ အနာဂတ်အတွက် လိုအပ်တဲ့ စောင့်ရှောက်မှုတွေကို ကြိုတင်ပြင်ဆင်နိုင်ဖို့ အကောင်းဆုံးသော လမ်းစပဲ ဖြစ်ပါတယ်ရှင်။
#ဒေါင်းရောဂါအသိပညာပေး
07/09/2026
🧠 စက်တင်ဘာလသည် 💛 Su***de Prevention Month (မိမိကိုယ်ကို သတ်သေမှုကာကွယ်ရေးလ) ဖြစ်ပါသည်။
နှစ်ပေါင်းများစွာ လေ့လာထားသော ဦးနှောက်စစ်ဆေးမှုများအရ သတ်သေလိုသည့် အတွေးများရှိသူများ၏ ဦးနှောက်တွင် အချို့သော လုပ်ဆောင်ချက် ပြောင်းလဲမှုများကို တွေ့ရှိရပါသည်။
အောက်မှာပြထားသောပုံသည် SPECT Brain Scan ကို အသုံးပြု၍ ဦးနှောက်၏ သွေးလည်ပတ်မှုနှင့် လုပ်ဆောင်ချက်များကို နှိုင်းယှဉ်ပြထားခြင်း ဖြစ်သည်။
ဘယ်ဘက်ရှိ Healthy Brain Scan တွင် ဦးနှောက်၏ လုပ်ဆောင်ချက်များ ပုံမှန်နှင့် ညီမျှစွာ လည်ပတ်နေသည်ကို တွေ့ရသည်။
ညာဘက်ရှိ Suicidal Brain Scan တွင် အချို့နေရာများ၌ လုပ်ဆောင်ချက် လျော့နည်းပြီး
🧠 ဦးနှောက်ထိခိုက်ဒဏ်ရာ (TBI)
🧠 အဆိုးမြင်အတွေးများတွင် ပိတ်မိနေခြင်း
🧠 စိတ်ထိန်းချုပ်နိုင်စွမ်း လျော့နည်းခြင်း
🧠 စိတ်ကျရောဂါနှင့် စိုးရိမ်ပူပန်မှုများ
ဤအချက်များသည် မိမိကိုယ်ကို သတ်သေလိုသည့် အတွေးများ ဖြစ်ပေါ်စေနိုင်ပါသည်။
❤️ Suicidal thoughts are a sign of suffering, not weakness.
❤️ သတ်သေလိုသည့် အတွေးများသည် “အားနည်းခြင်း” မဟုတ်ပါ။
❤️ စိတ်ကျန်းမာရေးဆိုင်ရာ အကူအညီ လိုအပ်နေကြောင်း ပြသသည့် လက္ခဏာတစ်ခု ဖြစ်နိုင်ပါသည်။
🤝 သင် သို့မဟုတ် သင်ချစ်ရသူတစ်ဦး စိတ်ပင်ပန်းနေပါက တစ်ယောက်တည်း မရင်ဆိုင်ပါနှင့်။
စကားပြောပါ၊ အကူအညီတောင်းပါ၊ မျှော်လင့်ချက်ကို မလွှတ်လိုက်ပါနှင့်။
***dePreventionMonth 💛
🤝
😒
’s first cry helps open the lungs and start breathing properly. 👶🫁💙
07/09/2026
🧳
01/09/2026
I came. I saw. I took vitals. I studied. I am exhausted. 💀
-
Click here to claim your Sponsored Listing.
Category
Website
Address
Cavite
Silang