Weekly Hubs

Weekly Hubs

แชร์

Knowledge and Skill sharing

23/07/2026

■ ထိုင်းတောင်ပိုင်း လုံခြုံရေးဂိတ်တခု အနီးကပ်တိုက်ခိုက်ခံရ၊ စစ်သားငါးဦးသေဆုံး
--

ထိုင်းနိုင်ငံတောင်ပိုင်း ရာငဲခရိုင်အတွင်းရှိ စစ်ဆေးရေးဂိတ်တခုကို လက်နက်အပြည့်အစုံကိုင်ဆောင်ထားတဲ့ လူတစုက ကားဆိုင်ကယ်တို့နဲ့ ဝင်ရောက်ပြီး ပစ်ခတ်တိုက်ခိုက်လို့ နယ်ခြားစောင့် လုံခြုံရေးတပ်ဖွဲ့ဝင် ၅ ဦး သေဆုံးပြီး ၁၀ နှစ်အရွယ်ကလေးအပါအဝင် အရပ်သား ၉ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရပါတယ်။

ဇူလိုင်လ ၂၂ ညနေ ၆ နာရီကျော်မှာ ဖြစ်ပွားတာဖြစ်ပြီး အဲဒီပစ်ခတ်မှုကို Barisan Revolusi Nasional သူပုန်အဖွဲ့ လုပ်ဆောင်တာလို့ ထိုင်းဘက်ကလာတဲ့သတင်းတွေမှာ ဖော်ပြပါတယ်။

18/07/2026

Tropical Storm လို့ နာမည်ပေးထားတဲ့ ရုရှား-မြန်မာ စစ်ရေးပူးတွဲလေ့ကျင့်မှုရုပ်သံ

ရုရှားစစ်တပ်နဲ့ အကြမ်းဖက်စစ်အုပ်စုတပ်ဖွဲ့ဝင်တွေဟာ ဇူလိုင် ၆ ရက်ကနေ ၁၇ ရက်အထိ နေပြည်တော်က အမျိုးသားကာကွယ်ရေးတက္ကသိုလ်ဝင်းအတွင်း “Tropical Storm” အမည်ရှိတဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှုကို ပြုလုပ်နေ တယ်လို့သိရပါတယ်။

ရုရှား-မြန်မာပူးတွဲစစ်ရေးလေ့ကျင့်မှုမှာ FPV အသေခံဒရုန်းအသုံးပြု စစ်ဆင်ရေး၊ ဒရုန်းတန်ပြန်တိုက်ခိုက်ရေး၊ တောတွင်းစစ်ပွဲနဲ့ ခေတ်သစ်စစ်ပွဲဗျူဟာတွေကို လက်တွေ့လေ့ကျင့်နေပြီး တော်လှန်ရေးအခြေစိုက်စခန်းတစ်ခုကို ဝင်ရောက်တိုက်ခိုက်တဲ့ ပုံစံ၊ အဆင့်မြင့်အရာရှိတစ်ဦးရဲ့ ယာဉ်တန်း တိုက်ခိုက်ခံရမှုကို ကာကွယ်တဲ့ စစ်ဆင်ရေးပုံ စံတွေပါ ပါဝင်ပါတယ်။

ရုရှားအရှေ့ပိုင်းစစ်တိုင်းက ဒုတိယတပ်မှူး ဦးဆောင်တဲ့ ရုရှားအထူးတပ်ဖွဲ့ဝင်တွေဟာ မြန်မာအကြမ်းဖက်စစ်တပ် နဲ့အတူ လေ့ကျင့်နေတာဖြစ်ပြီး ရုရှားကာကွယ်ရေးဝန်ကြီးဌာန ထုတ်ပြန်တဲ့ ဗီဒီယိုထဲမှာ ဒရုန်းတွေ၊ စနိုက်ပါ သေနတ်တွေ၊ မောင်းသူမဲ့မြေပြင်ယာဉ် (UGV) နဲ့ အခြားစစ်လက်နက်ပစ္စည်းတွေကို မြန်မာစစ်တပ်အရာရှိတွေကို သရုပ်ပြနေတာကိုလည်း တွေ့ရပါတယ်။

Photos from Weekly Hubs's post 15/07/2026

ဗီတာမင် ဒီ ချို့တဲ့ခြင်း

14/07/2026

ကနီနဲ့ မင်းကင်းမှာ စစ်အုပ်စု စစ်ကြောင်းနဲ့ သင်္ဘောတွေကို တိုက်ခိုက်ရာ ဗိုလ်ကြီးအဆင့် အပါအဝင် စစ်အုပ်စု ၂၀ ကျော် သေ၊ လက်နက်ခဲယမ်းတချို့ ရ၊

စစ်ကိုင်းတိုင်း၊ ကနီနယ်ထဲ ရွာစဉ်ပတ်မွှေ စစ်ကြောင်းထိုးကာ လူသတ်၊ လုယက်၊ မီးရှို့နေတဲ့ စစ်အုပ်စုနဲ့ ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆန်တက်နေတဲ့ စစ်သင်္ဘော အပါအဝင် ရေယာဉ်တွေကို တိုက်ခိုက်ခဲ့ရာ ဗိုလ်ကြီးအဆင့် အပါအဝင် စစ်အုပ်စု ၂၀ ကျော် သေပြီး လက်နက်ခဲယမ်းတချို့ သိမ်းဆည်း ရရှိတယ်လို့ ပြည်သူ့ ကာကွယ်ရေး တပ်မတော် - PDF၊ အမှတ် ၁ စစ်ဒေသ၊ ကလေးခရိုင် အမှတ် ၂ တပ်ရင်း (မင်းကင်း PDF)က သတင်း ထုတ်ပြန်ပါတယ်။

ဇွန်လ ၂၁ရက်က ကနီမြို့နယ်၊ လာပို့ကျေးရွာက ထွက်လာပြီး ဒေသတွင်း ရွာစဉ်ပတ်မွှေတဲ့ စစ်အုပ်စု ခြေမြန်တပ်ရင်း (ခမရ) ၅၅၄က ဒု-တပ်ရင်းမှူး အောင်ကိုကို ဦးစီးတဲ့ အင်အား ၃၀၀ ခန့်ပါ စစ်အုပ်စုကို ကိုးကြိမ်အထိ ကြားဖြတ် တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

ဇူလိုင် ၇ရက်မှာလည်း ကနီမြို့ဆိပ်ကမ်းကတဆင့် ချင်းတွင်းမြစ်ကြောင်းအတိုင်း ဆန်တက်လာတဲ့ ဗိုလ်မှူးအဆင့် အောင်ဇေယျ ဦးစီးတဲ့ အင်အား ၂၅၀ ပါ စစ်အုပ်စုနဲ့ စစ်သင်္ဘော အပါအဝင် စစ်အုပ်စုရဲ့ ထောက်ပို့နဲ့ ခိုးရာပါ ပစ္စည်းသယ် ရေယာဉ် ၂၈ စီးကို သုံးကြိမ် ကြားဖြတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ စစ်အုပ်စုရဲ့ ထောက်ပို့နဲ့ ခိုးရာပါပစ္စည်းသယ် ဖလပ်မော်တော် သုံးစီးကို FPV ဒရုန်းတွေနဲ့ပါ တိုက်ခိုက်ခဲ့တာလို့ မင်းကင်း PDF က ဖော်ပြပါတယ်။

အဲ့ဒီ တိုက်ခိုက်မှုတွေအတွင်း ဗိုလ်ကြီးအဆင့်နဲ့ ဗိုလ်အဆင့် အပါအဝင် စစ်အုပ်စု ၂၀ ကျော် သေကာ MA - 3 တစ်လက်၊ ဗုံးသီး၊ ကျည်၊ ယူနီဖောင်း၊ SPS110 Portable Jammer Gun တစ်လက် ၊ မိုင်းရှင်းစက် တစ်လုံး ၊ ဖောကား တစ်စီး၊ စစ်အုပ်စုရဲ့ ခိုးရာပါ ပြည်သူပိုင်ပစ္စည်းတွေဖြစ်တဲ့ ရွှေလက်ကောက် တစ်ကွင်း၊ ကား တစ်စီး၊ နွား ကိုးကောင်၊ လှည်း သုံးစီး ၊ မီးစက် တစ်လုံး စတာတွေ သိမ်းဆည်း ရရှိတယ်လို့ မင်းကင်း PDF က ဖော်ပြပါတယ်။

စစ်အုပ်စု စစ်ကြောင်းနဲ့ စစ်သင်္ဘော အပါအဝင် ရေယာဉ်တွေကို ကလေးခရိုင် PDF တပ်ရင်းတွေ ဖြစ်တဲ့ အမှတ် (၇/၈/၉/၁၀/၁၁)တပ်ရင်း ၊ မင်းကင်းမြို့နယ် ပကဖ ၊ ကလေးခရိုင် ဒရုန်းတပ်ဖွဲ့ ၊မင်းကင်းမြို့နယ် ပူးပေါင်း တပ်တွေက တိုက်ခိုက်ခဲ့တာ ဖြစ်ပြီး တော်လှန်ရေးတပ်တွေဘက်က ထိခိုက် ကျဆုံးတာ မရှိဘူးလို့ ဆိုပါတယ်။

ရုပ်သံ - MinKin People’s Defense Force - MKpdf-2

13/07/2026

မြန်မာစစ်တပ်ရဲ့ဆရာ၊ရုရှားစစ်တပ်ရဲ့စက်သေနပ်စကေးပစ်ခတ်မူမြင်ကွင်း

#စစ်ကောင်စီ

11/07/2026

PDF (၂၀)ဦး ကျဆုံးခဲ့သည့် တိုက်ပွဲတွင် အသက်ရှင်နေသော ရဲဘော်များကို ပစ်သတ်ခဲ့

မကွေးတိုင်း၊ ချောက်မြို့နယ်၊ စလေမြို့အတွင်း တော်လှန်ရေးရဲဘော် (၂၀)ဦး ကျဆုံးခဲ့သည့် တိုက်ပွဲတွင် စစ်တပ်က အသက်ရှင်နေသော ရဲဘော်များကိုပါ ပစ်သတ်ခဲ့ကြောင်း စစ်တပ်ဘက်က ဝါဒဖြန့်သည့် ရုပ်သံမှတ်တမ်းများတွင် တွေ့ရသည်။

ယမန်နေ့ ဇူလိုင်လ (၁၀)ရက်နေ့တွင် စလေမြို့၊ တောင်သာရွာအနီး၌ တော်လှန်ရေးတပ်ဖွဲ့များနှင့် စစ်တပ်၊ ရဲကွန်မန်ဒိုပူးပေါင်းအဖွဲ့တို့အကြား တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး တော်လှန်ရေးရဲဘော် (၂၀)ဦး ကျဆုံးခဲ့ကြောင်း စစ်တပ် ဝါဒဖြန့်ချန်နယ်များတွင် ဖော်ပြထားသည်။

စစ်တပ်ထုတ်ပြန်ချက်များတွင် စစ်တပ်နှင့် ရဲကွန်မန်ဒိုပူးပေါင်းစစ်ကြောင်းကို တော်လှန်ရေးတပ်ဖွဲ့များက ချုံခိုတိုက်ခိုက်ရန် စောင့်ဆိုင်းနေစဥ် စစ်တပ်ဘက်က ဝိုင်းပတ်ချေမှုန်းခဲ့ကြောင်း ဖော်ပြထားသည်။

​တော်လှန်ရေးရဲဘော်ရုပ်အလောင်း (၂၀)အပါအဝင် လက်နက်ခဲယမ်းအများအပြားလည်း သိမ်းဆည်းရမိခဲ့​ကြောင်း ဆိုထားသည်။

ယနေ့ နံနက်ပိုင်း ပြန့်နှံ့လာသည့် ရုပ်သံဖိုင်တွင် စစ်တပ်ဘက်က ချေမှုန်းရေးစစ်သားများက တော်လှန်ရေးတပ်ဖွဲ့များထံ ထိုးစစ်ဆင်ကာ တော်လှန်ရေးရဲဘော်များကို အနီးကပ် ပစ်သတ်ခဲ့ကြောင်း တွေ့ရသည်။

Video- Social Media
#ချောက် #စစ်ကောင်စီ

# # #ချောက်မြို့နယ် #စလေမြို့ #တောင်သာတိုက်ပွဲ #တော်လှန်ရေးရဲဘော် #ကျဆုံး

10/07/2026

လားရှိုးမြို့ထဲကို ရှော့တိုက်ဒုံး ၄ လုံး ကျရောက်ပေါက်ကွဲ

စစ်ကောင်စီတပ် ထိန်းချုပ်ထားတဲ့ ရှမ်းမြောက် လားရှိုးမြို့ထဲ ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်ခံရတယ်လို့ လားရှိုးမြို့ခံတွေဆီက သိရပါတယ်။

Photos from Weekly Hubs's post 08/07/2026

သွေးတိုးရောဂါကို ဘာကြောင့် တိတ်ဆိတ်တဲ့ လူသတ်သမား လို့ခေါ်တာလဲ

07/07/2026

ဒီလက္ခဏာတွေကို လျစ်လျူမရှုပါနဲ့

07/07/2026

ချင်းတွင်းမြစ်ကြောင်းအတွင်း အကြမ်းဖက်စစ်ရေယာဉ်အုပ်စုကို ရှေ့ထွက်မိုင်း ၁၃ လုံးနဲ့ ဖောက်ခွဲ တိုက်ခိုက် (ရုပ်/သံ)

ဇူလိုင် ၇၊ ၂၀၂၆

စစ်ကိုင်းတိုင်း မုံရွာမြို့ကနေ ဆန်တက်လာတဲ့ အကြမ်းဖက်စစ်ရေယာဉ်အုပ်စုကို ချင်းတွင်းမြစ် ကြောင်းအတွင်း မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ဒေါင်းမျိုးဆက် ကနီပြည်သူ့ကာကွယ်ရေးအဖွဲ့မှ သတင်းထုတ်ပြန်ထားပါတယ်။

ဇူလိုင် ၆ ရက် မနေ့က ချင်းတွင်းမြစ်အတွင်း အကြမ်းဖက်စစ်ရေယာဉ်အုပ်စုကို ကနီနယ် ရွှေစာရေးဝဲအတွင်း ရှေ့ထွင်းမိုင်း ၁၃ လုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

''ကျွန်တော်လုပ်နေတာ ၅ နှစ်ကျော်လာပါပြီ၊ အဆန်လာလည်း ပစ်တယ်၊ အဆုန်လာလည်း ပစ်တယ်။ လိုအပ်နေတာလေးတွေတာ ဖြည့်စည်းပေးကြည့်ပါ။ ထိရောက်မှုနဲ့ဆုံးဖြတ်လို့ ရချင်မိပါတယ် လူကြီးမင်းအပေါင်းတို့ခင်ဗျား'' လို့ ဒေါင်းမျိုးဆက်က ဆိုထားပါတယ်။

တဆက်ထဲမှာပဲ အကြမ်းဖက်စစ်ရေယာဉ်အုပ်စုကို ထိရောက်တဲ့နေရာမှာ တိုက်ခိုက်ခွင့်ရခဲ့ပေမဲ့ ထိရောက်မှု အားနည်းခဲ့တဲ့အတွက် ပြည်သူများအား တောင်းပန်ကြောင်းလည်း ထုတ်ပြန်ထားပါတယ်။

Video-ဒေါင်း မျိုးဆက်

ต้องการให้ธุรกิจของคุณ บุคคลสาธารณะ ขึ้นเป็นอันดับหนึ่ง บุคคลสาธารณะ ใน Bang Kapi?
คลิกที่นี่เพื่อเป็นสมาชิก?

ประเภท

เว็บไซต์

ที่อยู่


Bang Kapi
10240