Rango

Rango

แชร์

Digital marketing knowledge sharing

06/06/2026

SMART Goal Framework

Strategy တစ်ခုမစတင်မီ လုပ်ငန်းရဲ့ ပန်းတိုင်ကို တိတိကျကျ သတ်မှတ်တဲ့နေရာမှာ သုံးပါတယ်။

S (Specific): တိကျမှု ရှိရမယ် (ဥပမာ - Page Like တက်ရုံတင်မဟုတ်ဘဲ Sales ရောင်းအားတက်ရန်)။
M (Measurable): တိုင်းတာလို့ ရရမယ် (ဥပမာ - Sales ၂၀ ရာခိုင်နှုန်း တိုးတက်ရန်)။
A (Achievable): လက်တွေ့ ဖြစ်နိုင်ခြေ ရှိရမယ်။
R (Relevant): လုပ်ငန်းရဲ့ ပကတိ အခြေအနေနဲ့ ကိုက်ညီရမယ်။
T (Time-bound): အချိန်ကာလ သတ်မှတ်ချက် ရှိရမယ် (ဥပမာ - ၃ လအတွင်း)။

12/04/2026

မကြာခင် ရောက်ရှိလာတော့မဲ့ မြန်မာ့ရိုးရာ သင်္ကြန် အချိန်အခါသမယမှာ (၇)ရက်သားသမီးအပေါင်း ဘေးဘယာဝေးကွာလို့ ကျမ်းမာချမ်းသာကြပါစေဖို့ Rango မှ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ခင်ဗျာ။

08/04/2026

"Ads ဖိုးတွေသာ လစဉ်ကုန်သွားတယ်၊ တကယ်ဝယ်မယ့် Customer (Quality Lead) ရမလာလို့ စိတ်ညစ်နေပြီလား?"

လုပ်ငန်းရှင်တော်တော်များများက "Digital Marketing လုပ်ရင် ရောင်းအားတက်မယ်" ဆိုတဲ့ မျှော်လင့်ချက်နဲ့ Page တွေထောင်၊ Post တွေတင်ပြီး Boost နှိပ်ကြပါတယ်။ Like တွေ၊ Comment တွေတော့ တက်လာပါရဲ့။ ဒါပေမယ့် တကယ်တမ်း Sale Close ဖို့ ကြိုးစားတဲ့အခါ "ဈေးလေး သိချင်လို့ပါ" ဆိုပြီး ပျောက်သွားတဲ့သူတွေ၊ ကိုယ့်ရဲ့ Target Audience မဟုတ်တဲ့ သူတွေချည်းပဲ ဖြစ်နေတာကို ကြုံဖူးပါသလား?

လွန်ခဲ့တဲ့ (၃) နှစ်ကျော် Digital Marketing နယ်ပယ်ထဲ စတင်ဝင်ရောက်ခဲ့ကတည်းက စီးပွားရေးလုပ်ငန်းပေါင်းများစွာရဲ့ အဓိက အားနည်းချက်ကို ကျွန်တော် သတိထားမိခဲ့ပါတယ်။ အဲ့ဒါကတော့ "လှပတဲ့ Design တွေရှိရုံနဲ့၊ Boost Post နှိပ်လိုက်ရုံနဲ့ အလုပ်မဖြစ်တော့ဘူး" ဆိုတာပါပဲ။ အထူးသဖြင့် Premium ဆန်တဲ့ ဝန်ဆောင်မှုတွေ၊ အလှအပရေးရာနဲ့ ပညာရေးဝန်ဆောင်မှု လုပ်ငန်းတွေမှာဆိုရင် ကိုယ်လိုချင်တဲ့ Target Audience ဆီ တိတိကျကျရောက်ဖို့ Strategy သေချာဆွဲတတ်ဖို့ အရမ်းအရေးကြီးပါတယ်။

ကျွန်တော် ဒီ Page လေးကို စတင်တည်ထောင်ရတဲ့ ရည်ရွယ်ချက်က ရှင်းပါတယ်။ လုပ်ငန်းရှင်တွေရဲ့ အလဟဿဖြစ်နေတဲ့ Ads Budget တွေကို ကယ်တင်ပေးဖို့ပါ။
* Customer တွေရဲ့ စိတ်ဝင်စားမှုကို ဆွဲဆောင်နိုင်မယ့် အမြင်အာရုံဖမ်းစားနိုင်သော Video & Graphic Content တွေ ဖန်တီးပေးမယ်။
* တကယ်ဝယ်မယ့်သူတွေဆီကိုပဲ အတိအကျရောက်စေမယ့် Targeted Lead Generation & Facebook Ads Strategyတွေကို အသုံးပြုပေးမယ်။
* ရေရှည်မှာ ကြော်ငြာစရိတ် သက်သာစေမယ့် SEO (Search Engine Optimization) နည်းလမ်းတွေနဲ့ပါ ချိတ်ဆက်ပေးသွားမှာပါ။

"လှရုံသက်သက် ကြော်ငြာ" တွေကနေ "တကယ်ရောင်းရတဲ့ ရလဒ်" ဆီကို ပြောင်းလဲဖို့ အသင့်ဖြစ်နေပြီဆိုရင်တော့ အခုပဲ Page Messenger ကနေ အခမဲ့ ဆွေးနွေးတိုင်ပင်နိုင်ပါပြီ။

17/03/2026

လူငယ်တွေ AI သုံးတတ်ဖို့ တကယ်ပဲ လိုအပ်နေပြီလား?

"AI က ငါတို့အလုပ်တွေကို လုယူတော့မှာလား" ဆိုတဲ့ စိုးရိမ်မှုတွေထက် "AI ကို ငါတို့ဘယ်လို ခိုင်းစားမလဲ" ဆိုတာက အခုခေတ် လူငယ်တွေအတွက် ပိုအရေးကြီးတဲ့ အချိန်ကို ရောက်နေပါပြီ။ အခုဆိုရင် ကျွန်တော်တို့ဟာ AI ဟာ စမ်းသပ်ဆဲကာလကို ကျော်လွန်ပြီး နေ့စဉ်လုပ်ငန်းခွင်တွေမှာ မပါမဖြစ် အဓိကမောင်းနှင်အားဖြစ်နေတဲ့ "AI-First Era" (ဒါမှမဟုတ် စတုတ္ထစက်မှုတော်လှန်ရေးခေတ်) ကို အပြည့်အဝ ရောက်ရှိနေပါပြီ။
ဘာကြောင့် လူငယ်တွေ AI ကို မဖြစ်မနေ အသုံးပြုတတ်ဖို့ လိုအပ်တာလဲဆိုတာနဲ့ လက်တွေ့နယ်ပယ်တွေမှာ ဘယ်လိုအသုံးဝင်နေလဲဆိုတာကို ကြည့်လိုက်ရအောင်။

ဘာကြောင့် AI ကို တတ်ထားသင့်သလဲ?

* ပြိုင်ဆိုင်မှုမှာ နောက်မကျဖို့ (Competitive Edge): နာမည်ကြီး ဆိုရိုးစကားတစ်ခု ရှိပါတယ်။ "AI က သင့်ကို အလုပ်ထုတ်ပစ်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် AI သုံးတတ်တဲ့သူတွေကတော့ သင့်နေရာကို ယူသွားပါလိမ့်မယ်"။ လုပ်ငန်းရှင်တွေက အချိန်တိုအတွင်း အရည်အသွေးပိုကောင်းကောင်း ထုတ်ပေးနိုင်တဲ့သူကိုပဲ ရွေးချယ်လာကြပါပြီ။
* အချိန်ကုန်သက်သာပြီး ထွက်နှုန်းနှစ်ဆဖြစ်ဖို့ (Productivity): အရင်က အကြမ်းဖျဉ်း စိတ်ကူးထုတ်ဖို့ ဒါမှမဟုတ် သုတေသနလုပ်ဖို့ ၃ နာရီလောက် အချိန်ယူရတဲ့ အလုပ်တစ်ခုကို AI အကူအညီနဲ့ မိနစ် ၃၀ အတွင်း အချောသတ်နိုင်ပါတယ်။
* အရည်အသွေး ပိုကောင်းလာစေဖို့ (Quality Enhancement): ကိုယ်အားနည်းတဲ့ အပိုင်းတွေ (ဥပမာ - စာရေးသားမှု၊ အိုင်ဒီယာ စဉ်းစားမှု) ကို AI နဲ့ ဖြည့်ဆည်းပြီး ကိုယ်တိုင်က Strategic ကျကျ ဆုံးဖြတ်ချက်ချတဲ့နေရာမှာ ပိုပြီး အာရုံစိုက်လာနိုင်ပါတယ်။

ဘယ်နယ်ပယ်တွေမှာ ဘယ်လို အသုံးချနေကြပြီလဲ?

၁။ Digital Marketing နှင့် Content Creation နယ်ပယ် ဒီနယ်ပယ်မှာ AI ဟာ ညာလက်ရုံးပါပဲ။
* လူငယ်တွေအတွက် ဗီဒီယိုရိုက်ဖို့ Script တွေ အကြမ်းဖျဉ်း ရေးဆွဲတာ၊ လစဉ် Content Calendar တွေ ဖန်တီးတာ။
* Target Audience နဲ့ ကိုက်ညီမယ့် စာသား (Copywriting) တွေ ရေးသားတာ။
* SEO (Search Engine Optimization) ပိုကောင်းအောင် Keyword တွေ ရှာဖွေပေးတာနဲ့ Campaign တွေရဲ့ Lead Quality ကို ခွဲခြမ်းစိတ်ဖြာတဲ့ နေရာတွေမှာ တွင်တွင်ကျယ်ကျယ် သုံးနေကြပါပြီ။

၂။ Graphic Design နှင့် Video Production နယ်ပယ်
* Adobe Photoshop လို Design Software တွေမှာ Generative Fill လို AI Tool တွေနဲ့ ပုံတွေကို အလွယ်တကူ ပြင်ဆင်တာ၊ နောက်ခံ (Background) တွေ ဖယ်ရှားတာ။
* Video Editing ပြုလုပ်ရာမှာ အသံပိုင်းဆိုင်ရာ (Audio) ကို ကြည်လင်အောင် AI နဲ့ ရှင်းထုတ်တာ၊ Subtitle တွေကို အလိုအလျောက် ထည့်သွင်းတာ စတာတွေကို အချိန်တိုအတွင်း ပရော်ဖက်ရှင်နယ်ကျကျ လုပ်ဆောင်နိုင်နေပါပြီ။

၃။ ပညာရေးနှင့် သုတေသန နယ်ပယ် (Education & Research)
* နိုင်ငံတကာကျောင်းတွေ လျှောက်ထားဖို့အတွက် လိုအပ်တဲ့ စာစီစာကုံး (Essay) တွေ၊ Resume တွေကို ပိုမိုသေသပ်အောင် ပြင်ဆင်တာ။
* ဈေးကွက်သုတေသန (Market Research) ပြုလုပ်တဲ့အခါ ပြိုင်ဘက်တွေရဲ့ အချက်အလက် (Competitor Data) တွေကို အမြန်ဆုံး ရှာဖွေပြီး ခွဲခြမ်းစိတ်ဖြာတာတွေမှာ AI ကို ထိထိရောက်ရောက် အသုံးချနိုင်ပါတယ်။

၄။ စီးပွားရေးနှင့် Customer Service နယ်ပယ်
* နိုင်ငံတကာ Client တွေနဲ့ အလုပ်လုပ်တဲ့အခါ ဘာသာစကား အခက်အခဲမရှိအောင် အီးမေးလ်တွေကို ပရော်ဖက်ရှင်နယ်ကျကျ ပြန်ဆိုရေးသားတာ။
* Customer တွေရဲ့ မေးခွန်းတွေကို အချိန်မရွေး ဖြေကြားပေးနိုင်မယ့် AI Chatbot တွေ ဖန်တီးတာတွေ ပါဝင်ပါတယ်။

အနှစ်ချုပ်ရရင် လူငယ်တွေအနေနဲ့ AI ကို ကြောက်ရွံ့နေမယ့်အစား ကိုယ့်ရဲ့ Personal Assistant တစ်ယောက်လို သဘောထားပြီး ပိုင်ပိုင်နိုင်နိုင် ခိုင်းတတ်ဖို့ လိုပါတယ်။ နည်းပညာဆိုတာ အသုံးချတတ်ရင် လက်နက်၊ မသုံးချတတ်ရင်တော့ ကိုယ့်ကို နောက်ကောက်ကျစေမယ့် အရာပါပဲ။

Photos from Rango's post 16/03/2026

“Designer တွေအတွက် အလုပ်ပိုမြန်စေမဲ့ Photoshop Shortcuts keys “

- Window shortcuts and Mac Shortcuts

11/03/2026

Digital Marketing နယ်ပယ်မှာ ဘယ်လို အခြေချရမလဲ?

Digital Marketing နယ်ပယ်ကို စပြီးမဝင်ခင် ဘယ်အလုပ်တွေကဘယ်လို လစာတွေနဲ့ Demand များနေလဲဆိုတာကို ပထမဆုံး ရှင်းပြပေးချင်ပါတယ်။

ပထမဆုံးအနေနဲ့ Myanmar Digital Marketing နယ်ပယ်မှာ Junior Level Content Writer အနေနဲ့ Basic Salary (350,000 - 500,000 MMK), Junior Graphic Designer Basic Salary (400,000 - 600,000 MMK) နဲ့ Junior Video Editor (600,000 - 800,000 MMK) ရကြတာကိုတွေရပါတယ်။ အခုပြောပြထားတဲ့ position တွေရဲ့ လစာတွေက ပျမ်းမျှ rate တွေဖြစ်တာကြောင့် အလုပ်ခေါ်တဲ့ Company မတူနိုင်တာကြောင့် လစာကွာဟတာမျိုးလဲ ရှ်ိပါတယ်။

ကဲ... ဒါဆို Digital Marketing လောကထဲကို ဘယ်ကနေ စပြီး ဝင်ကြမလဲ ဆိုတဲ့ အချက် (၄) ချက်နဲ့ ပြောပြပေးပါမယ်။

Number 1- အခြေခံ Category တွေကို နားလည်အောင်လုပ်ပါ။

DM ထဲမှာ Social Media Marketing (ဥပမာ - Facebook, TikTok တွေမှာ ကြော်ငြာတာ)၊ Content Marketing (စာတွေ၊ ဗီဒီယိုတွေ ဖန်တီးတာ)၊ SEO (Google မှာ ရှာရင် ထိပ်ဆုံးက ပေါ်အောင်လုပ်တာ) စသဖြင့် အများကြီး ရှိပါတယ်။ အစပိုင်းမှာ အကုန်လုံးကို လိုက်မလုပ်ပါနဲ့။ ကိုယ်က စာရေးတာ ဝါသနာပါရင် Content Marketing ကို အရင်စပါ။ အကုန်လုံးကို အကြမ်းဖျင်း သိထားပြီး ကိုယ် အားသန်မယ့် တစ်ခုကို ရွေးချယ်ပါ။

Number 2 - အခမဲ့ သင်တန်းတွေကနေ စတင်လေ့လာပါ။

ပိုက်ဆံ အများကြီးပေးစရာ မလိုသေးပါဘူး။ Google ကနေ အခမဲ့ ပေးထားတဲ့ 'Google Digital Garage' တို့၊ 'HubSpot Academy' တို့မှာ အခြေခံသင်တန်းတွေကို အလကား တက်လို့ရပါတယ်။ သင်တန်းပြီးရင် Certificate လည်း ရပါသေးတယ်။

Number 3 - လက်တွေ့ လုပ်ကြည့်ပါ။ (အရမ်းအရေးကြီးပါတယ်)

စာတွေ၊ ဗီဒီယိုတွေချည်းပဲ ထိုင်ကြည့်နေလို့ မရပါဘူး။ ကိုယ်ပိုင် page ဒါမှမဟုတ် TikTok Account တစ်ခု ဖွင့်လိုက်ပါ။ ပြီးရင် ကိုယ် ဝါသနာပါတဲ့ အကြောင်းအရာလေးတွေကို Content ရေးကြည့်တာ၊ ဗီဒီယိုလေးတွေ တင်ကြည့်တာမျိုး လက်တွေ့ လုပ်ကြည့်မှ ပိုပြီး မြန်မြန် တတ်လာမှာပါ။

Number 4- Digital Marketing trend ကို အမြဲစောင့်ကြည့်ပါ။

(Stay Updated)" "Digital လောကက နေ့တိုင်း ပြောင်းလဲနေတာပါ။ ဒီနေ့ အလုပ်ဖြစ်တဲ့ နည်းလမ်းက မနက်ဖြန် အလုပ်မဖြစ်တာမျိုး ရှိနိုင်ပါတယ်။ ဒါကြောင့် Digital Marketing နဲ့ ပတ်သက်တဲ့ News တွေ၊ Article တွေကို အမြဲ ဖတ်ဖို့ တိုက်တွန်းချင်ပါတယ်။

နောက်ရက်တွေမှာ Free လေ့လာလို့ရမဲ့ Course တွေကို တင်ပေးသွားမှာဖြစ်လို့ page ကို Like & Follow လုပ်သွားပေးကြပါအုံးဗျ။

05/03/2026

Graphic Design နဲ့ Video Editing က Digital Marketing ရဲ့ "အသက်" လို့တောင် ပြောလို့ရပါတယ်။ Marketing campaign တစ်ခု အောင်မြင်ဖို့ဆိုတာ ဆွဲဆောင်မှုရှိတဲ့ Visual တွေမပါဘဲ မဖြစ်နိုင်လို့ပါ။
Freelance လောကမှာ ဒီနှစ်ခုက (Demand) အမြင့်ဆုံး အလုပ်တွေဖြစ်ပါတယ်။ အသေးစိတ် ကြည့်ရအောင်ဗျာ။

Graphic Design

Graphic Design ဆိုတာ ပုံဆွဲတာထက် ပိုပါတယ်။ Marketing ရည်ရွယ်ချက်အလိုက် အောက်ပါ အလုပ်တွေကို လက်ခံနိုင်ပါတယ် -
* Social Media Graphics: Facebook, Instagram, TikTok အတွက် ပုံစံဆန်းတဲ့ Post တွေ၊ Cover တွေ၊ Carousel (Slide ပုံ) တွေ ဒီဇိုင်းဆွဲပေးတာ။
* Branding & Logo Design: လုပ်ငန်းသစ်တွေအတွက် Logo ဆွဲပေးတာ၊ Brand Color နဲ့ Font (Brand Identity) သတ်မှတ်ပေးတာ။
* Ad Creatives: Facebook Ads သို့မဟုတ် Google Display Ads တွေမှာ အသုံးပြုမယ့်၊ လူတွေကို "Click" နှိပ်ချင်လာအောင် ဆွဲဆောင်နိုင်တဲ့ ကြော်ငြာဒီဇိုင်းတွေ။
* E-commerce Design: Shopee, Shop.com.mm တို့မှာ တင်မယ့် Product ပုံတွေကို ကြည့်ကောင်းအောင် ပြုပြင်တာ (Photo Retouching) နဲ့ အချက်အလက် ထည့်သွင်းတာ။

Video Editor

အခုခေတ်မှာ Video Content က အားအကောင်းဆုံးမို့ Video Editor တွေဟာ Freelance နယ်ပယ်မှာ ဈေးအမြင့်ဆုံး ရတတ်ပါတယ်။
* Short-form Video Editing: TikTok, Reels, YouTube Shorts တွေအတွက် ၁ မိနစ်စာ Video တိုလေးတွေကို စာတန်း (Captions) တွေ၊ Effect တွေနဲ့ စိတ်လှုပ်ရှားဖို့ကောင်းအောင် ဖြတ်ညှပ်ကပ်လုပ်ပေးတာ။ (ဒါက အခု အလုပ်အများဆုံးအပိုင်းပါ)။
* Commercial/Promotional Ads: ကုန်ပစ္စည်း ဒါမှမဟုတ် ဝန်ဆောင်မှုတစ်ခုအကြောင်း ကြော်ငြာ Video အရှည်တွေ ဖန်တီးပေးတာ။
* YouTube Video Editing: YouTuber တွေအတွက် Vlog တွေ၊ Education video တွေကို Professional ကျကျ တည်းဖြတ်ပေးတာ။
* Explainer Videos / Motion Graphics: စာသားလေးတွေ၊ ရုပ်ပုံလေးတွေ လှုပ်ရှားပြီး ရှင်းပြတဲ့ Video မျိုးတွေ (ဒါက Skill မြင့်ရင် ဈေးအများကြီး ပိုရပါတယ်)။

Position နှစ်ခုလုံးအတွက် "Tool တတ်ရုံနဲ့တင် မပြီးပါဘူး၊ Marketing Sense ရှိဖို့လည်း လိုပါတယ်။" ဥပမာ- ပုံတစ်ပုံကို လှအောင်ပဲ ဆွဲတတ်တာထက်၊ ဒီပုံက လူကြည့်များအောင် ဘယ်လို ဆွဲဆောင်ရမလဲဆိုတာ သိတဲ့ Designer ကို လုပ်ငန်းရှင်တွေက ပိုသဘောကျကြပါတယ်။

02/03/2026

What Is Digital Marketing?

You Tube Link
UCHRYfJqSEX4060OD2VzDLkA

ต้องการให้ธุรกิจของคุณ ธุรกิจ ขึ้นเป็นอันดับหนึ่ง บริษัท สื่อ ใน Bangkok?
คลิกที่นี่เพื่อเป็นสมาชิก?

เว็บไซต์

ที่อยู่


Ramkhamhaeng 50 Bang Kapi
Bangkok
10240