For You
for feelings descibe travel and food
အမေးများ နေတဲ့ Siam Park ရဲ့ ၀င်ကြေး promotion အကြောင်း
24/09/2026
ဟွာလမ်ဖုန်း မီးရထားဂိတ်ကြီးရဲ့ ဘေးမှာတင် လမ်းလျှောက်စျေးပွဲတော်📍
ညနေခင်း အေးအေးဆေးဆေး လမ်းလျှောက်ရင်း စျေးဝယ် အစားအသောက်စားချင်သူများအတွက်
အစားအသောက်ပေါင်းစုံ၊ သရေစာ စားစရာတွေနဲ့ နေ့စဉ်သုံး ပစ္စည်းတွေကို ဈေးနှုန်း အရမ်းချိုချိုနဲ့ ရောင်းချပေးနေတဲ့ ဈေးပွဲတော်ကြီး ရှိနေပြီနော်!
📅September 22 - October 1, 2069
🕐From 1:00 PM to 10:00 PM
📍Hua Lamphong Station, along Khlong Phadung Krung Kasem, Pathum Wan
23/09/2026
ဘန်ကောက်မှာ ဘတ် ၃၀၀ တည်းနဲ့ Siam Amazing Park မှာ ၁ ရက်တာ အချိန်အကန့်အသတ်မရှိ စိတ်ကြိုက်ဆော့လို့ရပြီနော်! အရမ်းတန်လွန်းလို့ မသွားရင် နစ်နာမယ်။ 🎡💦
✨ Promotion ကာလ: ယနေ့မှ ၂၀၂၆၊ အောက်တိုဘာလ ၃၁ရက်နေ့အထိ
🎉 ယခုလ မွေးနေ့ရှင်များအတွက် အထူးခံစားခွင့်:
ပန်းရောင်ကတ် (Pink Card) ပြရုံနဲ့ ဝင်ကြေး FREE ရရှိမှာပါ!
🎟️ လက်မှတ်စျေးနှုန်းများ:
• ၁ ယောက်တည်း - 400 THB
• ၂ ယောက်သွားရင် - 600 THB (၁ ယောက်ကို ဘတ် ၃၀၀ နှုန်း)
• ၅ ယောက်အဖွဲ့လိုက် - 1,350 THB (ပိုတောင် တန်သေးတယ်!)
🥤 လက်မှတ်ဝယ်ယူနည်း:
• Counter မှာ တိုက်ရိုက်ဝယ်ရင်: Coke, Fanta (သို့) Sprite တံဆိပ်ခွံ ၁ ယောက်ကို ၃ ခုစီ ယူသွားပေးရပါမယ်။
• Online ကနေ ဝယ်ရင်: ဘာတံဆိပ်ခွံမှ ယူသွားစရာမလိုဘဲ အလွယ်တကူ ဝယ်ယူနိုင်ပါတယ်။
💡 အရေးကြီးအချက်:
ဒီ Promotion က ထိုင်းနိုင်ငံသားတွေတင် မဟုတ်ဘဲ ထိုင်းမှာရှိနေတဲ့ နိုင်ငံခြားသားအားလုံး အတွက်ပါ ရရှိနိုင်ပါတယ်။
မိသားစုနဲ့ပဲသွားသွား၊ သူငယ်ချင်းတွေနဲ့ပဲသွားသွား ကလေးတွေအတွက် ပျော်စရာ၊ Water Park နဲ့ လူကြီးတွေအတွက် ရင်ခုန်စရာ
Adventure ကစားနည်းတွေကို တစ်နေရာတည်းမှာ အပြည့်အဝ ခံစားနိုင်မှာပါ။ ဒါ့အပြင် BLACKPINK က JISOO ရဲ့ Solo MV ရိုက်ကွင်း နေရာလည်း ဖြစ်တာမို့ Photoshoot ရိုက်ဖို့အတွက်ပါ ကောင်းလွန်းလို့ မပျက်မကွက် သွားရောက်လည်ပတ်ဖို့ ညွှန်းပေးပါရစေနော်! 📸
ကျားခေါင်းထဲကနေ အရှိန်နဲ့ ထိုးဆင်းမယ့် Log Flume 🎢 အကြိက်ဆုံးပဲ 10/10
ဘတ် ၁,၀၀၀ တန် လက်မှတ်ကို ၂၇၀ ဘတ်တည်းနဲ့ ရေပန်းဥယျာဉ်ရော ကစားကွင်းပါ ၁ ရက်တာ အကန့်အသတ်မရှိ ဆော့ကစားနိုင်မှာပါပြီး
JISOO ရဲ့ "CLICK" MV ရိုက်ကွင်းနေရာတွေမှာ Stamp စုပြီး JISOO Postcard Limited-Edition ရယူဖို့လည်း မမေ့နဲ့နော်! 💖
📌 မှတ်ချက်:
ထိုင်းနိုင်ငံတွင် နေထိုင်သူများအတွက်သာ (Thai Residents Only)
အနည်းဆုံး ၂ ရက် ကြိုတင်မှာယူရန် လိုအပ်ပါသည်။
အရပ် ၁၃၁ စင်တီမီတာနှင့်အထက် လူကြီးလက်မှတ်များအတွက် ဖြစ်ပါသည်။
ဟိုမှာလည်းဝယ်လို့ရပါတယ်။
🛒 အထူးဈေးဖြင့် ဝယ်ယူရန်: ticket.siamamazingpark.com
🗓️ ယနေ့မှ ၂၀၂၆ အောက်တိုဘာ ၃၁ ထိ။
September လက မွေ့နေ့ရှင်များ ဝင်ကြေးfree ပါ။
ဘန်ကောက်နဲ့အနီးဆုံးကမ်းခြေ နဲ့ သွားတာ အ လွယ်ကူဆုံးကမ်း ခြေသို့
ဘန်ကောက်ရဲ့ အမှတ်တရနေရာလေးတခု(၁)
အမြဲဖြတ်ပြီး အဝေးက ဖြတ်သန်းသွားရထားနဲ့ ကားမီး လေး တွေကြည့်ပြီး ခေတ္တ ရပ်တန့်မိတဲ့ နေရာ လေး
ဟိုဟာကြောက်ပြီး တံတားအ ပေါ်မှာပဲ ဘတ်ကား စောင့်ခဲ့တဲ့နေရာ လေး
17/09/2026
BANGKOK ကနေ လွယ်ကူစွာဖြင့် သွားနိုင်တဲ့ ကမ်းခြေက Bangsaen ကမ်းခြေပဲဖြစ်ပါတယ်။
BANGKOK ကနေ တစ်နာရီခွဲသာ ကားစီးရပြီး လွယ်ကူစွာ နဲ့ အချိန်ကုန်တာလည်း သက်သာစေသော နေရာလည်းဖြစ်တယ်။
ညနေပိုင်းဆို ဈေးရော လူများ တအားစည်းကာနေပါတယ်။
ရထားနဲ့ဆို Hua lampong ကနေ စီးသွားပြီး chonburi ရထားဂိတ်ဆင်းပြီး အဲကနေ ဆောင်ထယ်နဲ့ ဆက်သွားရင် ကမ်းခြေ ရောက်နိုင်ပါတယ်။
Mini bus နဲ့ဆို ekamai ကားဂိတ်ကနေ ကမ်းခြေသို့ တိုက်ရိုက်ရောက်နိုင်ပါတယ်။
One-day trip သမားအတွက် အဆင်ပြေသော နေရာလေးပါ။
16/09/2026
မကြာခင် ကျင်းပမယ့် ဘန်ကောက်ပန်းပွဲတော်2026အတွက် ဘယ်နေရာ ၊ဘာရှိလဲဆိုတော့
လှပသော ပန်းပြင်ဆင်မျိုးမျိုးရယ်၊ workshop ,Drom showတွေရှိမှာဖြစ်ပါတယ်။
Sep 18 ကနေ 27 ရက်အထိ ညနေ 3နာရီကနေ ည 10နာရီအထိကျင်းပ မှာဖြစ်ပါတယ်။
နေဂာက pakkhlong Talat ဘေးကyodpiman riverwalk နေရာပဲဖြစ်ပါတယ်။
၀င်ကြေးက 150ဖြစ်ပါတယ်။
BANGKOK ကနေ သိပ်မ ဝေးတဲ့ ကိုးရီးယားကမ်းစပ်လို အရမ်းလှတဲ့ ကမ်းခြေတခုဖြစ်တဲ့
Khao Sam Muk view Point
14/09/2026
ဒီတခါ ကိုယ်နေတဲ့ နယ်မြို့လေး ရဲ့ ဘယ်လောက်ထိ လှလဲဆိုတာ ပဲ
ဇာသပြင် -မော်လမြိုင်လမ်းမကြီးဆိုင် တလမ်းလုံး လှပသော ရှူခင်းတွေ နဲ့ သာယာစွာ အရမ်းလှပါတယ်။
နွေရာသီ ဒါမဟုတ် ရိတ်သိမ်းရာသီဆို လမ်းတလျောက်လုံး နယ်ထွက်သစ်သီး ဆိုင်တွေနဲ့ ဈေးပေါစွာနဲ့ စည်းကားနေပါတယ်။
ရောက်ဖူးလား သူငယ်ချင်းတို့ရယ်။
အရမ်းလှတဲ့ တို့နယ်ရဲ့ လမ်းလေးပါ။
#တို့နယ် #ကိုယ်နေတဲ့မြို့လေ #နယ်မြို့လေးလွမ်းတယ်ဆို
คลิกที่นี่เพื่อรับประกาศแบบสปอนเซอร์ของคุณ
หมวดหมู่
ติดต่อ ธุรกิจของเรา
เบอร์โทรศัพท์
เว็บไซต์
ที่อยู่
486/157 Phetchaburi Road, Thanon Phetchaburi
Bangkok
486/157PHETCHABURIRD,THANONPHETCHABURI,RATCHATHEWI,BANGKOK10400
แจ้งเตือน
เป็นคนแรกที่รู้ข่าว: เราจะส่งอีเมลแจ้งเมื่อ For You โพสต์ข่าวสารและโปรโมชั่น อีเมลของคุณจะไม่ถูกนำไปใช้เพื่อวัตถุประสงค์อื่น และคุณสามารถยกเลิกการรับข่าวสารได้ทุกเมื่อ