Unity Crown Trading

Unity Crown Trading

แชร์

Nothing will be done if do nothing

16/08/2026

မြန်လက်တာအချိန်တွေကလည်း🙂

Photos from Unity Crown Trading's post 11/07/2026

ယခင်ထုတ်ပြန်ခဲ့သည် သွင်း/ထုတ်ကုန်ပစ္စည်းများအား
ခွင့်ပြုချက်၊ သတ်မှတ်ချက်တို့နဲ့ ဆန့်ကျင်ကွဲလွဲခြင်းများ
အပေါ် အရေးယူဆောင်ရွက်ခြင်းဆိုင်ရာလုပ်ထုံးလုပ်နည်း
များကို ဤအမိန့်ကြော်ငြာစာအမှတ် ၁၁၅/၂၀၂၆ ပါလုပ်
ထုံးလုပ်နည်းများဖြင့် လွှမ်းမိုးပါယ်ဖျက်လိုက်ပါပြီ။

09/07/2026

✔✔✔✔✔ UMFCCI အသင်းဝင်ခြင်းအကျိုးကျေးဇူးများ🥰
ကိုယ့်ကုမ္ပဏီက နိုင်ငံခြားနဲ့ Export/Import လုပ်မယ်ဆိုရင် လိုင်စင်လုပ်တဲ့အခါ လွယ်ကူချောမောစေဖို့ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) အသင်းဝင်ထားဖို့တော့ လိုမယ်နော် .....
UMFCCI member ဝင်ထားရင် ဘာတွေအကျိုးထူးမှာလဲ ...
1. Country of Origin လက်မှတ် ထုတ်ယူနိုင်ခြင်း။
2. Export/Import လိုင်စင် လျှောက်ထားရာတွင် အဆင်ပြေချောမွေ့ခြင်း။
3. နယ်စပ်ကုန်သွယ်ရေးလုပ်ငန်း အဆင်ပြေချောမွေ့စွာလုပ်ကိုင်နိုင်ခြင်း။
4. အသင်းချုပ်မှ ဖိတ်ကြားထားသော အစည်းအဝေးများ၊ ဆွေးနွေးပွဲများ၊ ဟောပြောပွဲများ၊ အခမ်းအနားများသို့ တက်ရောက်ခွင့်ဆွေးနွေးခွင့်နှင့် အကြံပေးခွင့်ရှိခြင်း။
5. အသင်းချုပ်က စီစဉ်သော ပြည်တွင်းပြည်ပ သင်တန်းများ၊ အလုပ်ရုံဆွေးနွေးပွဲများ၊ လေ့လာရေးခရီးများ၊ ကုန်စည်ပြပွဲများ စသည်တို့တွင် ပါဝင်တက်ရောက်ဆည်းပူးလေ့လာခွင့် ရှိခြင်း။
6. အသင်းချုပ်က စီစဉ်ပြုစုဖြန့်ဝေသော သတင်းအချက်အလက်များ စာရွက်စာတမ်းများကို လက်ခံရယူနိုင်ခွင့် နှင့် ဝန်ဆောင်မှုများကို ခံစားခွင့် ရှိခြင်း။
7. တွဲဖက်အသင်းသားနှင့် ဂုဏ်ထူးဆောင် အသင်းသားများမှအပ ကျန်အသင်းသားများသည်အသင်းချုပ်၏ အသင်းသားစုံညီ အစည်းဝေးနှင့် အခြားသက်ဆိုင်ရာ အစည်းအဝေးများတွင် ဖိတ်ကြားချက်အရ ဆွေးနွေးခွင့်၊ မေးမြန့်ခွင့်၊ အဆိုပြုခွင့်၊ ကန့်ကွက်ခွင့်နှင့် မဲဆန္ဒပေးခွင့်ရှိခြင်း။
8. အသင်းချုပ်၏ တိုးတက်ကြီးပွားအောင်မြင်ရေးကို ရှေးရှု၍ ကောင်းမြတ်သော အကြံဉာဏ်များ၊ စာတမ်းများ စသည်တို့ကို တင်ပြခွင့်ရှိခြင်း။
9. အသင်းချုပ်၏ သတ်မှတ်ပြဌာန်းချက်များနှင့်အညီ အမှုဆောင်အဖြစ် ရွေးချယ်ခံနိုင်ခွင့် ရှိခြင်းနှင့် လုပ်ငန်းကော်မတီများတွင် ပါဝင်နိုင်ခွင့်ရှိခြင်း။
10. အသင်းသားတစ်ဦးသည် သာမန်အားဖြင့် မဲဆန္ဒပေးပွဲတစ်ကြိမ်လျှင် ဆန္ဒမဲ တစ်မဲပေးခွင့် စသော အကျိုးကျေးဇူးများကို ရရှိနိုင်မှာဖြစ်ပါတယ်။
(Ref : UMFCCI)
member ဝင်ဖို့ ဘာတွေလိုလဲ ...
ကုမ္ပဏီမှတ်ပုံတင် မူရင်း
ကုမ္ပဏီဒါရိုက်တာစာရင်း
ကိုယ်စားလှယ်လွှဲအပ်ခြင်း ဒါရိုက်တာအဖွဲ့အစည်းအဝေးမှတ်တမ်း
နှစ်စဉ်ကြေးပေးဆောင်ပြီးသော သက်တမ်းရှိအသင်းသား(၂)ဦးရဲ့ ထောက်ခံချက်




Contact for more details

08/07/2026

8 parts for Exporter and Importer Knowledgement

1 - Inquiry and Quotation
Buyer ထံမှ စုံစမ်းခြင်းဖြစ်တဲ့ ပြည်ပဝယ်သူ Importer က ကုန်ပစ္စည်းအမျိုးအစား၊ အရည်အသွေး၊ ပမာဏနဲ့ ပို့ဆောင်ပေးရမယ့် ပုံစံတို့ကို Inquiry ပေးပို့ မေးမြန်းပါတယ် ပို့ကုန်လုပ်ငန်းရှင် Exporterက ပစ္စည်းရရှိနိုင်မှုအပေါ် မူတည်ပြီး ဈေးနှုန်း၊ ငွေပေးချေမှုစနစ်နဲ့ အသုံးပြုမယ့် Incoterms ဥပမာ FOB, CIFတို့ကို ဖော်ပြထားတဲ့ Quotation (သို့မဟုတ်) Proforma Invoice ကို ပြန်လည်ပေးပို့ပါတယ် ပြီး​​တော့
​2 - Sales Contract
နှစ်ဦးနှစ်ဖက် သတ်မှတ်ချက်တွေကို သဘောတူညီမှုရရှိပြီဆိုရင် Buyer ဘက်က Purchase Order (PO) ပို့ပေးရပြီး Exporter နဲ့အတူ တရားဝင် Sales Contract အရောင်းအဝယ်စာချုပ် ချုပ်ဆိုကြပါတယ်ဒီစာချုပ်ထဲမှာ ကုန်ပစ္စည်းအသေးစိတ်၊ သယ်ယူပို့ဆောင်မယ့်အချိန်၊payment method ၊ အာမခံချက်နဲ့ အငြင်းပွားမှုဖြစ်လာရင် ဖြေရှင်းမယ့် နည်းလမ်းတွေကို တိတိကျကျ ထည့်သွင်းရပါတယ် ​
​3 - Receiving Payment Instrument
နိုင်ငံတကာ ကုန်သွယ်မှုမှာ ရောင်းသူအတွက် စိတ်ချရမှုရှိအောင် Buyer ထံမှ ငွေပေးချေမယ့် နည်းလမ်း Payment Terms ကို အတည်ပြုရပါတယ်အကယ်၍ Letter of Credit L/C ငွေပေးချေမှုစနစ်ဖြင့် အရောင်းအဝယ်လုပ်ပါက Buyer ၏ ဘဏ်မှ ပေးပို့လာသော L/C မူရင်းကို Exporter ၏ ဘဏ်ကတစ်ဆင့် လက်ခံရရှိပြီး သတ်မှတ်ချက်များ မှန်ကန်မှု ရှိ/မရှိ သေချာစွာ စစ်ဆေးရပါတယ် T/T စနစ်ဆိုလျှင် သဘောတူထားသည့် Advance ဝင်/မဝင် စစ်ဆေးရပါမယ်။
​4 - Production, Packaging and Labeling
စာချုပ်ပါ သတ်မှတ်ချက် Specificationsများနှင့် အညီ ကုန်ပစ္စည်းများကို ထုတ်လုပ်ခြင်း သို့မဟုတ် စုဆောင်းခြင်း ပြုလုပ်ပါတယ် ထို့နောက် လမ်းခရီးတွင် ပျက်စီးမှုမရှိစေရန်နှင့် သက်ဆိုင်ရာနိုင်ငံ၏ သွင်းကုန်ဥပဒေများနှင့် ကိုက်ညီစေရန် စနစ်တကျ ထုပ်ပိုးခြင်း Packaging နှင့် ကုန်အညွှန်းအမှတ်အသား ကပ်ခြင်း Labeling/Shipping Marks များ ပြုလုပ်ရပါတယ်။ဒါပြီးရင်
​5 - Quality Inspection and Certification
ကုန်ပစ္စည်းတွေဟာ သတ်မှတ် စံချိန်စံညွှန်း ပြည့်မီကြောင်း သေချာစေရန် တတိယအဖွဲ့အစည်း Third-Party Inspection Agency များဖြင့် စစ်ဆေးပြီး Certificate ကုန်ပစ္စည်း အရည်အသွေး ထောက်ခံချက် ရယူရပါတယ်။စိုက်ပျိုးရေး ထွက်ကုန်များ ဖြစ်ပါက ပိုးမွှားကင်းစင်ကြောင်း ပြသသည့် Phytosanitary Certificate ကဲ့သို့သော သက်ဆိုင်ရာ ဌာနဆိုင်ရာ ထောက်ခံချက်များ ရယူရမည့် အဆင့် ဖြစ်ပါတယ်။
​6 - Customs Clearance
ကုန်ပစ္စည်းကို ဆိပ်ကမ်း သို့မဟုတ် လေဆိပ်သို့ မပို့ဆောင်မီ ပြည်တွင်းရှိ အကောက်ခွန်ဌာန Customs တွင် Export Declaration EDတင်သွင်းပြီး ပို့ကုန်ရှင်းလင်းရေး ပြုလုပ်ရပါတယ်ဤအဆင့်တွင် Commercial Invoice, Packing List, Export License ပို့ကုန်လိုင်စင် နှင့် လိုအပ်သော ထောက်ခံချက် စာရွက်စာတမ်းများကို တင်ပြပြီး အကောက်ခွန် စစ်ဆေးမှုကို ခံယူရပါတယ်။
​7 - Booking Shipping and Loading
ကုန်စည်ပို့ဆောင်ရေး အကျိုးဆောင် Freight Forwarder သို့မဟုတ် သင်္ဘောလိုင်း/လေကြောင်းလိုင်းများနှင့် ချိတ်ဆက်ပြီး ကွန်တိန်နာ နေရာရယူခြင်း (Booking) ပြုလုပ်ပါတယ် ကုန်ပစ္စည်းများကို ကွန်တိန်နာအတွင်း စနစ်တကျ သိပ်သည်းစွာ တင်ဆောင်ပြီး Container Loadingသင်္ဘောပေါ် သို့မဟုတ် လေယာဉ်ပေါ်သို့ တင်ဆောင် Shipment စေပါတယ်။ ကုန်ပစ္စည်း တင်ဆောင်ပြီးပါက သယ်ယူပို့ဆောင်ရေး ကုမ္ပဏီထံမှ ကုန်ပစ္စည်း လက်ခံရရှိကြောင်း အထောက်အထားဖြစ်သည့် Bill of Lading (B/L) သို့မဟုတ် Airway Bill (AWB) ကို ရယူရပါတယ်။
​8 - Document Negotiation and Settlement
ကုန်ပစ္စည်း သင်္ဘောတင်ပြီးနောက် Exporter က စာချုပ် သို့မဟုတ် L/C တွင် တောင်းဆိုထားသော စာရွက်စာတမ်း အပြည့်အစုံ (B/L, Invoice, Packing List, COA, Certificate of Origin စသည်) ကို စုစည်းပြီး မိမိ၏ဘဏ် (Negotiating Bank) သို့ တင်သွင်းပါတယ် Exporter ၏ ဘဏ်ကတစ်ဆင့် Buyer ၏ ဘဏ်ထံ စာရွက်စာတမ်းများ ပေးပို့ကာ ငွေတောင်းခံပြီး၊ Buyer ဘဏ်မှ စာရွက်စာတမ်းများ မှန်ကန်ကြောင်း အတည်ပြုပြီးနောက် Exporter ၏ အကောင့်ထဲသို့ ငွေလွှဲပြောင်း ပေးချေခြင်းဖြင့် Export Cycle တစ်ခု ပြီးဆုံးပါတယ်။
ဒါဆိုရင် Export Cycle ပြီးသွားပါပြီ ဆက်ပြီး​တော့ Import Cycle ကို​ပြောပြ​ပေးပါ့မယ်
Import Cycle ဆိုတာ ပြည်ပနိုင်ငံတစ်ခုက ကုန်ပစ္စည်းတွေကို မိမိနိုင်ငံတွင်းသို့ တရားဝင် တင်သွင်းရာမှာ ကနဦး လိုအပ်ချက်ကို ရှာဖွေစိစစ်တဲ့ အဆင့်ကနေစပြီး နိုင်ငံတကာ အရောင်းအဝယ် ပြုလုပ်ခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ အကောက်ခွန် ရှင်းလင်းခြင်းနှင့် ကုန်ပစ္စည်းကို မိမိရဲ့ သိုလှောင်ရုံ Warehouse ထဲအထိ အောင်မြင်စွာ သယ်ဆောင်ခြင်း စတဲ့ အဆင့်ဆင့်သော လုပ်ငန်းစဉ်ကို ခေါ်တာ ဖြစ်ပါတယ်။သွင်းကုန်လုပ်ငန်းဟာ ကုန်ကျစရိတ် ကြီးမားနိုင်ပြီး နိုင်ငံတော်ဥပဒေ၊ အကောက်ခွန် စည်းကြပ်မှုတွေနဲ့ တိုက်ရိုက်ပတ်သက်နေတာကြောင့် Export Cycle ထက်စာရင် Document ပိုင်းနဲ့ လိုင်စင်ပိုင်းတွေမှာ ပိုမိုစနစ်တကျ ရှိဖို့ လိုအပ်ပါတယ် ဘယ်လိုအဆင့်​တွေရှိလဲဆို​တော့
1 -Sourcing and Inquiry
မိမိတင်သွင်းလိုတဲ့ ကုန်ပစ္စည်းကို အရည်အသွေး စိတ်ချရပြီး ဈေးနှုန်းသင့်လျော်စွာ ပေးနိုင်မယ့် ပြည်ပပို့ကုန်လုပ်ငန်းရှင် Supplier/Exporterကို ရှာဖွေပါတယ် ရောင်းသူထံသို့ ကုန်ပစ္စည်းအသေးစိတ်၊ စျေးနှုန်း၊ Minimum Order Quantity MOQ -အနည်းဆုံးမှာယူရမည့် ပမာဏ တို့ကို မေးမြန်းသည့် Inquiry ပေးပို့ပါတယ်။
​
2 - Negotiation and Proforma Invoice
ဈေးနှုန်းသာမက ကုန်ပစ္စည်းပေးပို့မည့်အချိန် (Lead Time)၊ အသုံးပြုမည့် Incoterms ဥပမာ - FOB, CIF နှင့် ငွေပေးချေမှုစနစ် Payment Terms များကို ညှိနှိုင်းကြပါတယ် ညှိနှိုင်းမှု အဆင်ပြေပါက Exporter ထံမှ အရောင်းအဝယ်ဆိုင်ရာ အချက်အလက်အားလုံး ပါဝင်သည့် Proforma Invoice ကို တောင်းခံရယူပါတယ်ဤ P/I သည် နောက်အဆင့်များအတွက် အခြေခံအကျဆုံး စာရွက်စာတမ်း ဖြစ်ပါတယ်။
​3 - Import License and Permits
မိမိ တင်သွင်းမည့် ကုန်ပစ္စည်းသည် မိမိနိုင်ငံ၏ ဥပဒေအရ လိုင်စင်လျှောက်ထားရန် လို/မလို Import License Required ကို ကုန်သွယ်ရေးဦးစီးဌာနတွင် စစ်ဆေးရပါတယ် အစားအသောက်နှင့် ဆေးဝါးဖြစ်ပါက FDA ထောက်ခံချက်၊ လျှပ်စစ်ပစ္စည်းဖြစ်ပါက သက်ဆိုင်ရာ စံချိန်စံညွှန်းထောက်ခံချက် စသည်တို့ကို ကြိုတင်လျှောက်ထားပြီးမှ Import License ကို ကုန်သွယ်ရေးဌာန၏ စနစ် Myanmar Tradenet 2.0 မှတစ်ဆင့် လျှောက်ထားရယူရပါတယ်။
​4 - Opening Letter of Credit / Payment
သဘောတူထားသည့် Payment Terms အတိုင်း ငွေပေးချေမှုကို စတင်ပါတယ်။ အများဆုံးသုံးလေ့ရှိသည့် Letter of Credit (L/C) စနစ်ဆိုပါက Importer သည် မိမိ၏ အခြေစိုက်ဘဏ် Issuing Bank သို့သွားရောက်၍ P/I နှင့် သွင်းကုန်လိုင်စင် တင်ပြကာ Exporter ၏ ဘဏ်ထံသို့ L/C ဖွင့်လှစ်ပေးရန် လျှောက်ထားရပါတယ်အကယ်၍ T/T စနစ်ဆိုပါက သဘောတူထားသည့် Advance % အတိုင်း ဘဏ်မှတစ်ဆင့် ကြိုတင်ငွေ လွှဲပြောင်းပေးရပါတယ်။
​5 - Shipment Tracking and Insurance
Exporter ဘက်မှ ကုန်ပစ္စည်းများကို ထုတ်လုပ်ထုပ်ပိုးပြီး သင်္ဘောလိုင်း/လေကြောင်းလိုင်းပေါ် တင်ဆောင် Shipment တဲ့အခါ Importer ထံသို့ Shipping Advice သင်္ဘောတင်ပြီးကြောင်း အကြောင်းကြားစာ ပေးပို့လာပါလိမ့်မယ် အကယ်၍ Incoterms အရ မိမိဘက်က အာမခံထားရမည့်စနစ် FOB သို့မဟုတ် CFR ဖြစ်ပါက လမ်းခရီးတွင် ပျက်စီးဆုံးရှုံးမှုအတွက် ကုန်ပစ္စည်းသင်္ဘောမထွက်မီ အာမခံ Insurance ကြိုတင်ထားရှိရပါမယ်။
​6 - Document Retirement
Exporter သည် ကုန်ပစ္စည်း သင်္ဘောတင်ပြီးနောက် ရရှိလာသည့် Bill of Lading (B/L)၊ Commercial Invoice၊ Packing List နှင့် အခြားထောက်ခံချက် မူရင်းစာရွက်စာတမ်းများကို ၎င်း၏ဘဏ်မှတစ်ဆင့် Importer ၏ ဘဏ်ထံသို့ ပေးပို့ပါတယ်။Importer သည် မိမိဘဏ်သို့ သတ်မှတ်ထားသည့် ကုန်ဖိုးငွေ (သို့မဟုတ်) L/C ပါ သတ်မှတ်ချက်များကို ပေးချေပြီးနောက် ဆိပ်ကမ်းတွင် ကုန်ထုတ်ယူရန် မရှိမဖြစ်လိုအပ်သော စာရွက်စာတမ်း မူရင်းတစ်စုံ Original Shipping Documentsကို မိမိဘဏ်ထံမှ လွှဲပြောင်းထုတ်ယူရပါတယ်။
​7 - Import Customs Clearance
ကုန်ပစ္စည်းများ မိမိနိုင်ငံ ဆိပ်ကမ်း သို့မဟုတ် လေဆိပ်သို့ ရောက်ရှိလာသည့်အခါ အကောက်ခွန်ရှင်းလင်းရေး အကျိုးဆောင် Customs Broker / Shipping Agency နှင့် ချိတ်ဆက်၍ Import Declaration (ID) ကို အကောက်ခွန်စနစ် MACCS စနစ်တွင် ရိုက်နှိပ်တင်သွင်းရပါတယ်ကုန်ပစ္စည်းအမျိုးအစားအလိုက် သတ်မှတ်ထားသည့် Customs Duty အကောက်ခွန်နှင့် Commercial Tax ကုန်သွယ်လုပ်ငန်းခွန်များကို ဘဏ်မှတစ်ဆင့် နိုင်ငံတော်သို့ ပေးဆောင်ရပြီး၊ အကောက်ခွန်အရာရှိများ၏ ကုန်ပစ္စည်း စစ်ဆေးမှု (Physical Inspection) ကို ခံယူရပါတယ် Maccs systemမှာ Green ,yellow ,red ဖြစ်လာအ​ပေါ်မှုတည်ပြီး ကွာခြားနိုင်ပါတယ်။
​8 - Delivery and Port Clearance
အကောက်ခွန်ဌာနမှ ကုန်ပစ္စည်းထုတ်ခွင့် Duty Paid/Releaseရရှိပြီးနောက် ဆိပ်ကမ်း/လေဆိပ်သို့ ကုန်သိုလှောင်ခ Port Charges/Demurrage များ ပေးချေကာ ကုန်ပစ္စည်းကို ကွန်တိန်နာယာဉ်များဖြင့် ထုတ်ယူပါတယ်။ယ နောက်ဆုံးတွင် ထိုကုန်ပစ္စည်းများကို မိမိ၏ သိုလှောင်ရုံ သို့မဟုတ် စက်ရုံ Importer's Warehouseသို့ ဘေးကင်းစွာ သယ်ယူပို့ဆောင်ပြီး ကုန်ပစ္စည်းအရေအတွက်နှင့် အရည်အသွေး မှန်ကန်မှု ရှိ/မရှိ စစ်ဆေးမှတ်တမ်းတင်ခြင်းဖြင့် Import Process တစ်ခု ပြီးဆုံးပါတယ်။
ဒါက​တော့ကုန်သွယ်​ရေးရဲ့ Export - Import process ဖြစ်ပါတယ်။

08/07/2026

Negotiation and Proforma Invoice
ဈေးနှုန်းသာမက ကုန်ပစ္စည်းပေးပို့မည့်အချိန် (Lead Time)၊ အသုံးပြုမည့် Incoterms ဥပမာ - FOB, CIF နှင့် ငွေပေးချေမှုစနစ် Payment Terms များကို ညှိနှိုင်းကြပါတယ် ညှိနှိုင်းမှု အဆင်ပြေပါက Exporter ထံမှ အရောင်းအဝယ်ဆိုင်ရာ အချက်အလက်အားလုံး ပါဝင်သည့် Proforma Invoice ကို တောင်းခံရယူပါတယ်ဤ P/I သည် နောက်အဆင့်များအတွက် အခြေခံအကျဆုံး စာရွက်စာတမ်း ဖြစ်ပါတယ်။

08/07/2026

Inquiry and Quotation
Buyer ထံမှ စုံစမ်းခြင်းဖြစ်တဲ့ ပြည်ပဝယ်သူ Importer က ကုန်ပစ္စည်းအမျိုးအစား၊ အရည်အသွေး၊ ပမာဏနဲ့ ပို့ဆောင်ပေးရမယ့် ပုံစံတို့ကို Inquiry ပေးပို့ မေးမြန်းပါတယ် ပို့ကုန်လုပ်ငန်းရှင် Exporterက ပစ္စည်းရရှိနိုင်မှုအပေါ် မူတည်ပြီး ဈေးနှုန်း၊ ငွေပေးချေမှုစနစ်နဲ့ အသုံးပြုမယ့် Incoterms ဥပမာ FOB, CIFတို့ကို ဖော်ပြထားတဲ့ Quotation (သို့မဟုတ်) Proforma Invoice ကို ပြန်လည်ပေးပို့ပါတယ်

08/07/2026

တရုတ်နိုင်ငံမှ ကုန်ပစ္စည်းဝယ်ယူတင်သွင်းမှုများအတွက် ယုံကြည်စိတ်ချရသော အဝယ်တော်နှင့် Logistics Partner

တရုတ်ပြည်သို့ ကိုယ်တိုင်သွားစရာမလိုတော့ပါ…
သင်လိုချင်သော ကုန်ပစ္စည်းများကို ကျွန်ုပ်တို့မှ ရှာဖွေ၊ ဝယ်ယူ၊ စစ်ဆေးပြီး မြန်မာနိုင်ငံအထိ ပို့ဆောင်ပေးပါသည်။

ကျွန်ုပ်တို့၏ ဝန်ဆောင်မှုများ

✅ ကုန်ပစ္စည်း ရှာဖွေပေးခြင်း

လိုအပ်သောပစ္စည်းများအတွက် သင့်တော်သော Supplier များ ရှာဖွေပေးခြင်း

✅ အဝယ်တော် ဝန်ဆောင်မှု

စျေးနှုန်းညှိနှိုင်းပေးခြင်း
Order တင်ပေးခြင်း
Supplier နှင့် ဆက်သွယ်ပေးခြင်း

✅ ကုန်ပစ္စည်း လက်ခံစစ်ဆေးပေးခြင်း

ပစ္စည်းအရေအတွက်
အရည်အသွေး
ထုပ်ပိုးမှု စစ်ဆေးပေးခြင်း

✅ China to Myanmar Logistics Service

ကုန်းလမ်းဖြင့် သယ်ယူပို့ဆောင်ခြင်း
ရေလမ်းဖြင့် သင်္ဘောပို့ဆောင်ခြင်း
လေလမ်းဖြင့် အမြန်ပို့ဆောင်ခြင်း

✅ Door To Door Delivery Service

Supplier မှ သင့်ဆီအထိ လုံခြုံစိတ်ချစွာ ပို့ဆောင်ပေးခြင်း
ဘာကြောင့် ကျွန်ုပ်တို့ကို ရွေးချယ်သင့်သလဲ?

✔ အချိန်ကုန်သက်သာစေခြင်း
✔ ယုံကြည်စိတ်ချရသော Supplier များနှင့် ချိတ်ဆက်ပေးခြင်း
✔ ဝယ်ယူမှုအန္တရာယ်များ လျှော့ချပေးခြင်း
✔ ပွင့်လင်းမြင်သာသော ဝန်ဆောင်မှု
✔ လုပ်ငန်းအတွက် အဆင်ပြေသော Solution များပေးခြင်း

သင်၏လုပ်ငန်းတိုးတက်ရေးကို အာရုံစိုက်ပါ…
ဝယ်ယူခြင်းနှင့် ပို့ဆောင်ခြင်းကို ကျွန်ုပ်တို့ တာဝန်ယူပါမည်။

📞 Contact: 09943883616

08/07/2026

Singapore , Bangkok , Myanmar Cargo လုပ်ငန်းလုပ်ချင်ပါတယ် အရင်းဘယ်လောက်လိုမလဲ တရားဝင်ဘယ်လိုစရမလဲ သိတဲ့သူများ ကျေးဇူးပြုပြီး လမိးပြပေးပါခင်ဗျ ဆိုလို့ ဖြေပေးထားပါတယ်

၁။ အရင်းအနှီး ဘယ်လောက်လိုမလဲ?

လုပ်ငန်းပုံစံပေါ်မူတည်ပါတယ်။

Freight Forwarder (ကိုယ်တိုင်ကား/သင်္ဘောမပိုင်) – Partner နဲ့လုပ်
အနည်းဆုံး USD 5,000 – 15,000 (MMK သိန်း ၁၅၀–၄၅၀ ဝန်းကျင်)
Office
Company Registration
Website / Marketing
Deposit
Operating Cash
Cargo Consolidation (Warehouse ပါ)
USD 20,000 – 50,000+
Warehouse ငှားရမ်းခြင်း
Staff
Handling Equipment
ကိုယ်ပိုင် Truck / Delivery Fleet
ထပ်မံအရင်းအနှီးများစွာ လိုအပ်ပါမယ်။
၂။ တရားဝင် ဘယ်လိုစရမလဲ?

၁။ Company Registration (DICA) လုပ်ပါ။

၂။ Company Bank Account ဖွင့်ပါ။

၃။ Tax Registration (IRD) လုပ်ပါ။

၄။ Freight Forwarding / Logistics လုပ်ငန်းအတွက် သက်ဆိုင်ရာ လိုင်စင်များ လိုအပ်နိုင်ပါတယ်။

၅။ Singapore, Thailand, China စတဲ့ နိုင်ငံတွေမှာ Agent/Partner ရှာပါ။

၆။ Shipping Line၊ Airline၊ Trucking Company တွေနဲ့ Contract ချုပ်ပါ။

၃။ အဓိကလိုအပ်တာ
Reliable Overseas Agent
Customs Clearance Partner
Warehouse
Cargo Insurance
Tracking System
Customer Service
၄။ လမ်းကြောင်း
Singapore → Myanmar (Sea / Air)
Bangkok → Myanmar (Road / Air)
China → Myanmar (Road / Sea / Air)

နိုင်ငံတစ်ခုချင်းစီရဲ့ Customs Rules နဲ့ Import Restrictions ကိုလည်း နားလည်ထားဖို့ လိုပါတယ်။

၅။ အသစ်စတဲ့သူအတွက် အကြံပြုချက်

အစပိုင်းမှာ Freight Forwarder / Cargo Agent အနေနဲ့ စတာက အန္တရာယ်နည်းပြီး အရင်းအနှီးလည်း သက်သာပါတယ်။ Customer များလာပြီး Network ခိုင်မာလာမှ Warehouse နဲ့ ကိုယ်ပိုင် Consolidation Service ကို တိုးချဲ့တာ ပိုအဆင်ပြေပါတယ်။

Photos from Unity Crown Trading's post 08/07/2026

မေး ????????? ကျွန်တော်ကုမ္ပဏီထောင်ပြီးပါပြီ Logo registration လုပ်ဖို့လိုပါသလားခင်ဗျာ
ဖြေ -------- ကုမ္ပဏီတည်ထောင်ပြီးပါက Logo Registration လုပ်ဖို့လိုအပ်ပါတယ်။ Logo Registration လုပ်ထားခြင်းအားဖြင့် ယနေ့ခေတ်လို အတုအပအပြိုင်အဆိုင်ပေါတဲ့ခေတ်မှာ မိမိရဲ့ လုပ်ငန်းလုံခြုံမှုပိုရှိစေပါတယ်။
မိမိရဲ့ပစ္စည်းကို FDAကဲ့လို့ ထပ်မံလျှောက်ထားရတဲ့အခါမှာလည်း Logo Register ကလိုအပ်ချက်တခုဖြစ်ပါတယ်။
Logo Register လုပ်မယ်ဆိုရင် ကြာချိန် ၂ပတ်ပါ။
သတင်းစာမှာကြော်ငြာမယ်ဆိုရင် ရှေ့နေနဲ့ တခါတည်းကြော်ငြာပေးပါတယ်။
ကုန်အမှတ်တံဆိပ် မှတ်ပုံတင်ခြင်း
--- --- --- --- ---
ကုန်အမှတ်တံဆိပ် (Logo) တချို့မှာ ® ဆိုတဲ့စာလေးမြင်ဖူးပါလိမ့်မယ်။ ဒါဟာ ကုန်အမှတ်တံဆိပ်မှတ်ပုံတင်ထားတယ်ဆိုတဲ့ အမှတ်အသားလေးပါပဲ။ အသေးစားလုပ်ငန်းရှင်တွေဟာ မိမိတို့ကုန်ပစ္စည်းရဲ့အမှတ်တံဆိပ်ကို တရားဝင်ဖြစ်အောင် မှတ်ပုံတင်ခြင်းဆောင်ရွက်သင့်ပါတယ်။ ဒါမှသာ မိမိထုတ်ကုန်ကိုအတုအပထုတ်တဲ့သူတွေပေါ်လာတဲ့အခါ (သို့) အငြင်းပွားစရာတစုံတရာရှိလာတဲ့အခါ ဥပဒေအရအကာအကွယ်ရနိုင်မှာဖြစ်ပါတယ်။
✅လျှောက်ထားရန်လိုအပ်ချက်များ
> အရွယ်အစား (၃) လက်မပတ်လည်၊ ကုန်အမှတ်တံဆိပ် - Logo (၃) ခု။
> ထုတ်လုပ်ထားတဲ့ ကုန်ပစ္စည်းနမူနာ။
> လုပ်ငန်းပိုင်ရှင်၏မှတ်ပုံတင်မူရင်းနှင့် မှတ်ပုံတင်မိတ္တူ (၃) စောင်။
> အသိသက်သေ (၂) ယောက် (အသက်(၁၈)နှစ်ပြည့်ပြီးသူဖြစ်ရမည်)။ ထိုအသိသက်သေ (၂) ယောက်၏ မှတ်ပုံတင်မူရင်းနှင့် မိတ္တူ။

07/07/2026

အခွန်ကင်းလွတ်ခွင့်ကာလကို ထပ်မံ၍ တိုးမြှင့်ခွင့်ပြုပေး

• ဒီဇယ်ဆီ HSD (500 ppm) တင်သွင်းမှုအပေါ် ကောက်ခံသော အခွန်ကင်းလွတ်ခွင့်ကာလကို ထပ်မံ၍ တိုးမြှင့်ခွင့်ပြုပေးသွားမည်၊
• သဘာဝဓာတ်ငွေ့ရည် (Liquefied Natural Gas) တင်သွင်းမှုအပေါ် ကောက်ခံသောအခွန်ကင်းလွတ်ခွင့်ကို ထပ်မံ၍ တိုးမြှင့်ခွင့်ပြုပေးသွားမည်၊
• ဓာတ်မြေဩဇာများ တင်သွင်းမှုအပေါ် ကောက်ခံသည့် အခွန်ကင်းလွတ်ခွင့်ကို ထပ်မံ၍ တိုးမြှင့်ခွင့်ပြုပေးသွားမည်၊
အခွန်ကင်းလွတ်ခွင့် များကို ၁-၅-၂ဝ၂၆ ရက်နေ့မှ ၃၀-၆-၂ဝ၂၆ ရက်နေ့အထိ ကင်းလွတ်ခွင့် ပြုသွားမည်ဖြစ်ကြောင်း နိုင်ငံပိုင်သတင်းစာများမှတစ်ဆင့် ထုတ်ပြန်ကြေညာခဲ့ပြီး ဖြစ်ပါသည်။
ယင်းအခွန်ကင်းလွတ်ခွင့်ကို ၁-၇-၂ဝ၂၆ ရက်နေ့မှ ၃၁-၇-၂ဝ၂၆ ရက်နေ့အထိ ထပ်မံ၍ တိုးမြှင့် ခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း အသိပေး ကြေညာအပ်ပါသည်။
သို့ဖြစ်ရာ အခွန်ကင်းလွတ်ခွင့်သည် ၃၁-၇-၂ဝ၂၆ ရက်နေ့အထိအကောက်ခွန်ဦးစီးဌာန၌ Import Declaration (ID) ဖွင့်လှစ်၍ တင်သွင်းသည့် သက်ဆိုင်ရာ ပစ္စည်းများအပေါ် အကျုံးဝင်စေမည် ဖြစ်ကြောင်း ၇.၇.၂၀၂၆ ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာများတွင်ကြေညာထားပါသည်

ต้องการให้ธุรกิจของคุณ ธุรกิจ ขึ้นเป็นอันดับหนึ่ง ร้านขายเสื้อผ้า ใน Bangkok?
คลิกที่นี่เพื่อเป็นสมาชิก?

เว็บไซต์

ที่อยู่


Bangkok