A Insurance

A Insurance

แชร์

Ainsurance.com.mm

02/10/2026

မိုးသည်းတဲ့နေ့တွေမှာ မမျှော်လင့်ထားတဲ့ ရေကြီးရေလျှံမှုတွေကနေ ကိုယ်တန်ဖိုးထားရတဲ့ကားကို ကြိုတင်ကာကွယ်ဖို့ ရေမြုပ်နိုင်ချေရှိတဲ့ နေရာတွေမှာ မရပ်နားဘဲ ဘေးကင်းတဲ့ အမြင့်ပိုင်းနေရာတွေကို ပြောင်းရွှေ့ထားပြီး ကြိုတင်ကာကွယ်မှုတွေ ပြုလုပ်နိုင်ပါတယ်။

A Insurance ရဲ့ မော်တော်ယာဉ်အာမခံဝယ်ယူထားတဲ့ Customer တွေအနေနဲ့ မမျှော်လင့်ထားတဲ့ အခြေအနေတွေကြောင့် ကားရေမြုပ်ပြီး ပျက်စီးမှု ကြုံတွေ့တဲ့အခါမှာ ကားကို စက်နှိုးခြင်း၊ နေရာရွှေ့ပြောင်းခြင်းတွေ မပြုလုပ်မီမှာ ကျွန်တော်တို့ဆီ အရင်ဆုံး ဆက်သွယ်အကြောင်းကြားပေးဖို့ အရမ်းကို အရေးကြီးပါတယ်။ ဒါမှသာ လျော်ကြေးတောင်းခံရာမှာ လိုအပ်တဲ့ အချက်အလက်တွေကို ပိုမိုပြည့်စုံစွာ ပေးပို့နိုင်ဖို့ တာဝန်ရှိသူတွေက ညွှန်ကြားပေးနိုင်မှာ ဖြစ်ပါတယ် ခင်ဗျာ။

ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ် ကိုယ့်အဖိုးတန်ကားအတွက် စိတ်အေးသက်သာစေဖို့ A Insurance Hotline - 09 799 119 999 ကို အချိန်မရွေး ဆက်သွယ်နိုင်ပါတယ်။

30/09/2026

အာမခံနယ်ပယ်မှာ အောင်မြင်စွာရပ်တည်နိုင်ဖို့ လိုအပ်တဲ့ Skill တွေ မျှဝေပေးမယ့် Continuous Professional Development (CPD) Program ကို အောက်တိုဘာ (၁၃) ရက်နေ့မှာ ထပ်မံ ဖွင့်လှစ်သွားမှာ ဖြစ်ပါတယ်ခင်ဗျာ။

ဒီတစ်ခါမှာတော့ Long-term Personal Brand တည်ဆောက်ရာမှာ လက်တွေ့အသုံးချနိုင်မယ့် Framework နဲ့ Tools တွေ အကြောင်းကို၊ “From Trust to Brand: A Winning Sales Blueprint” ခေါင်းစဉ််နဲ့ Head of Research and Development ဖြစ်သူ ကိုဖြိုးမင်းကြည်က ဦးဆောင် ဆွေးနွေးပေးသွားမှာ ဖြစ်ပါတယ်။

A Insurance ရဲ့ CPD Program က အာမခံကိုယ်စားလှယ်တွေ (Alpha Community) နဲ့ အာမခံနယ်ပယ်ကို ဝင်ရောက်ဖို့ စိတ်ဝင်စားသူတွေအတွက် စဉ်ဆက်မပြတ် အောင်မြင်မှုတွေ ရရှိနိုင်ဖို့ ရည်ရွယ်ထားတာကြောင့် စိတ်ပါဝင်စားတဲ့ မည်သူမဆို ဒီ Link [https://forms.cloud.microsoft/r/d5n9yFP6Ar] မှာ စာရင်းပေးသွင်းပြီး တက်ရောက်နိုင်ပါတယ် ခင်ဗျာ။

Photos from A Insurance's post 29/09/2026

စက်တင်ဘာလ (၂၉) ရက်နေ့က A Insurance Head Office မှာ မော်တော်ယာဉ်အာမခံ လျော်ကြေးပေးအပ်ပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ပါတယ်။ ဒီပွဲမှာ မမျှော်လင့်တဲ့ မတော်တဆမှုတွေကြောင့် ပျက်စီးဆုံးရှုံးမှုတွေ ရင်ဆိုင် ကြုံတွေ့ခဲ့ရတဲ့ Policy Holder (၁၆) ဦးအတွက် လျော်ကြေးငွေ ပမာဏ သိန်းပေါင်း ငါးထောင့်ငါးရာကျော်ကို ပေးအပ်နိုင်ခဲ့တာကြောင့် A Insurance အနေနဲ့ များစွာ ဂုဏ်ယူဝမ်းမြောက်မိပါတယ်ခင်ဗျာ။

အခမ်းအနားမှာ A Insurance ရဲ့ Chairman ဝဏ္ဏကျော်ထင် ဒေါက်တာမောင်မောင်သိမ်းက အဖွင့်အမှာစကားပြောကြားပြီး၊ တက်ရောက်လာကြတဲ့ Customer တွေအတွက် လျော်ကြေးငွေများ အသီးသီးပေးအပ်ခဲ့ပါတယ်။ ဒါ့အပြင် လျော်ကြေးငွေ လက်ခံရရှိခဲ့တဲ့ Customer တွေကလည်း A Insurance အတွက် အမှတ်တရ မေတ္တာစကားများ ပြန်လည် ပြောကြားကာ အခမ်းအနားကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပါတယ်။

A Insurance အနေနဲ့ Customer တွေအတွက် မှန်မှန်ကန်ကန်နဲ့ မြန်မြန်ဆန်ဆန် လျော်ကြေးပေးအပ်နိုင်ဖို့ ဦးစားပေးလုပ်ဆောင်လျက်ရှိပြီး၊ Customer တွေအပေါ် ထားရှိတဲ့ ကတိကဝတ်များကို တည်နိုင်ဖို့ အမြဲဆက်လက်ကြိုးစားသွားမှာ ဖြစ်ပါတယ်ခင်ဗျာ။

29/09/2026

လတ်တလောမှာ ဖြစ်ပွားနေတဲ့ မုန်တိုင်းနဲ့ မိုးသည်းထန်စွာ ရွာသွန်းမှုတွေကြောင့် အချို့ဒေသတွေမှာ ရေကြီး၊ ရေလျှံခြင်းအန္တရာယ်တွေ ဖြစ်ပွားနေပါတယ်။ ဒီလိုအချိန်မှာ မိုးလေဝသသတင်းနဲ့ တာဝန်ရှိ အဖွဲ့အစည်းတွေရဲ့ အရေးပေါ် ထုတ်ပြန်ချက်တွေကို အချိန်နဲ့ တပြေးညီ သတိပြု စောင့်ကြည့်ဖို့ တိုက်တွန်းအပ်ပါတယ်။

A Insurance က လူကြီးမင်းတို့အတွက် စိတ်အေးလုံခြုံမှုကို အာမခံဝန်ဆောင်မှုတွေကနေတစ်ဆင့် ပေးအပ်နိုင်ဖို့ အမြဲ အသင့်ပြင်ဆင်ထားတာကြောင့်

- အာမခံ ဝယ်ယူထားသူတွေအနေနဲ့ ကားထဲ ရေဝင်ပြီး ထိခိုက်ပျက်စီးမှုတွေ ဖြစ်ခဲ့ပါက၊ ချက်ချင်းစက်နှိုးခြင်း မပြုလုပ်ဘဲ A Insurance ကို အကြောင်းကြားပေးပါခင်ဗျာ။

- အာမခံထားရှိထားတဲ့ အိမ်၊ စက်ရုံ၊ စက်ပစ္စည်းကိရိယာတွေ ထိခိုက်ပျက်စီးခဲ့ပါကလည်း ပျက်စီးဆုံးရှုံးတဲ့ အခြေအနေတွေ အတွက် A Insurance ကို ဆက်သွယ်အကြောင်းကြားနိုင်ပါတယ်။

အာမခံ ကိစ္စရပ်တွေနဲ့ ပတ်သက်ပြီးအကူအညီ တစ်စုံတရာ လိုအပ်ပါက A Insurance Hotline - 09 799 119 999 ကို အချိန်မရွေး ဆက်သွယ်နိုင်ပါတယ်ခင်ဗျာ။

ဒီလိုအချိန်မျိုးမှာ ဘေးကင်းလုံခြုံဖို့ကိုသာ ဦးစားပေးဂရုစိုက်ပါ။ အခက်အခဲနဲ့ စိန်ခေါ်မှုတွေ ရင်ဆိုင်ကျော်လွှားနိုင်ဖို့အတွက် အားလုံးနဲ့အတူ ကျွန်တော်တို့ ရှိနေမှာပါ။

26/09/2026

ကိုယ်နဲ့ ကိုက်ညီတဲ့ အာမခံ အကာအကွယ်ကို ကိုယ်တိုင် လာရောက် ဆွေးနွေးတိုင်ပင်ချင်တဲ့အခါ လွယ်ကူလျင်မြန်စေဖို့ A Insurance ရဲ့ ရုံးခွဲတွေကို ရန်ကုန်၊ မန္တလေးနဲ့ ပုသိမ်မြို့ကြီးတွေမှာ တိုးချဲ့ဖွင့်လှစ်ထားပြီးဖြစ်ပါတယ်။

ဒါ့အပြင် ဘဏ်ကိုသွားရင်းနဲ့ အာမခံအကြောင်း မေးမြန်းစုံစမ်းချင်တဲ့အခါမှာလည်း “Amore Value” Channel ရှိတာမို့ A bank ဘဏ်ခွဲတွေတိုင်းမှာ A Insurance ရဲ့ Business Executive တွေနဲ့ တွေ့ဆုံ တိုင်ပင်လို့ရမှာ ဖြစ်ပါတယ်။

အာမခံထားဖို့ စဉ်းစားနေပြီဆိုရင်တော့ ကိုယ်နဲ့ အနီးဆုံးမှာရှိတဲ့ ရုံးခွဲ ဒါမှမဟုတ် ဘဏ်ခွဲတွေရဲ့လိပ်စာကို A Insurance Website မှာရှိတဲ့ ဒီ Link [https://ainsurance.com.mm/a-more] ကနေ အလွယ်တကူ ကြည့်ရှုနိုင်ပါတယ်ခင်ဗျာ။ နေ့ရက်တိုင်း စိတ်အေးသက်သာဖို့၊ လူကြီးမင်းနဲ့ အနီးဆုံးနေရာမှာ အာမခံဝန်ဆောင်မှု ရယူလိုက်ပါ။

Photos from A Insurance's post 25/09/2026

စက်တင်ဘာ (၂၅) ရက်နေ့ ကနေ (၂၇) ရက်နေ့အထိ၊ Yangon Convention Center (YCC) မှာ ကျင်းပပြုလုပ်သွားမယ့် Myanmar Auto & Parts Expo 2026 မှာ ကျွန်တော်တို့ A Insurance က Insurance Partner အနေနဲ့ ပါဝင်သွားမှာ ဖြစ်ပါတယ်။

ဒီပွဲမှာ ကိုယ့်ကားရဲ့ လိုအပ်ချက်နဲ့ ကိုက်ညီတဲ့ အာမခံအကာအကွယ်တွေအကြောင်းကို အာမခံအကြံပေးအရာရှိတွေနဲ့ အသေးစိတ်ဆွေးနွေးတိုင်ပင်နိုင်စေဖို့ Booth No (A7) မှာ အသင့်စောင့်ကြိုနေပါတယ်ခင်ဗျာ။

ရန်ကုန်မြို့ရဲ့ အကြီးဆုံး ကားအရောင်းပြပွဲကြီးတစ်ခု ဖြစ်တာကြောင့် ကားအကြောင်း စိတ်ဝင်စားသူတွေအနေနဲ့ ပြပွဲရက်တွေမှာ မနက် (၉) နာရီမှ ညနေ (၅) နာရီအတွင်း လာရောက် လေ့လာဖို့အတွက် နွေးထွေးစွာနဲ့ ဖိတ်ခေါ်လိုက်ရပါတယ်။

21/09/2026

လုပ်ငန်းခွင် စတင်ဝင်ရောက်မယ့် ဘွဲ့ရပြီးကာစ လူငယ်တွေအတွက် အောင်မြင်တဲ့ Professional Career တစ်ခုကို အစပြုနိုင်ဖို့ ရည်ရွယ်ပြီး စီစဉ်ထားတဲ့ A Insurance ရဲ့ “A Step Forward to Success” Program မှာ လျှောက်လွှာများ ပြန်လည်ခေါ်ယူနေပါပြီ။ ဒါ့ကြောင့် စိတ်ပါဝင်စားတဲ့ လူငယ်တွေအနေနဲ့ စက်တင်ဘာလ (၂၁) ရက်နေ့ကနေ စတင်ပြီး အမြန်ဆုံး လျှောက်ထားဖို့ ဖိတ်ခေါ်ပါတယ်ခင်ဗျာ။

ဒီ Program မှာ အလုပ်အတွက် လိုအပ်တဲ့ Training Program တွေနဲ့ အကောင်းဆုံး လေ့ကျင့်ပျိုးထောင်ပေးသွားမှာ ဖြစ်သလို၊ Insurance Solutions Advisor တစ်ဦးအဖြစ် ရပ်တည်ကာ ကိုယ်ပိုင်ဝင်ငွေ ရရှိနိုင်မယ့် အခွင့်အရေးကောင်းတစ်ခုလည်း ဖြစ်ပါတယ်ံ။ ဒါ့အပြင် Flexible Working Hour ဖြစ်တာကြောင့် အလုပ်လုပ်ရင်းနဲ့၊ ကိုယ့်ရဲ့ ကိုယ်ပိုင်ဘဝအတွက်ပါ အချိန်ကို မျှတစွာ စီမံခန့်ခွဲနိုင်မှာပါ။ အလုပ်လုပ်နေစဉ်အတွင်းမှာလည်း Professional Network ကို တိုးချဲ့လို့ရတာကြောင့် အနာဂတ် Career အတွက်ပါ အများကြီး အကျိုးရှိမှာ သေချာပါတယ်။

လိုအပ်ချက်နဲ့ကိုက်ညီတဲ့ အာမခံဝန်ဆောင်မှုတွေ အကြောင်း အကြံပေးကူညီရင်း၊ Career တစ်ခုကို အောင်မြင်စွာ ရပ်တည်နိုင်ဖို့ စိတ်ဝင်စားသူတွေအနေနဲ့ [email protected] ကို CV ပေးပို့ လျှောက်ထားနိုင်ပါတယ်။

18/09/2026

လုပ်ငန်း နဲ့ ကိုယ့်ရဲ့နေ့စဉ် လိုအပ်ချက်တွေကြောင့် လျှပ်စစ်မီးအပြင်၊ မီးစက်နဲ့ အခြားသော Power Source တွေကို အချိန်ပြည့် အသုံးပြုဖို့လိုအပ်တဲ့အခါ မီးဘေးအန္တရာယ်အတွက် ပိုပြီး ဂရုပြုကာကွယ်ဖို့ လိုအပ်ပါတယ်။

Power Source တစ်ခုနဲ့ တစ်ခု အကူးအပြောင်းမှာ သတိမမူမိလို့ ပေါ့ဆမီးလောင်ကျွမ်းနိုင်သလို၊ ပေါက်ကွဲလွယ်တဲ့ လောင်စာပစ္စည်းတွေကို စနစ်တကျ မသိမ်းဆည်းမိတာကနေလည်း မီးဘေးအန္တရာယ် ရှိလာနိုင်ပါတယ်။

မီးခလုတ်တစ်ချက် ပိတ်ဖို့ သတိမေ့လို့ ဖြစ်လာနိုင်တဲ့ ဆုံးရှုံးမှုတွေကို မီးအာမခံနဲ့ ကာကွယ်ထားနိုင်ဖို့ A Insurance Hotline - 09 799 119 999 ကိုဖုန်းတစ်ချက်ပဲ ဆက်ဖို့လိုပါတယ်။

18/09/2026

Luxury နဲ့ နောက်ဆုံးပေါ် EV ကားတွေကို စိတ်ဝင်စားတဲ့ လူကြီးမင်းတွေအတွက် သီးသန့်ရည်ရွယ် ကျင်းပတဲ့ Myanmar Premium Car Expo 2026 ကို လာမယ့် စနေနေ့၊ စက်တင်ဘာလ (၁၉) ရက်နေ့၊ မနက် (၁၀) နာရီကနေ ညနေ (၆) နာရီအထိ၊ Sedona Hotel၊ Grand Ballroom မှာ ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။
ဒီပွဲမှာ A Insurance ကလည်း အားဖြည့် ပါဝင်သွားမှာမို့ လူကြီးမင်းတို့ စိတ်ဝင်စားတဲ့ အာမခံအကာအကွယ်တွေကို အသေးစိတ် ဆွေးနွေးတိုင်ပင်နိုင်ပြီး ဝန်ဆောင်မှုပေးဖို့ အသင့် ရှိနေမှာပါ။
ဒါ့အပြင် ပွဲကျင်းပချိန်အတွင်းမှာပဲ ရရှိနိုင်မယ့် Exclusive Offer တွေနဲ့ ဖျော်ဖြေရေးအစီအစဉ်တွေလည်း ပါဝင်မှာဖြစ်လို့ အားလုံးနဲ့အတူ Premium Experience တွေကို အကောင်းဆုံးစီးမျောဖို့ စောင့်ကြိုနေပါတယ်ခင်ဗျာ။

Myanmar Premium Car Expo 2026
နေ့ရက်: ၂၀၂၆ ခုနှစ်၊ စက်တင်ဘာလ ၁၉ ရက် (စနေနေ့)​
အချိန်: မနက် (၁၀:၀၀) နာရီ မှ ညနေ (၆:၀၀) နာရီ​
လိပ်စာ: Grand Ballroom, Sedona Hotel, ရန်ကုန်မြို့။​
​

Photos from A Insurance's post 16/09/2026

ကိုယ်ပိုင်အရည်အချင်းနဲ့ တောက်ပတဲ့အနာဂတ်ကို ဖန်တီးဖို့အတွက် A Insurance က A-Talent အသစ်တွေကို နွေးထွေးစွာ ကြိုဆိုလျက်ရှိပါတယ်။

A Insurance က Customer တွေအတွက် နေ့ရက်တိုင်းမှာ စိတ်အေးချမ်းစွာ ဖြတ်သန်းနိုင်စေဖို့ အကောင်းဆုံး အာမခံဝန်ဆောင်မှုတွေနဲ့ ကာကွယ်ပေးသလို၊ A-Talent တွေအတွက်လည်း ပျော်ရွှင်တက်ကြွပြီး၊ အချိန်နဲ့အမျှ တိုးတက်မှုရှိတဲ့ လုပ်ငန်းခွင်တစ်ခု ဖြစ်အောင် အမြဲကြိုးစားလျက်ရှိပါတယ်။

အောက်မှာဖော်ပြထားတဲ့ လစ်လပ်နေရာတွေထဲက ကိုယ့်ရဲ့ လုပ်ငန်းကျွမ်းကျင်မှုနဲ့ ကိုက်ညီတဲ့ နေရာကို လျှောက်ထားဖို့အတွက် စိတ်ပါဝင်စားတယ်ဆိုရင်တော့ A Insurance ရဲ့ HR Email [email protected] ကို CV ပေးပို့ လျှောက်ထားနိုင်ပါတယ်ခင်ဗျာ။

လတ်တလောမှာ လျှောက်ထားနိုင်တဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေကတော့

Accountant - 2 Posts
Cashier - 1 Post
Claims Analyst - 2 Posts
Driver - 5 Posts
Admin Executive - 1 Post
Receptionist - 1 Post
Senior Marcomms Executive - 1 Post
Senior Brand Executive - 1 Post
Senior Graphic Designer - 1 Post
Customer Care Executive - 1 Post
Sales Analyst - 2 Posts
Insurance Solutions Advisor - 10 Posts တို့ပဲ ဖြစ်ပါတယ်။

ต้องการให้ธุรกิจของคุณขึ้นเป็นอันดับหนึ่งในหมวด บริษัทเงินทุน ที่ Bangkok หรือไม่?
คลิกที่นี่เพื่อรับประกาศแบบสปอนเซอร์ของคุณ

ที่อยู่


Bangkok
Bangkok
10250

แจ้งเตือน

เป็นคนแรกที่รู้ข่าว: เราจะส่งอีเมลแจ้งเมื่อ A Insurance โพสต์ข่าวสารและโปรโมชั่น อีเมลของคุณจะไม่ถูกนำไปใช้เพื่อวัตถุประสงค์อื่น และคุณสามารถยกเลิกการรับข่าวสารได้ทุกเมื่อ

สมัครรับข่าวสาร

เราจะแจ้งให้คุณทราบเมื่อมีความเคลื่อนไหวใน Bangkok