Excel Apex Logistic
Reliable & Experienced Thai - Myanmar Air Cargo
(Company များ၏ ပစ္စည်းများအား အာမခံဖြင့် သယ်ယူပို့ဆောင် ပေးပါသည်။)
13/04/2026
ပျော်ရွှင်အေးချမ်းသော မြန်မာနှစ်သစ်သက်ြန် အခါသမယလေးဖြစ်ပါစေကြောင်း Excel Apex Logistic မှ ဆုမွန်ကောင်းတောင်းအပ်ပါတယ်။
Page Reply နဲ့ Bangkok Office ကို April 13 မှ 16 အထိ ရပ်နားထားမည်ဖြစ်ပြီး 17 ရက်နေ့ မနက်၉နာရီကစပြီး ပုံမှန်အတိုင်း ပြန်လည်လုပ်ဆောင်သွားပါမယ် ခင်ဗျာ။
Customer များအားလုံး နှစ်သစ်မှာ အခုထက်ပိုပြီး ကျန်းမာပျော်ရွှင် အောင်မြင်ကြပါစေ။ 🥰
24/12/2025
ရုံးပိတ်ရက် ကြေငြာခြင်း။
ကျွန်တော်တို့ Excel Apex Logistic ရဲ့ Bkk, Ygn, Mdy ရုံးများနှင့် Page အား
- Christmas Day ဖြစ်တဲ့ 25th Dec နှင့်
- နှစ်ဟောင်းနောက်ဆုံးရက် 31st Dec
၂ရက်တွင် ရုံးလုပ်ငန်းလုပ်ဆောင်မှုများ ရပ်နားထားမည်ဖြစ်ကြောင်း အသိပေးအပ်ပါတယ်။ အခြားရက်များတွင် ပုံမှန်အတိုင်း ရုံးဖွင့်ပါမယ် ခင်ဗျာ။
ပျော်ရွှင်စရာ Christmas ကာလဖြစ်ပါစေကြောင်း နှင့် ကျန်းမာပျော်ရွှင်အောင်မြင်သော နှစ်သစ်ကို ပိုင်ဆိုင်နိုင်ပါစေကြောင်း Excel Apex Logistic မိသားစုမှ ဆုမွန်ကောင်း တောင်းအပ်ပါတယ် ခင်ဗျာ။ 🎄🥰
အရင်ဆုံး Land Cargo တင်ထားတဲ့ပစ္စည်းများ အရမ်းကြာနေတဲ့အတွက် အနူးအညွှတ်တောင်းပန်အပ်ပါတယ် ခင်ဗျာ။ ဒီလောက်ထိကြာအောင် လမ်းပိတ်တာမျိုး လွန်ခဲ့တဲ့နှစ်တွေမှာ တစ်ခါမှ မဖြစ်ခဲ့ဖူးပါဘူး။ အရင်အကြာဆုံးပိတ်ခဲ့ဖူးတာ ၁လကျော်လောက်ပါ။ အခုကတော့ စံချိန်တင်ပါပဲ။
လက်ရှိ ကားလမ်းအခြေအနေ - ပိတ်နေတုန်းပါပဲ။ အဖမ်းအဆီးလဲ အရမ်းကြမ်းသလို ပြန်ပွင့်ဖို့အခြေအနေလဲ မမြင်ရသေးပါဘူး။ အထုပ်အသေးလေးတွေကိုသာ ၁ပတ်ကို အထုပ်ရေ နည်းနည်းစီ တင်လို့ရတဲ့ လမ်းကြောင်းတစ်ခုသာ ရှိပါတယ်။ ကျွန်တော်တို့ ဆက်တိုက်တင်နေတာ ကြာပါပြီ။ ဝင်ပြီးတဲ့ customer များကိုလဲ အကြောင်းကြားထားပြီးပါပြီ။
ဒါပေမယ့် July ၁လစာမှာ ၈သုတ်၊ ၁သုတ်မှာ အထုပ်အရေအတွက် ထောင်ကျော်ရှိပြီး ဝင်တာက ၁ပတ်ကို ၃၀ - ၄၀ လောက်ပဲ ဝင်နိုင်တာကြောင့် ပစ္စည်းလေးတွေ အခုအထိ အစုံမဝင်နိုင်သေးတာ ဖြစ်ပါတယ်။ အဲလောက်နည်းနည်းကိုတောင် အတော်လေး ခက်ခက်ခဲခဲ သယ်နေရပြီး ကုန်ကျစရိတ်လဲ အရမ်းများပါတယ်။ အရင်ထပ် ၃-၄ ဆနီးပါးလောက် ပိုကျပါတယ်။ အဲလိုပိုပေးရလို့ များများသယ်လို့လဲ မရပြန်ပါဘူး။ 🥲
ကျွန်တော်တို့ ပစ္စည်းများကို ၂သုတ်ခွဲပြီး စီစဥ်ထားရှိပါတယ်။
1. July ရှေ့ပိုင်း အသုတ်များ (15 July) အထိ - ပစ္စည်းများအားလုံး လမ်းကြောင်းပေါ်မှာဖြစ်ပြီး အဲဒီပစ္စည်းလေးတွေကတော့ ဘာမှ အပြောင်းအလဲလုပ်လို့မရတော့ပါဘူး ခင်ဗျာ။ ရန်ကုန်ဝင်တာကိုပဲ စောင့်ပေးပါနော်။
2. 15 July နောက်ပိုင်းအသုတ်တွေကတော့ လောလောဆယ်အထိ ဂိုထောင်မှာပဲ keep လုပ်ထားပြီး ရှေ့ပစ္စည်းလေးတွေ ရန်ကုန်ရောက်တာနဲ့ ဆက်တိုက်ထပ်တင်ပေးမှာပါ။
ဒါပေမယ့် အကြောင်းကြောင်းကြောင့် bkk အိမ်ကို return ပြန်ယူချင်တာ/ bkk ပြန်ယူပြီး Air နဲ့ ပြောင်းတင်ချင်တာ/ လူကြုံရှိတာမျိုးရှိရင်တော့ bkk ကို return ပြန်ယူပေးပါတယ်။ ကားနဲ့ဆက်ပို့တာကိုပဲ ဆက်စောင့်လို့လဲ ရပါတယ်။ အချို့ customer လေးတွေက ဖြစ်နိုင်ရင် ပြောင်းလဲယူချင်တာလေးတွေရှိတာမို့ ဒီလို option လေးတွေရှိကြောင်း ပြောပြပေးတာပါ ခင်ဗျာ။
(ပစ္စည်းလေးတွေ ပို့ဆောင်ရာမှာ ကုန်ကျစရိတ်အဆမတန်မြင့်သွားတာကြောင့် ကျွန်တော်တို့ဘက်က တတ်နိုင်သလောက်စိုက်ထုတ်ပေမယ့် အားလုံး cover ဖြစ်ဖို့ မဖြစ်နိုင်တဲ့အတွက် ပစ္စည်းလေးတွေရောက်လာတဲ့အခါ amount တစ်ခုတော့ ထပ်တိုးကောက်ခံခွင့်ပြုပါခင်ဗျာ။ ကျွန်တော်တို့ တတ်နိုင်သလောက် အနည်းဆုံးပမာဏကိုသာ ထပ်တိုးကောက်ခံပါမယ်။ အမြတ်လုံးဝမယူထားပါဘူး။ 🙏)
မမျှော်လင့်တဲ့ အခြေအနေများကြောင့် ဖြစ်ပေါ်လာတဲ့ ကြာမြင့်မှုများအတွက် အဆင်မပြေတဲ့ကြားက နားလည်ခွင့်လွှတ်ပေးကြတဲ့ customer များကို ကျေးဇူးအများကြီး တင်ရှိပါတယ် ခင်ဗျာ။ ကျွန်တော်တို့ဘက်မှလဲ တတ်နိုင်သလောက် အမြန်ဆုံးရောက်နိုင်အောင် အမြဲတမ်းကြိုးစားလျက်ရှိပါတယ်။ 🙏
(ပို့ဆောင်ထားတဲ့ customer များကို cbမှ update အခြေအနေများ ရှင်းပြထားပြီး ဖြစ်ပါတယ်။ post လေးလဲ တင်ပေးပါတောင်းဆိုကြလို့ တင်ပေးတာပါ ခင်ဗျာ။ ထပ်ပြီးသိချင်တာရှိရင်လဲ အချိန်မရွေး လာမေးလို့ရပါတယ် ခင်ဗျာ။ cb ကနေ အမြဲဖြေပေးနေပါတယ်။)
ကျေးဇူးတင်ပါတယ် ခင်ဗျာ။ 🙏
คลิกที่นี่เพื่อรับประกาศแบบสปอนเซอร์ของคุณ
หมวดหมู่
ติดต่อ ธุรกิจของเรา
เบอร์โทรศัพท์
เว็บไซต์
ที่อยู่
Bangkok
10250
เวลาทำการ
| จันทร์ | 09:00 - 18:00 |
| อังคาร | 09:00 - 18:00 |
| พุธ | 09:00 - 18:00 |
| พฤหัสบดี | 09:00 - 18:00 |
| ศุกร์ | 09:00 - 18:00 |
| เสาร์ | 09:00 - 18:00 |
แจ้งเตือน
เป็นคนแรกที่รู้ข่าว: เราจะส่งอีเมลแจ้งเมื่อ Excel Apex Logistic โพสต์ข่าวสารและโปรโมชั่น อีเมลของคุณจะไม่ถูกนำไปใช้เพื่อวัตถุประสงค์อื่น และคุณสามารถยกเลิกการรับข่าวสารได้ทุกเมื่อ