Pyit Tine Daung

Pyit Tine Daung

แชร์

We Serve you the best.

29/09/2026

🥗 မောင်မင်းကြီးတို့အကြိုက် တောင်တွင်းကြီးလက်ရာ သင်္ဘောသီးသုပ်

သင်္ဘောသီးသုပ်ဆို…
တောင်တွင်းကြီးလက်ရာလေးမှ ပိုပြီးအရသာရှိ ခံတွင်းတွေ့တာနော်😉

ကျွန်တော်ဆို ကြိုက်လွန်းလို့…
တစ်ခါစားရင် နှစ်ပွဲလောက် အသာလေးကုန်တယ်😋

🍐လတ်လတ်ဆတ်ဆတ် ခြစ်ထားတဲ့ သ‌င်္ဘောသီး
🧅ကြက်သွန်နီ ဆီချက်မွှေးမွှေး
🍤ပုဇွန်ခြောက်မှုန့်၊ပဲမှုန့် များများ နဲ့ စီးစီးပိုင်ပိုင် ရှိတဲ့ အရသာ

💯အလွတ်ပဲစားစား၊ထမင်းဆီဆမ်းလေးနဲ့ပဲ တွဲစားစား
တကယ်ရှယ်မိုက်တာနော်.. 👌

📍 မစားဖူးသေးရင် ဒီကိုလာပြီး မြည်းစမ်းကြည့်လိုက်…

😋 မောင်မင်းကြီးတို့အကြိုက် အချိုသုပ်လား
🌶️ မယ်မဒီလေးတို့အကြိုက် ချဉ်ချဉ်စပ်စပ်လား…

❤️ စားချင်တဲ့ အရသာနဲ့ ကွက်တိကျအောင် ပြင်ဆင်ပေးပါတယ်ဗျ...
#တောင်တွင်းကြီးသင်္ဘောသီးသုပ်

25/09/2026

ရင်ဘတ်ကြီးနဲ့ ပေါင်းခဲ့တဲ့ ဘော်ဒါတွေ မဆုံဖြစ်တာ ဘယ်လောက်တောင် ကြာနေပြီလဲ...??

🥺 မနက်ကနေ ညအထိ ကိုယ်စီ အလုပ်တွေ နဲ့ လုံးပန်းနေရလို့ အရင်က ဆိုးတူကောင်းဖက် ရှိခဲ့ကြတဲ့ ဘော်ဒါတွေတောင် အဆက်အသွယ် မလုပ်ဖြစ်၊ မဆုံဖြစ်တော့တာ အတော်ကြာခဲ့ပြီနော်

အရင်ကဆို ညနေစောင်းတာနဲ့ ဆိုင်ထိုင်ဖို့ ခေါင်းစဉ်အမျိုးမျိုးတပ် အကြောင်းမရှိ အကြောင်းရှာ ဆိုင်ကိုရောက်လာပြီး..🛵💨

🍻 ဘီယာလေးမော့လိုက် တော်ကီလေးဖုတ်လိုက် နဲ့

စိတ်ဓာတ်ကျတဲ့ ရက်တွေဆို အပြန်အလှန် ခွန်အားပေးရင်း အတူတူ ဖြတ်ကျော်ခဲ့ကြတာတွေက အခုချိန် ပြန်ပြောရင် ပါးစပ်ရာဇဝင် တစ်ခုလိုသာ ကျန်ခဲ့ပါပြီ။🫂

⏳ အချိန်တွေ ဘယ်လိုပဲ ပြောင်းပြောင်း၊ လူသစ်တွေ ဘယ်လောက်ပဲတွေ့တွေ့..

“အရင်က မင်းတို့နဲ့တူတူ သောင်းကျန်းခဲ့ကြတဲ့ နေ့ရက်တွေဟာ ငါ့အတွက် အဓိပ္ပါယ်အရှိဆုံး နဲ့ အလိုချင်ဆုံး အမှတ်တရရက်စွဲတွေပါပဲ ငါ့ကောင်တို့..”❤️🥂

🤜 “တစ်နေ့နေ့တော့ ပြန်ဆုံကြမယ်ကွာ”🤛

🍻 အခုတော့ မင်းတို့ကို လွမ်းလို့ “ပစ်တိုင်းထောင်”မှာ နည်းနည်းလောက် သွားကစ်လိုက်ဦးမယ်🤪🤪

24/09/2026

နိုင်ငံခြားသား ဘော်ဒါကို လက်ဖက်သုပ် စမ်းကျွေးကြည့်ဖူးလား..🥗

ဟိုတစ်နေ့က ဆိုင်မှာ လူလဲ ရှင်းနေတာမို့ ကိုယ့်ဟာကို လက်ဖက်သုပ် စားရင်း ဘေးက လူမျိုးခြားဘော်ဒါတစ်ယောက်ကို စမ်းကျွေးကြည့်လိုက်တာ..🇲🇲➡️

🤔 ပထမတော့..
သူ့အတွက် အဆန်းဖြစ်နေလို့လား မသိ၊ ဒါဘာကြီးလဲ ဆိုတဲ့ ရုပ်နဲ့ မစားချင်သလို ဖြစ်နေသေးတာ ဆရာသမားက (လက်ဖက်ကို သုပ်စားတာလဲ ကိုယ်တွေနိုင်ငံပဲ ရှိတာကိုး)😅

🥣အဲ့ဒါနဲ့ တစ်ဇွန်းလဲ မြည်းခိုင်းလိုက်ရော…နောက်နေ့ကစပြီး “လက်ဖက်မသုပ်တော့ဘူး”လားပဲ လိုက်မေးနေတော့တာ😆(ကြည့်ရတာ သူစားချင်ပေမဲ့ မသုပ်တတ်ပုံပဲ)

ဘာရယ်တော့ မသိ၊ကိုယ့်နိုင်ငံရဲ့ ရိုးရာ အစားအစာ တစ်ခုကို တခြား လူမျိုးတွေ ကြိုက်သွားတာမြင်ရင် စိတ်ထဲက အလိုလို ဂုဏ်ယူနေမိတယ်။❤️

🤔 ဘော်ဒါတို့ရော အလုပ်က မြန်မာမဟုတ်တဲ့ တခြားသူတွေကို လက်ဖက်သုပ် စမ်းကျွေးကြည့်ဖူးလား

သူတို့ရဲ့ Reaction တွေကရော ဘယ်လိုရှိလဲ?👇

ဒီက ကိုယ့်ကောင်ကတော့ နေ့တိုင်း လက်ဖက်သုပ်မှ လက်ဖက်သုပ် ဖြစ်နေပြီ။🥗

🇲🇲 နိုင်ငံခြားရောက်တုန်း အခွင့်သာရင် သာသလို ကိုယ့်နိုင်ငံက အစားအသောက်တွေ ဘယ်လောက်ကောင်းကြော်င်း ကြွယ်ပြကြနော်.😁😁

📞 𝐁𝐨𝐨𝐤𝐢𝐧𝐠 - 𝟎𝟗𝟏𝟎𝟏𝟎𝟓𝟓𝟑𝟑
📍 𝐏𝐲𝐢𝐭 𝐓𝐢𝐧𝐞 𝐃𝐚𝐮𝐧𝐠 (𝐁𝐁𝐐, 𝐁𝐚𝐫 & 𝐑𝐞𝐬𝐭𝐚𝐮𝐫𝐚𝐧𝐭)
𝟒𝟖𝟔, 𝐍𝐨.𝐃-𝟐, 𝐎𝐧 𝐍𝐮𝐭 𝐑𝐨𝐚𝐝, 𝐎𝐧 𝐍𝐮𝐭 𝐒𝐮𝐛𝐝𝐢𝐬𝐭𝐫𝐢𝐜𝐭, 𝐒𝐮𝐚𝐧 𝐋𝐮𝐚𝐧𝐠, 𝐁𝐚𝐧𝐠𝐤𝐨𝐤 𝟏𝟎𝟐𝟓𝟎
🕙 𝐎𝐩𝐞𝐧 𝐃𝐚𝐢𝐥𝐲
Mon - Fri : 4:00 PM ~ 12:00 AM
Sat - Sun : 10:00 AM ~ 12:00 AM

#လက်ဖက်သုပ်

Photos from Pyit Tine Daung 's post 21/09/2026

Great Taste knows No Borders 🗺️

ဟင်းပွဲတွေရဲ့အရသာကို ခံစားဖို့အတွက်ဆိုရင် လူမျိုးတူ/ ဘာသာစကားတူဖို့မလိုဘူးဆို အခု Google Review လေးတွေက သက်သေပါပဲ...

မြန်မာလူမျိုးတွေသာမက ထိုင်းလူမျိုးတွေနဲ့ နိုင်ငံတကာက စားသုံးသူတွေကပါ ပစ်တိုင်းထောင်က ဟင်းပွဲတွေ၊ ဝန်ဆောင်မှုနဲ့ Atmosphere ကို သဘောကျပြီး ရေးထားပေးတဲ့ Google Review လေးတွေပါရှင် 💯👍🏻

အခုလို Feedback တွေနဲ့ အားပေးစကားလေးတွေကြောင့် ပစ်တိုင်းထောင် Team Member တွေအကုန်လုံးလည်း အတိုင်းမသိဝမ်းသာကြည်နူးရပါတယ်နော်။ 🫶🏻

ပစ်တိုင်းထောင်ကို လာရောက်အားပေးပြီး Review လေးတွေရေးပေးကြတဲ့ စားသုံးသူ Customer တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးအထူးတင်ရှိပါတယ်။ နောက်ထပ်လည်း ပိုပြီးအရသာရှိတဲ့ ဟင်းပွဲတွေ၊ ပိုကောင်းတဲ့ ဝန်ဆောင်မှုတွေနဲ့ ကြိုဆိုနေပါ့မယ်ရှင်...🤙🏻

You don’t need to speak the same language or share the same culture to enjoy great food—and these Google Reviews are living proof!

Not only our local customers, but also Thai and international guests have fallen in love with Pyit Tine Htaung’s dishes, service, and atmosphere, leaving us so many wonderful Google reviews. 💯👍🏻

All of us on the Pyit Tine Htaung team are truly thrilled and touched by your amazing feedback and kind words of encouragement. 🫶🏻

We would like to express our heartfelt gratitude to every single customer who visited us and took the time to leave a review. We look forward to welcoming you back with even more delicious dishes and better service! 🤙🏻

🏛️ Pyit Tine Daung (BBQ, Bar & Restaurant)
📍486, No. D-2, On Nut Road, On Nut Subdistrict, Suan Luang, Bangkok 10250

🕒 Open Daily

Mon - Fri: 4:00 PM ~ 12:00 AM
Sat - Sun: 10:00 AM ~ 12:00 AM
Booking - 0910105533

18/09/2026

အလွမ်းဓာတ်ခံရှိသူတွေ မစားသင့်တဲ့ 1990 ဖက်ခေါက်ဆွဲကြော်🍜

ကလေးဘဝတုန်းက အဖေ အလုပ်က ပြန်လာရင် ပါလာလေ့ရှိတဲ့ ဖက်ရွက်စိမ်းနဲ့ ပတ်ထားတဲ့ ခေါက်ဆွဲကြော်ထုပ်ကို မောင်နှမတွေ ဝိုင်းဖွဲ့လုစားခဲ့ကြတဲ့ ညနေခင်းတွေကို မှတ်မိကြသေးလား🥺

ကုန်သွားမှာ စိုးလို့ သူ့ထက်ငါ အပြိုင်နှိုက်ရင်း စိတ်ကောက် ရန်ဖြစ်ခဲ့ရတဲ့ ငယ်ဘဝလေးတွေဟာ အခုချိန် ပြန်လိုချင်ရင်တောင် မရနိုင်တော့တဲ့ အလွမ်းဆုံး အမှတ်တရတွေပေါ့❤️

ဖက်ထုပ်လေးကို ဖွင့်လိုက်တာနဲ့ သင်းပျံ့လာမယ့် ခေါက်ဆွဲရနံ့လေးက စားချင်စဖွယ် မွှေးကြိုင်နေပေမဲ့ တစ်ချိန်တည်းမှာပဲ ငယ်စဉ်က မောင်နှမတွေ အတူရှိခဲ့တဲ့ အပျော်ရွှင်ရဆုံး အချိန်တွေကို ပြန်လည်နှိုးဆွပေးပြီး အိမ်ပြန်ချင်စိတ်တွေကို ထိန်းမရလောက်အောင် ဖြစ်စေမှာပါ....🏠

📷 ဓာတ်ပုံဟောင်းလေးတစ်ခုကို ပြန်ကြည့်လိုက်ရသလို အတိတ်က မှတ်ဉာဏ်တွေဆီ ပြန်ဆွဲခေါ်သွားမှာမို့ စိတ်မခိုင်ရင် မစမ်းကြည့်တာ အကောင်းဆုံးပါပဲ..

15/09/2026

ရိုးရှင်းပေမဲ့ မေတ္တာတွေ အပြည့်နဲ့ မြန်မာထမင်းဝိုင်း ❤️

ဆိုင်က ဟင်းပွဲတွေ အကြောင်းပဲ ပြောနေရလို့ ဒီတစ်ခေါက်မှာတော့ ချစ်စရာ ဓလေ့လေးတွေ ကိန်းအောင်းနေတဲ့ မြန်မာတို့ရဲ့ ရိုးရာထမင်းဝိုင်းလေးကို ပြန်ပြီး လွမ်းဆွတ်ချင်ပါတယ်။ 🥹

ဘာပကာသနမှ မပါဘဲ ရိုးရိုးရှင်းရှင်းနဲ့ စားချင်စဖွယ် ပြင်ဆင်ထားတဲ့ —

🍚 ပူပူနွေးနွေး ထမင်းဖြူ ရယ်
🥗 ငပိရည်၊ တို့စရာ အစုံအလင်
🍲 မေတ္တာအပြည့်နဲ့ ချက်ထားတဲ့ ဟင်းတစ်ခွက်
🥣 မပါမဖြစ် အရည်သောက်လေး တစ်ခွက်နဲ့

မိသားစုဝင်တွေ အားလုံး ဝိုင်းဖွဲ့စားသောက်ခဲ့ရတဲ့ အချိန်လေးက တကယ်ကို မေတ္တာတွေ အပြည့်နဲ့ ပျော်ဖို့ကောင်းခဲ့တာပါ။ စိတ်ထဲမှာလည်း ကြည်နူးစရာ အပြည့်ပေါ့… 🥰

ကြီးသူကို ဦးချ၊ ငယ်သူကို အကြင်နာတွေ ပိုရင်း တီးတိုးစကားတွေနဲ့ မောင်နှမတွေ စနောက် ပျော်ရွှင်ခဲ့ရတဲ့ ကာလတွေကို တမ်းတမိပေမဲ့ ပြန်မရနိုင်တော့ဘူး ထင်ပါရဲ့… 🥺

ရေမြေခြားမှာ ဘယ်လောက်ပဲ ကောင်းပါတယ်ဆိုတဲ့ ဟင်းလျာတွေ စားနေရပါစေ၊ အမေ့လက်ရာနဲ့ ပြင်ဆင်ထားတဲ့ ထမင်းဝိုင်းလေးရဲ့ နွေးထွေးမှုကိုတော့ ဖြစ်နိုင်ရင် တစ်ခေါက်လောက်တော့ ပြန်လိုချင်မိပါတယ်။ 💖🇲🇲

#မြန်မာ့ရိုးရာထမင်းဝိုင်း

11/09/2026

Bangkok ရောက်တုန်း မြန်မာအရသာစစ်စစ်တွေ လွမ်းရင် ဘယ်မှာသွားစားကြမလဲ?🍲

ပညာတော်သင်လာတဲ့ ကျောင်းသားတွေ၊ရေမြေခြားမှာ အလုပ်လာလုပ်တဲ့သူတွေ အတွက် တိုင်းရင်းသား အစားအစာတွေ တောင်းတမိတိုင်း အပြေးလေး လာလို့ရတာ ပစ်တိုင်းထောင်ပါ။😋 အရသာကလည်း အိမ်မှာစားရသလိုပဲဆိုတော့ အလွမ်းပြေစေမှာ အသေအချာပဲ။❤️

🥗 ကချင်၊ကရင်၊ရခိုင်၊ရှမ်း စတဲ့ တိုင်းရင်းသားရိုးရာ အစားအစာတွေကို သန့်ရှင်းသပ်ရပ်တဲ့ အပြင်အဆင်၊စွဲမက်ဖွယ် platting လှလှလေးတွေနဲ့ ပွဲထုတ်ပေးထားတာပါ။

🍻 ဘော်ဒါတွေနဲ့အတူ သောက်မလား၊စားမလား၊စကားလက်ဆုံကျမလား…vibe အပြည့်နဲ့ chill လို့ရတဲ့ နေရာလေးပေါ့..🥂

💯အလုပ်တွေပင်ပန်းလို့ပဲ ဖြစ်ဖြစ် ဒါမှမဟုတ် အားလပ်ရက်မှာ စိတ်ပြေလက်ပျောက် အပန်းဖြေချင်ရင် ပစ်တိုင်းထောင်ဘက်ကိုသာ လှမ်းလာခဲ့ဖို့ ဖိတ်ခေါ်ပါတယ်။

28/08/2026

🤔Friday ရောက်နေပြီ… ဘာလို့ စိတ်ညစ်စရာတွေ တွေးနေဦးမှာလဲ?

🎉ပစ်တိုင်းထောင် မှာ Vibe တင်ပြီး
TGIF Mood ကို fully enjoy လုပ်ရမယ့် အချိန်ရောက်ပြီ 🥂

🍻ဘော်ဒါတွေစုပြီး
အကောင်းဆုံး Friday Night အမှတ်တရတွေကို
ဒီမှာ အတူတူ ဖန်တီးကြရအောင် ...

တစ်ပတ်လုံး အလုပ်ထဲ မနားမနေ ကြိုးစားခဲ့သမျှ
ဒီညတော့ အရာအားလုံးကို ခဏမေ့ပြီး
Weekend လေးကို ပစ်တိုင်းထောင် မှာ အေးအေးချမ်းချမ်း စတင်လိုက်ပါနော် 🍹

27/08/2026

မြန်မာ့ရိုးရာအကြော်စုံ

ညနေခင်း အဆာပြေ သုံးဆောင်ဖို့ ကြွပ်ရွပြီး အရသာရှိတဲ့ အကြော်စုံပူပူလေးတွေ “ပစ်တိုင်းထောင်”မှာ ရပါပြီနော်!🥟

🤗ဆိုင်မှာပဲ ထိုင်စားမလား၊အိမ်ကို ပါဆယ် ယူသွားမလား…အမြဲလတ်ဆတ်နေဖို့ “ပစ်တိုင်းထောင်”က သန့်သန့်ရှင်းရှင်းနဲ့ ဂရုတစိုက် ပြင်ဆင်ပေးထားမှာပါ။❤️‍🔥

အကြော်စုံသာမကပဲ မြန်မာ့ရိုးရာ အစားအစာ မျိုးစုံကို သောက်စရာ Drink Menu အစုံအလင် နဲ့ တွဲဖက်သုံးဆောင်ချင်ရင် Bar vibe လေးနဲ့ပါ အေးဆေး chill လို့ရမယ့် “ပစ်တိုင်းထောင်”ကိုသာ လာခဲ့ဖို ဖိတ်ခေါ်ပါတယ်။🍻

📍 Pyit Tine Daung (BBQ, Bar & Restaurant)
🏠 486, No.D-2, On Nut Road, On Nut Subdistrict, Suan Luang, Bangkok 10250

⏰ Open Daily
🗓️ Mon - Fri : 4:00 PM ~ 12:00 AM
🗓️ Sat - Sun : 10:00 AM ~ 12:00 AM

📞 Booking - 0910105533

26/08/2026

😎ဘော်ဒါတွေ ဆုံလာပြီဆို “ပစ်တိုင်းထောင်” မှာ ဆွဲမယ်၊ ကဲမယ်ဗျာ! 🍻

“ပစ်တိုင်းထောင်” ဆိုတာ ကိုယ်တွေလို သောက်သောက်စားစား လူ့မင်းသားတွေ အတွက် သီးသန့် Chill Zone လေး တစ်ခုပေါ့! 🔥

🍗အမြည်းတွေကလည်း ရှယ်ကောင်း၊ သောက်စရာ စုံလင်တဲ့အပြင် Indoor / Outdoor နေရာ ကျယ်ကျယ်ဝန်းဝန်း ရှိလို့ vibe ကလည်း ပြောစရာမလိုဘူး! 🎶

💯စိတ်တူကိုယ်တူ ဘော်ဒါတွေဆိုတာ ဆုံပြီဆိုတာနဲ့ ထွေထွေထူးထူး တိုင်ပင်မနေဘူး… အားလုံးက တစ်နေရာတည်းကိုပဲ ခြေဦး လှည့်ပြီးသား! 🤜🤛

📍ဘယ်နေရာလဲ သိတယ်မလား … Onnut Plaza ဘေးက "ပစ်တိုင်းထောင်" ဆိုတဲ့ သုခဘုံလေး ဆီပေါ့! 🥳

𝐏𝐲𝐢𝐭 𝐓𝐢𝐧𝐞 𝐃𝐚𝐮𝐧𝐠 (𝐁𝐁𝐐, 𝐁𝐚𝐫 & 𝐑𝐞𝐬𝐭𝐚𝐮𝐫𝐚𝐧𝐭)
𝟒𝟖𝟔, 𝐍𝐨.𝐃-𝟐, 𝐎𝐧 𝐍𝐮𝐭 𝐑𝐨𝐚𝐝, 𝐎𝐧 𝐍𝐮𝐭 𝐒𝐮𝐛𝐝𝐢𝐬𝐭𝐫𝐢𝐜𝐭, 𝐒𝐮𝐚𝐧 𝐋𝐮𝐚𝐧𝐠, 𝐁𝐚𝐧𝐠𝐤𝐨𝐤 𝟏𝟎𝟐𝟓𝟎

𝐎𝐩𝐞𝐧 𝐃𝐚𝐢𝐥𝐲
Mon - Fri : 4:00 PM ~ 12:00 AM
Sat - Sun : 10:00 AM ~ 12:00 AM

𝐁𝐨𝐨𝐤𝐢𝐧𝐠 - 𝟎𝟗𝟏𝟎𝟏𝟎𝟓𝟓𝟑𝟑


#

ต้องการให้ธุรกิจของคุณขึ้นเป็นอันดับหนึ่งในหมวด บาร์ ที่ Bangkok หรือไม่?
คลิกที่นี่เพื่อรับประกาศแบบสปอนเซอร์ของคุณ

ที่อยู่


D 2, 486 On Nut Road, On Nut, Suan Luang
Bangkok
10250

แจ้งเตือน

รับทราบข่าวสารและโปรโมชั่นของ Pyit Tine Daungผ่านทางอีเมล์ของคุณ เราจะเก็บข้อมูลของคุณเป็นความลับ คุณสามารถกดยกเลิกการติดตามได้ตลอดเวลา

สมัคร

เราจะแจ้งให้คุณทราบในกรณีที่มีการอับเดทข้อมูลใน Bangkok.