Simple Life MM

Simple Life MM

แชร์

I will always post funny videos and photos.

11/08/2026

အစကသဘောမပေါက်ဘူး ...‘ဘာလဲပေါ့’🤔 ... ‘ စိုးမိုးကြည် ’ အင်တာဗျူးကြည့်ပြီးမှပဲ သ‌ဘောပေါက်သွားတော့တယ်... 🤣🤣🤣🤣

゚viralシfypシ゚ ゚viralシfypシ゚viralシalシ ゚

11/08/2026

ဟင်...အဲ့တာက ယူလာလို့ ရတယ်လား..🙄🙄🙄
‘ထီး’လောက်တော့လုပ်ကြပါ ကလေးတို့ရေ... 😅😅😅

゚ ゚viralシ

11/08/2026

‘ ရနောင် မောင်မောင်တုတ် ’ .....
မင်းတုန်းမင်း နန်းတက်တော့ ရတနာပူရမြို့သစ်တည်ပြီး စံမြန်းတယ်။
ယနေ့ မန္တလေးနန်းမြို့တော်ပေါ့....။

မင်းတုန်းမင်းကြီး နာမကျန်းဖြစ်နေတော့ ရတနာပုံနန်းတွင်းရေးဟာ အတော်ရှုပ်ထွေးနေတယ်...။
မင်းတုန်းမင်းရဲ့ မိဖုရား ‘ရှင်ဖြူမရှင်’ဟာ နန်းတွင်းမှာ အာဏာ အရှိဆုံးဖြစ်နေပါတယ်...။

ဖြတ်ပြောရရင်အဲ့ဒီ ‘ဆင်ဖြူမရှင်’ဟာ ‘နန်းမတော်မယ်နု’ရဲ့ သမီးထွေးပါ။ သူမိဖုရားဖြစ်တော့လည်း နန်းတွင်းမှာ ဓားထက်လိုက်ပုံက ‘မအေ့ခြေရာနင်းတဲ့ သမီး’လို့ ပြောရမယ်...။

သူ့အမေ ‘နန်းမတော်မယ်နု’ကို ကွပ်မျက်ဖို့ ပါးကွက်သားတွေက ဆွဲခေါ်လာတော့ အ-သတ်ခံရတော့မယ် အမေ့ဘေးမှာ ငိုယိုရင်း လိုက်ပါလာတဲ့ ကလေးလေးကို သနားလို့ ဘယ်သူလဲမသိဘူး မွေးစားလိုက်ရာကနေ ဆင်ဖြူမရှင်ရယ်လို့ မိဖုရားဖြစ်လာတာ...။ (သမိုင်းပြန်ရှာကြည့်ပါဦးမယ်)

မင်းတုန်းလွန်ရင် ဘယ်သူထီးနန်းဆက်ခံ
မလဲဆိုတာ နန်းတွင်းမှာ အာ_ဏာလုနေချိန်...။နောက်ဆုံး ဓား_ထက်တဲ့
‘ဆင်ဖြူမရှင်’က မင်းညီမင်းသား/မင်းသမီး များပါမချန် ဖမ်း-ဆီးပြီး အကုန်ကွပ်-မျက်ပစ်လိုက်ပါ‌တော့တယ်...။

‘သီပေါမင်းသား’ကိုတော့ မ-သတ်ဘဲ သမီးတော်‘စုဖုရားလတ်’နဲ့ ထိမ်းမြားပေးပြီး နန်းတင်ပါတယ်...။

‘သီပေါဘုရင်’ နန်းရတဲ့ကိစ္စမှာ စွမ်းစွမ်းတမံကူညီပေးခဲ့တဲ့ ‘မောင်မောင်တုတ်’ဟာ
‘သီပေါမင်းသား’ ဘုရင်ဖြစ်လာတဲ့အခါ သူကောင်းပြုခြင်းကို ခံရပါတယ်...။

(သီပေါမင်းသားကို ထောင်ထဲကနေ ထမ်းထုတ်ပြေးတာ မောင်မောင်တုတ် တဲ့)... ဘယ်လောက် သူကောင်းပြု အခွင့်အရေး ပေးခံရသလဲဆိုရင်
မောင်မောင်တုတ်ကို ဘုရင့်လက်ချက်ဖြင့် မ-သေ-စေရာဆိုတဲ့ဆုကိုတောင် ရရှိထားပါတယ်...။

ဆိုလိုတာက သူ့ကို ဘုရင်က သေ-ဒဏ်အပြစ်ပေးလို့ မရတာပါ...။
သူ့ကို ‘ရနောင်မြို့’ကို စားစေလို့... ‘ရနောင်မောင်မောင်တုတ်’ရယ် လို့ အမည်တွင်တာပါတယ်...။

သူသည်လည်း ‘မောင်အို’ကဲ့သို့ပင် မင်းညီမင်းသားအဆောင်အယောင်ဖြင့် နန်းတော်တွင်း ဝင်ခွင့်ရသူ တစ်ဦးပါ...။

ဘုရင့်မျက်နှာသာ အပေးခံရတဲ့‘မောင်မောင်တုတ်’ဟာ ထင်တိုင်းကျဲပါတော့တယ်။

ဘုရင်တင်မက နန်းတော်မှာ သြဇာအကြီးဆုံး ‘ဆင်ဖြူမရှင်’နဲ့ ‘စုဖုရားလတ်’ တို့ရဲ့ မျက်နှာပေးခြင်းကိုလဲ ခံရတော့ အတိုင်းထက်အလွန် ဖြစ်လို့ နေပါတယ်...။

နန်းတွင်း/နန်းပြင် ‘မောင်မောင်တုတ်’သြဇာကြီးလာတယ်...။

‘မောင်မောင်တုတ်’ဟာ မိန်းမကိစ္စ အရမ်းဝါသနာပါတယ်...။
မိန်းမ ဘယ်နှစ်ယောက်မှန်း‌တောင် မသိ ယူပါတယ်...။

လင်ရှိမယား ဖြစ်ပါစေ သူ မျက်စိကျရင် ရအောင်ယူတယ်...။
နာမည်ကျော် ‘ဆင်ခိုးမလေး’ ဇာတ်မှာ ‘မောင်မောင်တုတ်’က ဇာတ်လိုက်ကျော်ပါ...။

နောက်ဆုံးမှာတော့ သူ့ကို မျက်နှာသာပေးခဲ့တဲ့‘စုဖုရားလတ်’ ရဲ့ ငြိုငြင်ချင်း ခံရပြီး ဖမ်းဆီးသုတ်-သင် ခံလိုက်ရပါ‌တော့တယ်။

တကယ်က ‘လည်လွန်းတဲ့ဘီး ချေးသင့်’တာပါ.. ။
‘သီပေါဘုရင်’ကို ‘ဒိုင်းခင်ခင်’နဲ့ အောင်သွယ်ပေးမှုက အဓိက အပြစ်ကြီး ဖြစ်ပါတယ်...။
‘စုဖုရားလတ်’က အဲ့ကိစ္စနဲ့ပတ်သက်ပြီး
သူ့ကို လုံးဝခွင့်မလွှတ်ဘဲ အ-ဆုံး-စီရင်လိုက်တာပါ...။

‘လူမိုက်ဇာတ်သိမ်း ဘယ်လှပါ့မလဲ...?’
ဒီလူတွေရဲ့ ဘဝဇာတ်သိမ်းဟာ
မလှသလို ဒီလိုလူတွေကို မြေတောင်မြှောက်ပေးနေတဲ့ဘုရင်တွေ အုပ်ချုပ်သူတွေရဲ့ ခေတ်ကလည်း ကျ-ဆုံးကြတာ များတယ် လို့ ကောက်ချက်ဆွဲနိုင်ပါတယ်...။

နောက်ဆုံး ‘မာဃဒေဝလင်္ကာ’လေးနဲ့ ပိတ်လိုက်ချင်ပါတယ် ...

“မတန်ရာ
သဒ္ဓါလွန်မြောက်
ကျွန်ကိုမြှောက်က
မျောက်ကိုချစ်ငြား
ခြူဆွဲမှားသို့
နားမချမ်းသာ
ရှိတတ်စွာ၏”...... ။

゚viralシfypシ゚ ゚viralシfypシ゚viralシalシ

10/08/2026

ဘာ‘မ’ဖြစ်ဖြစ်...‘မ’ဖြစ်ဖို့ပဲလိုတယ် ... 🤣🤣🤣

゚ryoupageviralシ゚urtoipv ゚ryoupageviralシ゚urto #𝙛𝙤𝙧𝙮𝙤𝙪𝙥𝙖𝙜𝙚𝙫𝙞𝙧𝙖𝙡シ゚ ゚viralシfypシ゚ ゚viralシfypシ゚viralシalシ

10/08/2026

ABC အကြီး,အသေး ရွတ်ဆိုနည်း အမှန် 😅😝😂🤣

#အမှန် ゚ ゚viralシfypシ゚ ゚viralシfypシ゚viralシalシ ゚viralシfypシ゚ ゚viralシfypシ゚viralシalシ ゚

10/08/2026

နဂါးမောက်သီး + သလဲသီး = ✨ Perfect Match ✨
ကျွန်တော်ရဲ့ ပထမဦးဆုံး AI videoလေးပါ ... 🥰💯
​
゚ryoupageviralシ゚urtoipv ゚ryoupageviralシ゚urto #𝙛𝙤𝙧𝙮𝙤𝙪𝙥𝙖𝙜𝙚𝙫𝙞𝙧𝙖𝙡シ゚ ゚viralシfypシ゚ ゚viralシfypシ゚viralシalシ

10/08/2026

အမယ်...ကြက်ဥတောင် ‘Pro’တဲ့ဟ လခွမ်း...😖 ‘Pro’တောင် ၇၀၀ks ဆိုတော့ ‘pro max'ဆိုရင် ၁၅၀၀ksလောက်ပေးရမလားပဲ ... 🤨😒😝😂

゚ ゚viralシ

09/08/2026

ညညဆိုရင် ဘာလုပ်လို့ လုပ်ရမှန်းမသိ….. ‘အိပ်’မယ်လို့ စိတ်ကူးတော့လဲ ‘မအိပ်’ချင်ပြန်ဘူး... တစ်ယောက်ထဲ ‘လေလွင့်’နေတာ ... 😥😁😝😂

゚viralシ ゚viralシfypシ゚ ゚viralシfypシ゚viralシalシ ゚

09/08/2026

‘ဆရော်ကာနဲ့ လော်ကင်ပြိုင်လု လိုက်တာ’ စာမေးပွဲကျသွားတယ်တဲ့... 🙄 ဟယ် အစွမ်း တော့ ... 😁😝😅😂

゚viralシfypシ゚

09/08/2026

မြန်မာရာဇဝင်မှာ ဘုရင့်အရှိန်အဝါကိုသုံးပြီး အာဏာပါဝါပြခဲ့တဲ့ ဘုရင့်ထက် ကြောက်ရသူတွေ ရှိခဲ့ပါတယ်...။

အဲဒီထဲကမှ ဖတ်မှတ်ခဲ့ဖူးတဲ့လူတချို့အကြောင်းကို ရေးပြချင်ပါတယ်...။

“ စလင်းမြို့စား မောင်အို ”.....
အင်းဝခေတ် မြန်မာသက္ကရာဇ် ၁၁၈၁ မှာ နန်းတက်တဲ့ ဘကြီးတော်မင်းရဲ့ မိဖုရားခေါင်ကြီးဟာ မယ်နု ဖြစ်ပါတယ်...။

နန်းမတော်မယ်နုလို့ လူသိများတယ်။
မယ်နုရဲ့ အကိုက ‘မောင်အို’ ပါ...။

ဘုရင်က မိန်းမကြောက်ရတော့ နန်းတွင်းမှာ မယ်နုပြောရင်းပြီး ပဲ၊ အတွန့်မတက်နဲ့ ဇက်ပြတ်သွားမယ်...။
မယ်နုက အာဏာထက်လေတော့ သူ့အကို မောင်အိုလည်း အာဏာပါဝါရလာပါတယ်...။
ဘုရင်က...သူ့ယောက်ဖ ‘မောင်အို’ကို စလင်းမြို့ကို စားစေတယ်။

အစကတော့ ‘ စလင်းမြို့စားမောင်အို ’ပေါ့...။နောက်မှာတော့ ‘စလင်းမင်းသားကြီး
မောင်အို’ ရယ်လို့ ဖြစ်လာတယ်...။

‘မောင်အို’ဟာ မင်းညီမင်းသား မဟုတ်ပေမယ့် မင်းသားအဆောင်အယောင်ကို ခံစားခွင့်ရထားပါတယ်...။

ဘုရင်က ခပ်ညံ့ညံ့ဆိုတော့ နန်းတွင်းရေးရာတွေမှာ ‘မောင်အို’တို့ မောင်နှမသာ ချယ်လှယ်နေပါတော့တယ်...။

‘မောင်အို’ဟာ မင်းညီမင်းသားအဆောင်အယောင်နဲ့ လွှတ်ရုံးတက်ခွင့်ရတယ်။

နန်းတွင်း ရာထူးအတင်အချကိစ္စတွေ
ချယ်လှယ်ခွင့်ရခဲ့ပါတယ်။သူတို့မောင်နှမကို ဆန့်ကျင်တဲ့လူဆို ဘုရင့်အမျိုးအဆွေတောင်မရှောင် သုတ်သင်ပါ‌တယ်။

ကြာတော့အင်းဝနန်းတွင်းမှာ ‘မောင်အို’တို့မောင်နှမကို စေ့စေ့ကြည့်ဝံ့ သူတောင် မရှိသလောက် ဖြစ်လာတယ်လို့ ဆိုပါတယ်။

နောက်ဆုံး ‘မောင်အို’ဟာ အိမ်ရှေ့ဥပရာဇာ ‘သာယာဝတီမင်းသား’ကိုတောင် လုပ်ကြံပြီး ထီးနန်းသိမ်းပိုက်ဖို့အထိ ကြံလာတယ်...။

အုပ်ချုပ်နေတဲ့ဘုရင်ကလည်း မိန်းမနဲ့ ယောက်ဖ တလွဲလုပ်နေတာကို မသိတာလား၊ သိလျက်နဲ့ မတားတာလား မသိ...။
ညီတော် အိမ်ရှေ့မင်းသားက မယ်နုတို့မောင်နှမဒဏ်ကို မခံနိုင်တဲ့အဆုံး လူသူ စုဆောင်းပြီး အင်းဝကို ပုန်ကန်ပါတယ်...။
အင်းဝ ကျတယ်...။
‘မောင်အို’တို့ မောင်နှမလည်း ကွပ်မျက် သုတ်သင်ခံလိုက်ရတယ်...။
လူမိုက်ဇာတ်သိမ်း မလှဖြစ်ရလေတယ်...။

၂ # “ဘိုင်ဆပ်”...
အင်းဝကို ပုန်ကန် အောင်မြင်တော့
သာယာဝတီမင်းက အင်းဝမှာ ထီနန်းမစိုက်ဘဲ အမရပူရမှာ ထီးနန်းပြောင်းစိုက်တယ်..။

သူနတ်ရွာလားတော့ သူ့သား ပုဂံမင်းက
ထီနန်းဆက်ခံတယ်....။
ပုဂံမင်းဟာ အလွန်ညံ့သောဘုရင်ဖြစ်တယ်လို့ ဆိုရမယ်...။

တိုင်းရေးပြည်ရေး၊ ထီးနန်းရေးရာတွေကို ပစ်ပယ်ပြီး၊ အရက်သောက်/ကြက်တိုက်/နွားတိုက်....အကောင်ပလောင်လေးတွေဖမ်း... စတဲ့အလုပ်နဲ့သာ အချိန်ကုန်နေပါ‌တော့တယ်...။

သူ့ဝါသနာကို မင်းသားဘဝမှာ ကတည်းက ဖြည့်ဆည်းပေးခဲ့သူ
‘ဘိုင်ဆပ်’ကို မျက်နှာသာ အရမ်းပေးထားတယ်...။

နောက်ဆုံး အဲ့ဒီ‘ဘိုင်ဆပ်’ကို မြို့ဝန်ရာထူးပါ ပေးအပ်လိုက်ပါတော့တယ်...။
‘ဘိုင်ဆပ်’ဟာ အမရပူရအနီးက ဗုန်းအိုးလို့
အမည်ရတဲ့ (ဗုန်းအိုးရွာ ယခုထိ ရှိနေဆဲ) ရွာက မုဆိုးတယောက်ပါ...။

ဘာပညာအရည်အချင်းမှ မရှိသော်လည်း ဘုရင့်အလိုကျ နိုင်ငံခြားအရက်များ ရှာဖွေဆက်သတဲ့နေရာမှာ၊ အကောင်ပလောင်ဖမ်းနည်းများမှာ ကျွမ်းကျင်ပါတယ်...။

ချုပ်ပြီးပြောရရင် ‘ဘိုင်ဆပ်’ အာဏာရလာတယ်...။
သူ့ လက်ရုန်း တပည့်က ‘မောင်ပိန်’ (နောင်မှာ တောင်သမန်ကို သစ်သားတံတား ဖြတ်ဆောက်ပြီး ဦးပိန်တံတားလို့ နာမည်တွင်စေသူ)။

‘ဘိုင်ဆပ်နဲ့ မောင်ပိန်’ပေါင်းပြီး အမရပူရနန်းတွင်း/နန်းပြင် မွှေလိုက်တာ ရစရာမရှိအောင် ဖြစ်ခဲ့တယ်...။

မြန်မာသူဌေးသူကြွယ်တွေကို အမှုဆင်ဖမ်းတယ်၊ လာဘ်ငွေရမှ လွှတ်ပေးတယ်။
ဘုရင့်အမိန့်ဆိုပြီး...အိမ်ဝန်းတွေထဲ မြေကြီးတွေ တူးပြီးရှာတယ်၊ ရွှေအိုးငွေအိုးတွေတွေ့ရင် သိမ်းတယ်၊သမီးပျိုပေါင်း များစွာကို ငွေကြေး၊ အာဏာတို့နဲ့ ချိန်းခြောက်ပြီး သိမ်းပိုက် ဖျက်းဆီးတယ်။

လင်ရှိမယားဖြစ်ရင် လင်ကို အမှုဆင်ဖမ်းပြီးကွပ်မျက် မိန်းမကို သိမ်းပိုက်တယ်၊၊
‘ အမှတ်မမှားဘူးဆိုရင်...’
အမရပူရဆိုတာ အ ရယ်၊ မရ ရယ်၊ ပူရ ရယ်ကိုပေါင်းထားတာ။
အ / မရ / ပူရ...
အ = ‘မရှိ’
မရ (မရဏ) = ‘သေခြင်း’
ပူရ = ‘မြို့သေခြင်းကင်းတဲ့မြို’ လို့ သမုတ်ထားတာဖြစ်တယ်...။

အဲ့လို သမုတ်ခံရတဲ့ မြို့မှာ ဘိုင်ဆပ်နဲ့ မောင်ပိန်ကြောင့် လူအများ ကိုယ်စိတ်နှလုံး ချုံးချုံးကျ ဖြစ်ကြရတယ်...။

အဲ့နှစ်ကောင်ဟာ တဖြည်းဖြည်းအာဏာရလာရင်း... ဘယ်လောက်ထိ ယုတ်မာလာသလဲဆိုရင် အမရပူရထီးနန်းကိုပါ သိမ်းပိုက်လို့ ဘုရင်အဖြစ်စံမြန်းဖို့ ကြံလာပါ‌တော့တယ်...။

ဘုရင်ကို အယုံသွင်းပြီး အင်းဝက နန်းတော်ဟောင်းကို ဖျက်လို့ တောင်သမန်အင်းကိုဖြတ် တံတားဆောက်တယ်။

အကြံကနန်းတော်ကို သိမ်းတဲ့အခါ
သူ့နောက်လိုက် ကု-လားတွေ ‘ဗုန်းအိုး’ရွာကနေ နန်းတော်ကို အလွယ်တကူ လာရောက်နိုင်ဖို့ပါ...။

တံတားရှိတော့ တောင်သမန်ရေပြင်ကို လှေတွေ သမ္မာန်တွေနဲ့ ဖြတ်စရာ မလိုအောင် ကြံထားတာလို့ ဆိုတယ်။

နောက်ဆုံးမှ ... ကံအားလျော်စွာ ဘုရင်က သူတို့အကြံကို သိသွားပြီး ဖမ်းဆီးကွပ်မျက်လိုက်တော့တယ်။‘ ဘိုင်ဆပ်’ရဲ့ မူရင်းနာမည်က ‘ဘိုင်ဆပ်’မဟုတ်ဘူးလို့လဲ ဆိုပါတယ်။

ကု-လားလို ဘိုင်ဆပ် ဆိုတာက မြန်မာလို သခင် လို့ အဓိပ္ပာယ်ဖြစ်ပါသတဲ့....။
ဆိုတော့..... အမရပူရ နန်းတော်တခုလုံး၊ မူးကြီးမတ်ရာ သေနာပတိကအစ သူ့ကို သခင်ကြီး ရယ်လို့ ခေါ်ခဲ့ကြရတာဖြစ်ပါတယ်...။

မြန်မာတွေကို နံနှိမ်ပြီး ခေါ်ခိုင်းတာရယ်လို့လည်း ပါးစပ်ရာဇဝင်တွေမှာ ကြားဖူးခဲ့တယ်။

တခု ထည့်ပြောချင်တာက
ခုချိန်မှာ ဦးပိန်တံတား ဦးပိန်တံတားလို့ ခေါ်နေကြတဲ့တောင်သမန်တံတားဟာ တကယ်တော့ မြန်မာ့အမွေအနှစ် အင်းဝရွှေနန်းတော်ကြီးကို ရည်ရွယ်ချက်ရှိရှိ
စနစ်တကျ ဖျက်ဆီးရကနေ ရလာတဲ့
(ခုချိန်တော့ ကမ္ဘာက အသိအမှတ်ပြု ဂုဏ်ယူနေရတဲ့ ) ကြက်သားဟင်းနဲ့ ချဉ်ပေါင်ဟင်း အလဲခံလိုက်ရတဲ့တံတားသာဖြစ်တယ်။

゚viralシ ゚viralシfypシ゚

ต้องการให้ธุรกิจของคุณขึ้นเป็นอันดับหนึ่งในหมวด บริษัทสื่อ ที่ Chiang Mai หรือไม่?
คลิกที่นี่เพื่อรับประกาศแบบสปอนเซอร์ของคุณ

เว็บไซต์

ที่อยู่


Chiang Mai
50000

เวลาทำการ

จันทร์ 07:00 - 22:00
อังคาร 07:00 - 22:00
พุธ 07:00 - 22:00
พฤหัสบดี 07:00 - 22:00
ศุกร์ 07:00 - 22:00
เสาร์ 07:00 - 22:00
อาทิตย์ 07:00 - 22:00

แจ้งเตือน

เป็นคนแรกที่รู้ข่าว: เราจะส่งอีเมลแจ้งเมื่อ Simple Life MM โพสต์ข่าวสารและโปรโมชั่น อีเมลของคุณจะไม่ถูกนำไปใช้เพื่อวัตถุประสงค์อื่น และคุณสามารถยกเลิกการรับข่าวสารได้ทุกเมื่อ

สมัครรับข่าวสาร

เราจะแจ้งให้คุณทราบเมื่อมีความเคลื่อนไหวใน Chiang Mai