Language Pathways

Language Pathways

แชร์

“Learn, Speak, Succeed”

23/09/2026

တစ်နှစ်ကလည်း ထိုင်းစာBasic မနှစ်ကလည်း Basic ဒီနှစ်လည်း Basic ဖြစ်နေတုန်းဆိုတဲ့ လူလေးတွေ ရှိကြလားရှင့် 😹

အဲ့လိုဆိုရင်တော့ နှစ်မကုန်ခင် စာကို Basic ကနေLevel Up သွားအောင် သေသေချာချာ focus လုပ်သင့်နေပါပြီနော် 🫶🏻 Language အသစ်တွေမှာ ကိုယ့်ကိုကိုယ် invest လုပ်ထားတာက Productive ဖြစ်တဲ့ နည်းလမ်းတခုဆိုလည်း မမှားပါဘူး။

အဲ့ဒါကြောင့်မို့ ကလေးပဲဖြစ်ဖြစ် လူကြီးပဲဖြစ်ဖြစ် Language Pathways မှာ ထိုင်းစာ Group Class လေးတွေရော One on one လေးတွေရော ရှိတာမို့ ကိုယ့်အဆင်ပြေတဲ့အတန်းကို စတင်ပြီးအပ်နှံတက်ရောက်လို့ရပါပြီ။ အဲ့အပြင် သူငယ်ချင်းနှစ်ယောက် တူတူအပ်ရင် တစ်ယောက်50% off promotion, သုံးယောက်တူတူအပ်ရင် တစ်ယောက် free promotion လေးတွေလည်းရှိတာမို့ ဒါမျိုးအတန်းမှ မတက်ရင် ဘယ်အတန်းကို တက်မလဲနော်။👀

အတန်းအသေးစိတ်ကို စုံစမ်းမေးမြန်းလိုပါက Page messenger မှာ ဆက်သွယ်မေးမြန်းနိုင်ပါတယ်ရှင့်။💜

#ထိုင်းစာအတန်း
#ကလေးထိုင်းစာအတန်း

22/09/2026

ဒီနေ့မှာတော့ ကလေးတွေရဲ့ ထိုင်းဘာသာစကား အခြေခံကောင်း တည်ဆောက်ခြင်း အဆင့် ၃ ဆင့်ကို Knowledge Sharing အနေနဲ့ ပြောပြပေးသွားမှာဖြစ်ပါတယ် ။👀

ထိုင်းစာ လုံးဝ မသင်ဖူးသေးတဲ့ သားသားမီးမီးတို့ အကောင်းဆုံးနဲ့ အမြန်ဆုံး တတ်မြောက်ဖို့ ဒီအဆင့် ၃ ဆင့် မဖြစ်မနေ လိုအပ်ပါတယ်နော်...🫶🏻

ပထမဆုံး အဆင့်ကတော့ အသံထွက် နားထောင်လေ့ကျင့်ခြင်း ပါ။ ကလေးတွေကို စာလုံးတွေ ချက်ချင်း အတင်းကျက်ခိုင်းတာထက် အသံ အတက်အကျနဲ့ သံစဉ်တွေကို သီချင်းလေးတွေ၊ ကာတွန်းလေးတွေကနေ အရင် ရင်းနှီးစေရပါမယ်။ ဥပမာ - မေမေ ကို (Mae) လို့ ခေါ်သံကြားတာနဲ့ အဓိပ္ပာယ်ကို သဘာဝအတိုင်း တွဲမှတ်မိသွားစေတာမျိုးပေါ့။

ဒုတိယအဆင့်ကတော့ ဗျည်း၊ သရ ပေါင်းစပ်ဖတ်ရှုခြင်း ပါ။ အသံနဲ့ ရင်းနှီးပြီးပြီဆိုရင် ဗျည်းနဲ့ သရကို အခြေခံကစပြီး တည်ဆောက်ပေးရပါမယ်။ ဥပမာ - ဗျည်း 'ကော်ကိုင်' (ก) နဲ့ သရ 'အာ' (–ာ) ပေါင်းလိုက်ရင် 'ကာ' (กา) ဆိုပြီး စာဖတ်သံလေးတွေ စတင်ပေါင်းစပ်တတ်လာပါလိမ့်မယ်။

နောက်ဆုံး တတိယအဆင့်ကတော့ လက်တွေ့ နေ့စဉ်သုံး စကားပြောအဖြစ် အသုံးချခြင်း ပါပဲ။ ဖတ်တတ်တာတင် မဟုတ်ဘဲ မနက်ခင်းမှာ 'สวัสดี' (Sawadee ka/krub) နှုတ်ဆက်တာမျိုး၊ 'กินข้าว' (Kin khao) ထမင်းစားမယ် စတဲ့ စကားလုံးလေးတွေကို အိမ်မှာပါ လက်တွေ့သုံးခိုင်းခြင်းအားဖြင့် ထိုင်းစကားကို ပိုပြီး ယုံကြည်မှုရှိရှိ ပြောထွက်လာမှာပါ။

ဒီအဆင့် ၃ ဆင့်လုံး ပြည့်စုံအောင် စနစ်တကျ သင်ယူမှသာ ထိုင်းစကားပြောတိုးဆက်မှာဖြစ်ပါတယ်
ဒါကြောင့် အရေး၊ အဖတ်၊ အပြော အပြင် စကားပြောသီးသန့်ပါ လေ့ကျင့်ပေးမဲ့ စိတ်ချယုံကြည်ရတဲ့ ထိုင်းစကားပြောအတန်းကို သားသားမီးမီးတို့အတွက်ရှာဖွေနေတဲ့မိဘများအတွက်
Language Pathways ရဲ့ All in One Thai Class လေးရှိပါတယ်ရှင့်။

ဒီ Class က ပုံမှန် ၁၉၉၉ ဘတ် ကျသင့်မှာဖြစ်ပေမဲ့ အခု Promotion အထူးစျေး ၁၅၉၉ ဘတ်တည်းနဲ့ Language Pathways မှာ အပ်နှံနိုင်ပါပြီဖြစ်တာမို့

ထိုင်းမှာ အခြေချနေထိုင်မဲ့ မိသားစုများရဲ့ အဖိုးတန်
သားမီးမီးတို့ ထိုင်းစကား နဲ့ပတ်သက်ပြီး အခြေခံကောင်းရရှိစေဖို့ အခုပဲ Page Messenger ကနေ အမြန်ဆုံး ဆက်သွယ်လိုက်တော့နော်...💜✨

#ကလေးထိုင်းစာအတန်း #ထိုင်းစာအတန်း

19/09/2026

“ ၆နှစ်အထက်ကလေးများအတွက် Basic 4 skills အင်္ဂလိပ်စာသင်တန်းနဲ့ ၄ နှစ်မှ ၆နှစ်ကလေးများအတွက် Jolly phonics အင်္ဂလိပ်စာသင်တန်း” 🎉

အသက် ၄ နှစ်ကနေ ၆ နှစ်အထက် ကလေးတွေအတွက် Englishစာကို အခြေခံကနေ ထိထိရောက်ရောက် သင်ကြားပေးမဲ့ အတန်းတွေလာပါပြီ။

ဖေဖေမေမေတို့ရဲ့ သားသားမီးမီးတွေကို ငယ်ငယ်ရွယ်ရွယ်နဲ့ အင်္ဂလိပ်စကားကို မကြောက်ဘဲ ယုံကြည်မှုရှိရှိ ပြောထွက်စေချင်တယ် မဟုတ်လားရှင့်❓❓

ဒါကြောင့် အသက် ၄နှစ်ကနေ ၆နှစ်အရွယ် အခုမှ Englishစာကို စထိတွေ့မဲ့ ကလေးတွေအတွက်
အခြေခံကစ အသံထွက်မှန်မှန်နဲ့ စာဖတ်အားကောင်းစေမယ့် Jolly Phonics Class နဲ့၊ အသက် ၆နှစ်အထက် ကလေးတွေအတွက် နားထောင်၊ အပြော၊ အဖတ်၊ အရေး အခြေခံအကုန်လုံးကို ပိုင်နိုင်သွားစေမယ့် English စာ Basic 4 Skills Class ဆိုပြီး Language Pathways ကနေ အတန်းခွဲတွေကို October လဆန်းမှာ ဖွင့်လှစ်ပေးမှာဖြစ်ပါတယ်!"

သင်ယူရမဲ့ ပုံစံကလည်း အရမ်းကို အဆင်ပြေပါတယ်နော်...သင်တန်းကာလ ၃ လအတွင်းမှာ —

ချင်းမိုင်မှာ နေထိုင်တဲ့ ကလေးတွေအတွက် ဆရာ/ဆရာမ ကိုယ်တိုင် အိမ်အရောက် ၁ ယောက်ချင်း (1-on-1) အနီးကပ် သေချာ ဂရုတစိုက်သင်ပေးမဲ့
Home Tutoring Service ရှိသလို၊ တခြားမြို့က ကလေးတွေအတွက်လည်း အပြန်အလှန် လေ့ကျင့်ခန်းတွေ အပြည့်ပါတဲ့ Interactive Group Online Class နဲ့ Zoom က နေ သင်ယူနိုင်ပါတယ်ရှင့်။

ကလေးတစ်ယောက်ချင်းစီရဲ့ အားနည်းချက်၊ အားသာချက်ကို သေချာထိန်းကျောင်းပေးတာမို့ စာသင်ချိန်ပြီးတာနဲ့ ကလေးတွေ အင်္ဂလိပ်စာ အရည်အသွေး သိသိသာသာ တိုးတက်လာတာကို မေမေတို့ တွေ့မြင်ရမှာပါရှင်။✨

အခု စောစော အပ်နှံသူတွေအတွက် သီးသန့် Early Bird Promotion လည်း ရှိနေတာမို့ လူဦးရေ မပြည့်ခင် သားသားမီးမီးတို့ရဲ့ အတန်းအတွက် အခုပဲ Page Messenger ကနေ အမြန်ဆုံး ဆက်သွယ် စုံစမ်းအပ်နှံလိုက်တော့နော်ရှင့်။ 👀💜

13/09/2026

“ထိုင်းစကားပြောတဲ့အခါ အသံထွက် Tone နည်းနည်းလေး လွဲသွားတာနဲ့ ကိုယ်ပြောချင်တာနဲ့ လုံးဝတစ်လွဲစီ ဖြစ်သွားနိုင်တယ် ဆိုတာ သိလား❓"

ထိုင်းစကားပြောတဲ့အခါ စကားလုံး အလွတ်ကျက်ရုံနဲ့ မပြီးပါဘူး။ အသံ အတက်အကျ (Tones ၅ မျိုး) နဲ့ Phonetics အသံထွက် စနစ်ကို အခြေခံကစပြီး သေချာ ပိုင်နိုင်ထားဖို့ အရမ်း အရေးကြီးပါတယ်✨

အထူးသဖြင့် သားသားမီးမီးတို့လို ကလေးငယ်တွေရဲ့ အရွယ်ဟာ အသံထွက်တွေကို အမှန်ဆုံး အတုယူနိုင်တဲ့ အကောင်းဆုံး အချိန် (Golden Age) ဖြစ်တာကြောင့်

ငယ်ရွယ်စဉ်မှာကတည်းက စနစ်တကျ အသံထွက် လေ့ကျင့်ပေးထားရင် ကြီးလာတဲ့အခါ ထိုင်းလူမျိုး စစ်စစ်တွေလို သဘာဝကျကျ အသံထွက် ပြောဆိုနိုင်မှာ ဖြစ်ပါတယ်။

ကိုယ့်ရဲ့ ကလေးတွေကို အသံထွက်ကအစ အခြေခံ ခိုင်ခိုင်မာမာနဲ့
ထိုင်းစကား သွက်သွက်လက်လက် ပြောစေချင်တဲ့ မိဘတွေအတွက်
Language Pathways မှာ All in one Thai Language အတန်းသစ်လေး ဖွင့်လှစ်ပေးလိုက်ပါပြီ။

ဒီ online zoom သင်တန်း မှာဆိုရင် ဗျည်း၊ သရ၊ အရေး၊ အဖတ်၊ အပြော အခြေခံ 4 Skills အပြင်၊ စကားပြော သီးသန့် လေ့ကျင့်ပေးတဲ့ အတန်းပါ တစ်ခါတည်း ပေါင်းစပ် ပါဝင်တာကြောင့် ကလေးတွေအနေနဲ့ အသံထွက်ရော စကားပြောပါ ဘက်စုံ ကျွမ်းကျင်သွားစေမှာပါ။

စိတ်ဝင်စားတယ်ဆို messenger က စုံစမ်းနိုင်ပါပြီရှင့် 📲

11/09/2026

September လမှာဖွင့်လှစ်မယ့် jolly phonics အတန်းလေးလဲရှိတာမို့လို့ အသေးစိတ်ကို page messenger မှာဆက်သွယ်စုံစမ်းနိုင်ပါတယ်💜

11/09/2026

"ကိုယ့်သားသားမီးမီးလေးတွေကို ထိုင်းစာစသင်ပေးတော့မယ်ဆိုရင် ဗျည်းတွေ၊ သရတွေ အလွတ်ကျက်ခိုင်း၊ စာလုံးပေါင်းတာပဲ သင်ပေးရင်း ကလေးက စိတ်မပါတော့ဘဲ ငြီးငွေ့သွားတာမျိုး ကြုံဖူးကြတယ် မဟုတ်လား မေမေတို့ရေ..."✨

စာပဲရေးတတ်ပြီး ပါးစပ်က ဘာမှထွက်မပြောတတ်တော့ ကလေးအတွက် စကားပြောအတန်း ထပ်ရှာပေးရနေလားမျိုးဖြစ်ကြလား…❓❓

စကားပြောတတ်ပြီး စာဖတ်အားနည်းတဲ့ကလေးအတွက် အတန်းထပ်ရှာပေးရနဲ့ မေမေတို့အတွက် အချိန်ရောငွေရော နှစ်ခါကုန်ရတဲ့ ဒုက္ခက မသေးပါဘူးနော်။"

တကယ်တော့ ကလေးတွေရဲ့ သဘာဝက အရေး၊ အဖတ်နဲ့ စကားပြောကို တစ်ပြိုင်နက်တည်း ပျော်ပျော်ပါးပါး တွဲသင်ပေးမှ လက်တွေ့မှာ ရဲရဲဝံ့ဝံ့ ပြန်ပြောရဲကြတာပါ။ ဒါကြောင့် Language Pathways ကနေ အခြေခံက စလေ့လာမဲ့ ကလေးတို့အတွက် ထိုင်းစာ ကို 4skills + စကားပြောအပါ 'All in One Class' ကို ပြင်ဆင်ပေးထားပါတယ်။

Zoom နဲ့ တင်မယ့် online အတန်းမှာ ထိုင်း ဗျည်း၊ သရနဲ့အသံထွက် အခြေခံကို ကလေးနားလည်လွယ်မယ့် ပုံစံနဲ့ စနစ်တကျ သင်ပေးမှာဖြစ်သလို... ပုံပြင်လေးတွေ၊ နေ့စဉ်သုံး စကားပြောလေးတွေကတစ်ဆင့် ထိုင်းလို ပြန်ပြောထွက်လာအောင် လေ့ကျင့်ပေးသွားမှာမို့လို့ အတန်းနှစ်ခု ခွဲအပ်စရာ မလိုတော့ပါဘူးနော်။

ဒီအတွက် သင်တန်းကြေးက "ပုံမှန် 1999 ဘတ် ကျသင့်တဲ့ အတန်းကို အခု Promotion အနေနဲ့ 1599ဘတ်တည်းနဲ့ “ အပ်နှံနိုင်ပါပြီ။ စက်တင်ဘာလကုန် စဖွင့်မှာ ဖြစ်ပြီး ကလေးတွေကို သေချာ ဂရုစိုက်နိုင်ဖို့အတွက် လူဦးရေ ကန့်သတ်ထားတာမို့ အခုပဲ Language Pathways Page Messenger ကနေ အမြန်ဆုံး စာရင်းပေးသွင်းလိုက်ဖို့မမေ့နဲ့နော် မေမေတို့ရေ။ 👀💜

07/09/2026

Kid Thai Basic 4 skills အတန်းကို လာမဲ့နေ့ ၁၁ရက်နေ့မှာ နောက်တကြိမ် ပြန်လည်ဖွင့်လှစ်တော့မှာမို့ ကိုယ့်ရဲ့သား”မီး”လေးအတွက် ထိုင်းစာအခြေခံကောင်းအောင်လို့ Promotion လေးတွေ လူမပြည့်ခင်မှာ ဖေဖေမေမေတို့ မြန်မြန်ဆန်ဆန်အပ်လိုက်ကြရအောင်နော့်👀💜✨

03/09/2026

Jolly Phonics အတန်းလေးမှာ တီချယ်တစ်ယောက် ကလေးတွေနဲ့အတူ ဘယ်လိုသင်ကြားနေလဲဆိုတာကို ကြည့်ကြရအောင် ။ 👀💜

02/09/2026

2ရက်စွန်းသွားလည်း မင်မင်စောင့်နေဆဲပါရှင့် ။ သူပြန်လာတာကိုပဲစောင့်နေတာမဟုတ်ဘဲ ချစ်သောလေးတွေ အတန်းလာအပ်မှာကိုလည်း ဒီကမင်မင်စောင့်နေပါတယ်ရှင့်။ 🤣🫶🏻

31/08/2026

Vacancy Alert‼️
We are Hiring WFH Language Instructors ✨

Junior Thai Language Instructor (Full Time/Work From Home)- 2 posts

⏰Mon to Fri- ညနေ ၄နာရီမှ ည ၁၀ နာရီ
⏰Sat,Sun - ညနေ ၄နာရီမှ ည၁၀နာရီအတွင်း(အတန်းချိန်ရှိသည့်အချိန်များတွင်သာသင်ကြားပေးရပါမည်)
တစ်ပတ်တွင် တစ်ရက်ပိတ်ရက်ပေးသည်။

(သို့)
⏰Mon to Fri- ညနေ ၄နာရီမှ ည၁၀နာရီ
⏰Sat,Sun - မနက်၈နာရီမှနေ့လည် ၂နာရီအတွင်း
(အတန်းချိန်ရှိသည့်အချိန်များတွင်သာသင်ကြားပေးရပါမည်)
တစ်ပတ်တွင် တစ်ရက်ပိတ်ရက်ပေးသည်။

📆အထက်ပါ timetable ၂ ခုမှနှစ်သက်ရာတစ်ခုကိုရွေးချယ်လျှောက်ထားနိုင်ပါသည်။

Job Requirements :
📌Thai Language (Advanced) level ရှိရမည်။

📌one on one class နှင့် group class ၂ တန်းသင်ကြားနိုင်သူဖြစ်ရမည်။

📌၄ နှစ်နှင့်အထက်ကလေးများသင်ရမည်ဆိုပါကစိတ်ရှည်စွာသင်ကြားပေးနိုင်သူဖြစ်ရမည်။

📌Thai Language နဲ့ ပတ်သက်ပြီး Qualified ဖြစ်ကြောင်း ပြသနိုင်တဲ့ Certificate ရှိရမည်။

📌အချိန်ကိုလေးစားပြီး မိမိ အလုပ်ကို တာဝန်ယူမှုရှိသူဖြစ်ရမည်။ရေရှည်လက်တွဲ လုပ်ကိုင်နိုင်သူဖြစ်ရပါမည်။

📌အပတ်စဉ် သင်တန်း page အတွက် video တစ်ပုဒ်စီရိုက်ပေးရပါမည်။

လျှောက်ထားလိုပါက [email protected] သို့ CV form, (ထိုင်းဘာသာစကား) ဖြင့် မိမိကိုယ်ကိုယ် မိတ်ဆက် video ( 1 min video ) နှင့် expected salary အား ပို့ပေး၍ ဆက်သွယ် လျှောက်ထားနိုင်ပါသည်။

Bilingual Language Instructor (Full Time/Work From Home)- 2 posts

⏰Mon to Fri- ညနေ ၄နာရီမှ ည ၁၀ နာရီ
⏰Sat,Sun - ညနေ ၄နာရီမှ ည၁၀နာရီအတွင်း(အတန်းချိန်ရှိသည့်အချိန်များတွင်သာသင်ကြားပေးရပါမည်)
တစ်ပတ်တွင် တစ်ရက်ပိတ်ရက်ပေးသည်။

(သို့)
⏰Mon to Fri- ညနေ ၄နာရီမှ ည၁၀နာရီ
⏰Sat,Sun - မနက်၈နာရီမှနေ့လည် ၂နာရီအတွင်း
(အတန်းချိန်ရှိသည့်အချိန်များတွင်သာသင်ကြားပေးရပါမည်)
တစ်ပတ်တွင် တစ်ရက်ပိတ်ရက်ပေးသည်။

📆အထက်ပါ timetable ၂ ခုမှနှစ်သက်ရာတစ်ခုကိုရွေးချယ်လျှောက်ထားနိုင်ပါသည်။

Job Requirements :
📌English & Thai Language (Advanced) level ရှိရမည်။

📌one on one class နှင့် group class ၂ တန်းသင်ကြားနိုင်သူဖြစ်ရမည်။

📌၄ နှစ်နှင့်အထက်ကလေးများသင်ရမည်ဆိုပါကစိတ်ရှည်စွာသင်ကြားပေးနိုင်သူဖြစ်ရမည်။

📌English & Thai Language နဲ့ ပတ်သက်ပြီး Qualified ဖြစ်ကြောင်း ပြသနိုင်တဲ့ Certificate ရှိရမည်။

📌အချိန်ကိုလေးစားပြီး မိမိ အလုပ်ကို တာဝန်ယူမှုရှိသူဖြစ်ရမည်။ရေရှည်လက်တွဲ လုပ်ကိုင်နိုင်သူဖြစ်ရပါမည်။

📌အပတ်စဉ် သင်တန်း page အတွက် video တစ်ပုဒ်စီရိုက်ပေးရပါမည်။

လျှောက်ထားလိုပါက [email protected] သို့ CV form, (ထိုင်းဘာသာစကားနဲ့ အင်္ဂလိပ်စကား) ဖြင့် မိမိကိုယ်ကိုယ် မိတ်ဆက် video ( 2 min video ) နှင့် expected salary အား ပို့ပေး၍ ဆက်သွယ် လျှောက်ထားနိုင်ပါသည်။

ต้องการให้โรงเรียนของคุณขึ้นเป็นอันดับหนึ่งในหมวด โรงเรียน ที่ Chiang Mai หรือไม่?
คลิกที่นี่เพื่อรับประกาศแบบสปอนเซอร์ของคุณ

หมวดหมู่

เบอร์โทรศัพท์

เว็บไซต์

ที่อยู่


Chiang Mai
50230

แจ้งเตือน

เป็นคนแรกที่รู้ข่าว: เราจะส่งอีเมลแจ้งเมื่อ Language Pathways โพสต์ข่าวสารและโปรโมชั่น อีเมลของคุณจะไม่ถูกนำไปใช้เพื่อวัตถุประสงค์อื่น และคุณสามารถยกเลิกการรับข่าวสารได้ทุกเมื่อ

สมัครรับข่าวสาร

เราจะแจ้งให้คุณทราบเมื่อมีความเคลื่อนไหวใน Chiang Mai