Lin Pyae

Lin Pyae

แชร์

ข้อมูลติดต่อ แผนที่และเส้นทาง แบบฟอร์มติดต่อ เวลาทำการ บริการ คะแนนรีวิว รูปภาพ วิดีโอ และข่าวสารจาก Lin Pyae, นักดนตรี, 21/61 ม.2 ถ.เจ็ดยอด-ช่างเคี่ยน ต.ช้, Chiang Mai

02/08/2026

Congratulations illicit 🔥❤️
အမှတ်တရပါပဲဗျာ

Photos from Lin Pyae's post 17/07/2026

“သီချင်းလေးတွေဖြစ်မြောက်ဖို့ နောက်ကွယ်ကနေ ကူညီပေးခဲ့ကြသူများအားလုံးကို အထူးကျေးဇူးတင်ရှိပါသည်။"
မင်္ဂလာပါ ခင်ဗျာ။ ကျွန်တော့်ရဲ့ ပထမဆုံး တေးစု ဖြစ်တဲ့ “သူငယ်ချင်းအတွက်” [For A Friend] ဆိုတဲ့ EP လေးကတော့ ရိုးရိုးသားသားနဲ့ ထွက်ရှိလာနိုင်ခဲ့ပါပြီ။ ဒီသီချင်းလေးတွေကိုအစကနေ အဆုံးထိ အကောင်းဆုံးဖြစ်မြောက်အောင် နောက်ကွယ်ကနေ အဖက်ဖက်က ဝိုင်းဝန်းကူညီပေးခဲ့ကြတဲ့ တစ်ယောက်ချင်းစီတိုင်းကို အထူးပဲ ကျေးဇူးတင်ရှိကြောင်း ပြောပါရစေ။
Listen here - https://youtu.be/Qfl0szfvzus
တေးစုထဲမှာ Track ၄ ပုဒ်ပါဝင်ပြီး Title တွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်ခင်ဗျာ
Track I - ကမ္ဘာသစ်
Track II - ကြိုး
Track III - ဇာတ်ရှုပ်
Track IIII - သူငယ်ချင်းအတွက်
ဒီနေ့မှာတော့ သူငယ်ချင်းမိတ်ဆွေများနဲ့ တူတူ နားထောင်လို့ရအောင် Track IIII နဲ့ II ကို သီချင်းရေးဖြစ်ခဲ့တဲ့ ကာလတုန်းက visual အချို့ နဲ့ ခံစားလို့ရအောင် Music Video ပုံစံမျိုးလေး တင်ပေးလိုက်ပါတယ်။ ကျန်တဲ့ နှစ်ပုဒ်အပါဝင် “သူငယ်ချင်းအတွက်” တေးစု တစ်ခုလုံးကို နောက်ပိုင်းမှာတော့ Streaming လုပ်လို့ရအောင် ကြိုးစားသွားပါမယ် (လုပ်ပုံလုပ်နည်းများလည်း အကြံပြုနိုင်ပါတယ်ခင်ဗျာ)၊ Streaming မလုပ်နိုင်ခင်ကြားထဲ ၄ ပုဒ်လုံး နားထောင်ချင်ရင်တော့ chat ကနေ လာရောက်ဝယ်ယူနိုင်ပါတယ်၊ ကံကောင်းထောက်မလို့ ရောင်းရခဲ့သည်ရှိသော် ရသမျှငွေကို လွတ်လပ်စွာ ဖန်တီးမှုအပေါ် အသုံးပြုသွားမှာပဲဖြစ်ပါတယ်။
သီချင်း ၄ ပုဒ်လုံးကိုတော့ ကျွန်တော်ကိုယ်တိုင်ပဲ ရေးသားထားပြီး
Violin - Ko Mhn Dei
Mixing & Mastering - Ko Zin Maung Thant
Recording Studio - Buss Audio Production
Producer - A New Burma (Thank you so much for the “For the Love of Being Free” ART Grant Program. I couldn’t have made this without the help from A NEW BURMA!)
တို့မှ အဓိက ကူညီပေးခဲ့ကြတာဖြစ်ပါတယ်၊ အဖက်ဖက်က ကူညီပေးခဲ့ကြတဲ့ စီနီယာများ၊ ညီအစ်ကို မောင်နှမများ၊ မိသားစုနှင့် အားပေးကြတဲ့ မိတ်ဆွေများအားလုံးကို အစဉ်အမြဲ ကျေးဇူးတင်လျက် ရှိပါတယ်။ နားဆင်ပေးကြတဲ့သူတိုင်းလည်း စိတ်ကျေနပ်မှု ရရှိကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
ရှေ့ဆက်ပြီးတော့လည်း ပိုမိုကောင်းမွန်တဲ့ ဖန်တီးမှုတွေနဲ့ ကြိုးစားသွားပါဦးမယ်။

Listen here - https://youtu.be/Qfl0szfvzus

"A heartfelt thank you to everyone behind the scenes who helped bring these songs to life."
Hello everyone.
My very first EP, “သူငယ်ချင်းအတွက်” [For A Friend], has finally been released in its truest form. I would like to express my deepest gratitude to each and every individual who supported and helped me from start to finish to make this project possible.
This EP features 4 tracks:
Track I - New World (ကမ္ဘာသစ်)
Track II - Kyo’ (ကြိုး)
Track III - Complicated (ဇာတ်ရှုပ်)
Track IV - For A Friend (သူငယ်ချင်းအတွက်)
Today, I am releasing Track II and Track IV as music videos, featuring some visuals captured during the time these songs were written, so you can experience them together with your friends.
As for the entire "For A Friend" EP, including the other two tracks, I am working on getting them onto streaming platforms soon (any advice or tips on how to do this is highly welcome!). In the meantime, if you'd like to listen to all 4 tracks before they hit streaming platforms, you can purchase them directly through my chat. If I am fortunate enough to make some sales, all proceeds will go right back into supporting independent creative freedom.
All 4 songs were written by myself, with the incredible support and collaboration of:
Violin: Mhn Dei
Mixing & Mastering: Zin Maung Thant
Recording Studio: Buss Audio Production
Producer: A New Burma (Thank you so much for the “For the Love of Being Free” ART Grant Program. I couldn’t have made this without the help from A NEW BURMA!)
I am forever grateful to all the seniors, brothers, sisters, family, and friends who have supported me in every possible way. I truly hope everyone who listens finds joy and satisfaction in these songs.
I will keep striving to bring you even better creations in the future. Thank you!

02/07/2026

To The End Of the Sea Of Clouds - Acoustic Live
သီချင်းရေးဖြစ်ခဲ့တဲ့နေရာမှာပဲ အမှတ်တရ live ဖြစ်ခဲ့ပါတယ်၊
ကူညီတီးခတ်ပေးတဲ့ ကိုထက်ကိုလည်းကျေးဇူးတင်ပါတယ်။

Guitar - Ko Htet Arkar
Location - Zinmè Teahouse

24/06/2026

"To the end of the sea of clouds"

Written & Produced - Lin Pyae

YouTube https://youtu.be/ddgoIpmR7Jw?si=yvJjzTRFiIGEWh3

16/05/2026

ဘာမှမတင်ဖြစ်တာ ၆လတောင် ရှိတော့မယ်ဗျ၊ သီချင်းအသစ်လေးတွေ လာဖို့ရှိတယ်နော့် ၊ ပေါ့ပေါ့ပါးပါးလေးတွေပဲ

26/02/2026

မင်္ဂလာပါ ၊ တာ့တာ

11/02/2026

Jamming

28/01/2026

track name - ကြိုး / ပျက်တောက်တတ်သောကြိုးများ

ဆုံးဖြတ်မှရမယ်
ဘဝရဲ့ မျှော်လင့်ချက် အပိုင်းအစတို့အတွက်
နောက်ကျနေဝင်လို့မသွားခင်
နောက်ကျနေဝင်ချိန်လေးမရောက်ခင်

သီချင်းတစ်ပုဒ်ရဲ့အဓိပ္ပာယ် အစက ပြန်ရှင်းပြဖို့မလိုဘူး
ကိုယ့်ရဲ့ဒဏ်ရာ ကိုယ်ဆေးတာ
ကိုယ့်ရဲ့ဒဏ်ရာ ကိုယ်ဆေးခြင်းပါ

ညဉ်ငှက်ရဲ့ တေးသံ
အဝေးက ကြယ်ကလေးတို့ နှလုံးသားထဲ
အေးမြခိုလှုံခွင့်ပေးပါ
အေးမြခိုလှုံခွင့်ကလေးပေးပါနော်

နှိုးစိတ်ရဲ့ အသိနဲ့
မီးခိုးနံ့ကလေးများ နှုတ်ဆက်ကြချိန်
အဆုံးသတ်မှာ ကျနော်တစ်ယောက်ထဲ
နောက်ကျ အိမ်ပြန်ချိန်လေးပေါ့ကွယ်

05/12/2025

မူလ နာမည်ကတော့ အပိုင်းအစပေါ့
နောက် ဝေဒနာငယ်လေးတဲ့ ၊ ဘာမှလည်း မဆိုင်ဘူး 😭

But lyrics လေး သေချာ ခံစားလို့ရအောင် တင်ပေးလိုက်ပါတယ်

ต้องการให้บุคคลสาธารณะของคุณขึ้นเป็นอันดับหนึ่งในหมวด บุคคลสาธารณะ ที่ Chiang Mai หรือไม่?
คลิกที่นี่เพื่อรับประกาศแบบสปอนเซอร์ของคุณ

หมวดหมู่

เว็บไซต์

ที่อยู่


21/61 ม.2 ถ.เจ็ดยอด-ช่างเคี่ยน ต.ช้
Chiang Mai

แจ้งเตือน

เป็นคนแรกที่รู้ข่าว: เราจะส่งอีเมลแจ้งเมื่อ Lin Pyae โพสต์ข่าวสารและโปรโมชั่น อีเมลของคุณจะไม่ถูกนำไปใช้เพื่อวัตถุประสงค์อื่น และคุณสามารถยกเลิกการรับข่าวสารได้ทุกเมื่อ

สมัครรับข่าวสาร

เราจะแจ้งให้คุณทราบเมื่อมีความเคลื่อนไหวใน Chiang Mai