Labor Focus

Labor Focus

แชร์

Labor Rights Defense and Promote Promote labor rights

04/09/2026

အလုပ်သမား ၃,၀၀၀ နဲ့အတူ နောက်ကွယ်က မိသားစုဝင်ပေါင်းများစွာဆက်စပ်ထိခိုက်သွားနိုင်တဲ့ Teng Hui စက်ရုံကြီး ပိတ်သိမ်းမှု နောက်ကွယ်
၄ စက်တင်ဘာ၊၂၀၂၆
ရန်ကုန်တိုင်း၊ ထန်းတပင်မြို့နယ်၊ ရိုးကြီးရွာတွင် အလုပ်သမား (၃,၀၀၀) ကျော် လုပ်ကိုင်နေပြီး ကမ္ဘာကျော် H&M အမှတ်တံဆိပ် ချုပ်လုပ်ပေးနေသည့် ၁၃ နှစ်သက်တမ်းရှိ Teng Hui Myanmar သိုးမွှေး အထည်ချုပ်စက်ရုံကြီးကို လာမည့် စက်တင်ဘာလကုန်တွင် ပိတ်သိမ်းတော့မည်ဟု စက်တင်ဘာ (၂) ရက်နေ့တွင် ဝန်ထမ်းများအား အသိပေးခဲ့ပါတယ်။ ပြည်ပအော်ဒါ ရရှိမှု နည်းပါးလာခြင်း၊ စက်ပစ္စည်း အပိုပစ္စည်းနှင့် ကုန်ကြမ်း တင်သွင်းရ ခက်ခဲလာခြင်းတို့ကြောင့် ရပ်တည်ရန် မဖြစ်နိုင်တော့သည့် အခြေအနေရောက်ရှိသွားခဲ့ကြတာပါ။
မြန်မာနိုင်ငံမှ စက်ရုံအထည်ချုပ် လုပ်သားအများစုသည် သာမာန်အားဖြင့် ပိုပိုလျှံလျှံ စုဆောင်းနိုင်လောက်သည့် လုပ်ခလစာမျိုး ရရှိကြသူများ မဟုတ်ဘဲ နယ်မြို့များရှိ မိသားစု၏ စားဝတ်နေရေး၊ ကျန်းမာရေးနှင့် ပညာရေး စရိတ်များကို လစဉ် လွှဲပြောင်း ထောက်ပံ့ပေးနေရသူများ ဖြစ်ပါတယ်။ ယခုကဲ့သို့ စက်ရုံ ပိတ်သိမ်းလိုက်သည့်အတွက် အလုပ်သမား (၃,၀၀၀) ကျော် အလုပ်လက်မဲ့ဖြစ်ရုံတင် မဟုတ်ဘဲ ၎င်းတို့အပေါ် အမှီပြုနေရသည့် နယ်မှ မိသားစုဝင်များစွာပါ စားဝတ်နေရေး ကျပ်တည်းသွားကြရတာ ဖြစ်ပါတယ်။
Macroeconomics သဘောတရားအရ စက်ရုံပိတ်လိုက်ခြင်းသည် အလုပ်သမားများကိုသာမက သွယ်ဝိုက်သောအားဖြင့် အသိုင်းအဝိုင်း တစ်ခုလုံးကို ရိုက်ခတ်သွားစေပါတယ်။ အလုပ်သမားများ ဝင်ငွေမရှိတော့ပါက ရပ်ကွက်အတွင်းရှိ ကုန်စုံဆိုင်၊ စားသောက်ဆိုင်၊ အိမ်ငှားဈေးကွက်နှင့် လိုင်းကား/ဘီးသုံးဘီး ပြေးဆွဲသူများပါ ဝင်ငွေကျဆင်းသွားကြရပါတယ်။ ထိုမှတစ်ဆင့် ကုန်သည်များနှင့် ကုန်ထုတ်လုပ်သူများအထိ ကွင်းဆက်လိုက် သုံးစွဲအား (Purchasing Power) နည်းပါးသွားကာ ဒေသတွင်း စီးပွားရေး လည်ပတ်မှုကို ကျဆင်းသွားစေပါတယ်။
အထည်ချုပ်တွေ သိန်းချီငတ်တော့ အိမ်ခြံမြေက ထမင်းကျွေးထားနိုင်လား? အထည်ချုပ်ကရှာပေးတဲ့ GDP အိမ်ခြံမြေကပေးနိုင်လား?
အထည်ချုပ်စက်ရုံအကြီးပိတ်တာကြားရတာ စိတ်တော်တော်မကောင်းပါ။ ဒီအမျိုးသမီးအများစုရဲ့နောက်မှာ ကလေးသူငယ်တွေရှိမယ်။ သက်ကြီးမိဘတွေရှိမယ်
ဒီဖြစ်ရပ်ဆိုးတွေဟာ မြန်မာ့ဘဏ်သူဌေးတွေဟာ ငွေမည်းတွေကို စနစ်ထဲထိုးထည့်နေတယ်လို့ စုံစမ်းသိရှိရာကနေစတယ်
ဒီတော့ မြန်မာ့ဘဏ်တွေကို ကမ္ဘာ့ဘဏ်ကွန်ယက်ထဲကနေ မဖယ်ရင် ငွေမည်းတွေဟာ မြန်မာ့ဘဏ်တွေကနေတဆင့် နိုင်ငံတကာဘဏ်တွေထဲရောက်လာမှာဖြစ်လို့ မြန်မာ့ဘဏ်တွေကို ကမ္ဘာ့စနစ်ကနေ ဖြတ်ထုတ်ပစ်မှာပါ။ အမေရိကန် ပြည်မကြီးတရုပ် နဲ့ တောင်ကိုရီးယား ဂျပန် စတဲ့ ကမ္ဘာတဝှမ်းမှနိုင်ငံတွေပါဝင်သော FATFမှ အရေးယူဆောင်ရွက်မှုဖြစ်စဉ်ရဲ့အကျိုးဆက်ဖြစ်ပါတယ်။
ဖြစ်စဉ်ကိုခြုံပြောရရင်APGအဖွဲ့က မြန်မာကို ၂၀၀၈မှာ လာစစ်ခဲ့တယ်။၂၀၁၈မှာ ၂၀၀၉-၂၀၁၈ကြား ဘာတွေဖြစ်နေလဲဆိုပြီး နောက်ဆက်တွဲလာစစ်ခဲ့တယ်
ဘာတွေ့လဲ?
- ဘဏ်တွေရဲ့ချေးငွေအလွဲသုံးစားမှု
- အိမ်ခြံမြေခရိုနီတွေနဲ့ ဘဏ်ခရိုနီတွေ ပူးပေါင်းဈေးကစားမှု
- ဈေးကစားရာမှာ ဗဟိုဘဏ်ရဲ့ပါဝင်ပတ်သက်မှု
- ကျားဖြန့်ငွေ မူးယစ်ငွေတွေကို ဘဏ်စနစ်ထဲထည့်သွင်းပေးနေနဲ့ ဗဟိုဘဏ် ခရိုနီဘဏ်တွေနဲ့ အိမ်ခြံမြေခရိုနီတွေ ပူးပေါင်းဆောင်ရွက်နေမှု
ဒါကြောင့် ဒီငွေကြေးမသမာမှုတွေကို ရပ်တန့်ဖို့ ပြုပြင်ပြောင်းလဲရေး Action Planကို FATFက ၂၀၁၈မှာ ထုတ်ပြန်ပေးတယ်။ ဒါကို မလိုက်နာလို့
- ၂၀၂၀မှာ ပိုမိုစောင့်ကြည့်ဖို့ မီးခိုးရောင်စာရင်းထဲ မြန်မာကိုထည့်ခဲံတယ်။
- ၂၀၂၁-၂၂မှာ ဘဏ်နဲ့ အိမ်ခြံမြေဈေးကစားတာ ပိုတောင်ဆိုးလာလို့ အပြင်းထန်ဆုံးစောင့်ကြည့်ရမယ့် အမည်မဲစာရင်းထဲ ၂၀၂၂မှာရောက်တယ်။
- ၂၀၂၃-၂၆မှာ ပိုတောင်ဆိုးလာလို့ ကမ္ဘာ့ဘဏ်စနစ်ကနေ ဖယ်ထုတ်ရမယ်ဆိုတဲ့ အရေးယူမှုမျိုးကို လာမယ့် လအနည်းငယ်အတွင်း ဆောင်ရွက်လာနိုင်တယ်။
- ဒါဆို အထည်ချုပ် Export Import ၊ဆန်သမား၊ ပဲသမား၊ မြန်မာမှာရှိသမျှအလုပ် ၉၅%လောက် ပိတ်ပစ်ရမှာ ဖြစ်လာနိုင်တယ်။
ဒီတော့ ဆယ်သက်စားမကုန်တဲ့ ဘဏ်ခရိုနီနဲ့ အိမ်ခြံမြေခရိုနီတွေ ကိုယ်ကျိုးရှာတာကို ဆက်ခွင့်ပြုထားမလာ? ထမင်းငတ်နေပြီဖြစ်တဲ့ တရက်လုပ်မှ တရက်စားရတဲ့ အထည်ချုပ်၊ လယ်သမား၊ တောင်သူ ၊အလုပ်သမားလခစားတွေ ငတ်သေမယ့်လမ်းကို ရွေးမလား?
တကမ္ဘာလုံးက လုပ်ပါလို့တိုက်တွန်းနေတဲ့ ငွေမည်းတိုက်ဖျက်မှုပြုပြင်ပြောင်းလဲရေး Action Planကို ရွေးတုအစိုးရအနေဖြင့် လိုက်ပါအကောင်အထည်ဖော်မလားဆိုတဲ့ အပေါ်မူတည်နေပါတယ်။

Photos from Labor Focus's post 29/06/2026

အဖွဲ့စည်းပေါင်းစုံ၏ ဘုံရန်သူကိုဦးတည်တိုက်ရေး ကန်ပိန်း လှုပ်ရှားမှု

29/06/2026

ဖလမ်ဆောင် မှာ သေနပ်ပြစ်ခံရပြီးသေးဆုံး မြန်မာရွှေ့ပြောင်းလုပ်သားသုံးယောက် သတင်း အပြည့်အစုံ

Photos from Labor Focus's post 28/06/2026

ဘုံရန်သူကိုဉီးတည်တိုက်ရေး အဖွဲ့အစည်းပေါင်းစုံ၏ သဘောထားထုတ်ပြန်ချက်

26/06/2026

ထိုင်ငံအတွင်းသို့ ယခုနှစ် ၄ လအတွင်း မြန်မာနိုင်ငံသား ၇ သိန်းနီးပါး နည်းလမ်းပေါင်းစုံဖြင့် ဝင်ရောက်ခဲ့
ဇွန် ၂၅၊ ၂၀၂၆
မြန်မာနိုင်ငံအတွင်း ဆက်လက်ဖြစ်ပွားနေတဲ့ လက်နက်ကိုင်ပဋိပက္ခတွေနဲ့ အဓမ္မစစ်မှုထမ်းခိုင်းစေမှု ဖိအားတွေကြောင့် ၂၀၂၆ ခုနှစ် ဇန်နဝါရီလကနေ ဧပြီလအထိ ၄ လတာကာလအတွင်း မြန်မာနိုင်ငံသား ၆၈၇,၀၀၀ ခန့် (၇ သိန်းနီးပါး) ဟာ ထိုင်းနိုင်ငံထဲကို နည်းလမ်းမျိုးစုံနဲ့ ဝင်ရောက်ခဲ့တယ်လို့ ကုလသမဂ္ဂ ရွှေ့ပြောင်းသွားလာနေထိုင်ခြင်းဆိုင်ရာအဖွဲ့အစည်း (IOM) က သတင်းထုတ်ပြန်ထားပါတယ်။
ထိုင်းနိုင်ငံသို့ ဝင်ရောက်လာသူ တွေထဲက အများစု မှာ တရားဝင်စာရွက်စာတမ်း မပြည့်စုံသူတွေ ဖြစ်ပြီး စစ်ပွဲများနဲ့ စစ်မှုထမ်းဥပဒေအရ ခေါ်ဆောင်ခံရမှု များကို တိမ်းရှောင်ရန်၊ အလုပ်အကိုင်ရှာဖွေရန်၊ ကုန်သွယ်ရေးလုပ်ငန်းများ လုပ်ကိုင်ရန်နဲ့ မိသားစု၊ဆွေမျိုးများထံ လာရောက်ရန်တို့ ဖြစ်တယ်လို့ ဆိုပါတယ်။
အချို့ မြန်မာနိုင်ငံသားတွေကတော့ ထိုင်းနိုင်ငံကို ကြားခံလမ်းကြောင်းအဖြစ် သုံးပြီး မလေးရှားနိုင်ငံထဲ ဆက်လက်ဝင်​ရောက်ဖို့ ကြိုးပမ်းကြရာမှာ ယခုနှစ်အတွင်း ထိုင်း-မလေးရှားနယ်စပ် လူမှောင်ခိုမှုဖြစ်စဉ်တွေအတွင်း ဖမ်းဆီးခံရသူတွေထဲ မြန်မာနိုင်ငံသား အများဆုံးဖြစ်နေတယ်လို့ IOMရဲ့ထုတ်ပြန်ချက်မှာဖေါ်ပြထားပါတယ်။
ဒါ့အပြင် ရခိုင်ပြည်နယ်နဲ့ ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းတွေကနေ လည်း မလေးရှားနိုင်ငံသို့ ပင်လယ်ရေကြောင်းကနေ သွားရာမှ လမ်းခရီးအတွင်း သေဆုံး၊ ပျောက်ဆုံးနဲ့ ဖမ်းဆီးခံရမှုတွေ နှစ်စဉ်တိုးလာနေပြီး ၂၀၂၆ ခုနှစ်မှာလည်း အခြေအနေ ဆိုးရွားနေဆဲ ဖြစ်နေတယ်လို့အသိပေးထားပါတယ်။
ဒုက္ခသည်စခန်းတွေမှာ လူသားချင်းစာနာမှု အကူအညီတွေ လျော့နည်းလာခြင်းနဲ့ လုံခြုံရေးအခြေနေဆိုးရွားလာတာကြောင့် ပြည်သူတွေဟာ အသက်အန္တရာယ်မြင့်မားတဲ့ ရွှေ့ပြောင်းသွားလာမှုကို ရွေးချယ်လာရတာဖြစ်တယ်လို့ ကုလသမဂ္ဂ ရွှေ့ပြောင်းသွားလာနေထိုင်ခြင်းဆိုင်ရာအဖွဲ့အစည်း (IOM) က သုံးသပ်ထားပါတယ်။

26/06/2026

မလေးရှား ထိမ်းသိမ်းရေးစခန်းများမှ မြန်မာလုပ်သား ၈၀၀ ခန့်ကို ပြန်ပို့ ခံရ
ဇွန် ၂၅၊ ၂၀၂၆
မလေးရှား နိူင်ငံ မှာ အကြောင်းအမျိုးမျိုးနဲ့ ပြစ်ဒဏ်ကျခံပြီး မလေးရှား လူဝင်မှုကြီးကြပ်ရေးထိန်းသိမ်းရေးစခန်းတွေမှာ နေရပ်ပြန်ရန် စောင့်နေသူတွေထဲမှ ယခုဇွန်လ အတွင်း မှာ မြန်မာနိုင်ငံသား ၈၀၀ နီးပါးကို မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံ(ကွာလာလမ်ပူမြို့)ရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။
မြန်မာသံရုံးအနေနဲ့ ထိန်းသိမ်းရေးစခန်းတွေမှ နေရပ်ပြန်မယ့် မြန်မာနိုင်ငံသားတွေရဲ့ အမည်စာရင်း နေ့ရက် နဲ့ လေယာဉ်ချိန်တွေကို သံရုံး Face book စာမျက်နှာကနေ ဇွန်လ ၄ ရက်မှစပြီး ထုတ်ပြန်ကြေညာပေးမယ်လို့ အသိပေးလာပါတယ်။
အခုလို ထုတ်ပြန်ပြီးနောက် ဇွန်လ ၉ ရက်တွင် Bidar Campနဲ့Bukit Jalil Camp တို့မှ မြန်မာနိုင်ငံသား ၇၁ဦး၊ဇွန်လ ၁၀ရက်တွင် Belantik Campမှ မြန်မာနိုင်ငံသား ၅၀ဦး၊ ဇွန်လ ၁၁ရက်တွင် Kemayan Camp မှ ၈၅ဦး၊ဇွန်လ ၁၂ရက်တွင် lenggeng Camp မှ ၅၈ဦး၊ဇွန်လ ၁၇ရက် တွင် Tanah Merah Camp မှ ၈၀ဦး၊ဇွန်လ ၁၈ရက်တွင် Ajil,Beranang,KLIA Camp တို့မှ ၆၆ဦး၊ဇွန်လ ၁၉ရက်တွင် Langkap Camp ၆၀ဦး၊ဇွန်လ ၂၀ရက်တွင်Pekan Nenas Camp မှ ၁၁၀ဦးတို့ကို မြန်မာနိုင်ငံသို့ ပြန်ပို့ခဲ့ကြောင်း သိရပါတယ်။
ထပ်မံပြီး ဇွန်လ ၂၃ရက် တွင် Tanah Merah,Perlis,Melaka Camp တို့မှ မြန်မာနိုင်ငံသား ၁၃၁ဦးနဲ့ ဇွန်လ ၂၄ရက် မှာ Belantik Camp မှ မြန်မာနိုင်ငံသား ၇၆ဦးတို့ကို မြန်မာနိုင်ငံသို့ လေကြောင်းဖြင့်ပြန်လည်ပို့ဆောင်ပေးမယ်လို့ မြန်မာသံရုံးမှ အသိပေးကြေညာထားပါတယ်။
အခုလို မြန်မာနိုင်ငံသို့ ပြန်ရန် လေယာဉ်လက်မှတ်ခ ကုန်ကျစရိတ်ကို ဖမ်းဆီးခံရသူများရဲ့ ကိုယ်ပိုင်စုဆောင်းငွေသို့မဟုတ် မိသားစုဝင်တွေရဲ့ ထောက်ပံငွေ ဖြင့်ကျခံရပြီး အချို့ကိစ္စရပ်တွေကိုတော့ သံရုံးဘက်မှ ဖြေရှင်းပေးတာမျိုးရှိကြောင်းသိရပါတယ်။
နေရပ်ပြန်လည်ပို့ဆောင်ခံရသူတွေအားလုံးဟာ မလေးရှားနိုင်ငံ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနစနစ် တွင် အမည်ပျက်စာရင်း(Blacklist)သွင်းထားမှာဖြစ်ပြီး သတ်မှကာလ အတွင်း မည်သည်အကြောင်းပြချက်နှင့်မျှ မလေးရှား နိုင်ငံသို့ ပြန်လည်ဝင်ရောက်ခွင့်ရမှာ မဟုတ်ဘူးလို့ သိရပါတယ်။
ပြစ်ဒဏ်ကျခံရသူ အများစုမှာ မလေးရှားနိုင်ငံအတွင်း အထောက်အထားမဲ့ ဝင်ရောက် နေထိုင် အလုပ်လုပ်ကိုင်ခြင်းကြောင့် ဖြစ်ပြီး မူးယစ်ဆေးဝါးနဲ့အခြား ပြစ်မှုကျူးလွန် ခြင်းတို့လည်း ပါဝင်တယ်လို့သိရပါတယ်။

22/06/2026

Max Technology Myanmar(နားကြပ်)စက်ရုံ မှ စုပေါင်းတောင်းဆိုသော အလုပ်သမား ၆၀ ဦး အလုပ်ထုတ်ခံရ

21/06/2026

မလေးရှား၊ ကွာလာလမ်ပူတွင် အော်ပရာစီဖြင့် တရားမဝင် မြန်မာ ၂၆ ဦး အပါအဝင် ၁၈၆ ဦး ဖမ်းဆီးခံရ
ရန်ကုန်၊ ဇွန် ၂၁
မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့၊ ပူဒူးအနီးနှင့် နေရာအချို့တွင် အာဏာပိုင်ပူးပေါင်းအဖွဲ့များက အော်ပရာစီ (Operasi) စစ်ဆင်ရေးဖြင့် ဝင်ရောက်စီးနင်းစစ်ဆေးခဲ့ရာ တရားမဝင် အလုပ်လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသား ၂၆ ဦးအပါအဝင် နိုင်ငံခြားသား ၁၈၆ ဦးကို ဖမ်းဆီးခဲ့ကြောင်း မလေးရှားလူဝင်မှုကြီးကြပ်ရေးဌာန (JIM) ၏ ထုတ်ပြန်ချက်အရ သိရသည်။
ယမန်နေ့ ဇွန်လ ၂၀ ရက်နေ့ နံနက်အစောပိုင်း ကွာလာလမ်ပူ၊ ဆီလန်ဂေါနှင့် ပူထရာဂျာယာတို့မှ လူဝင်မှုကြီး ကြပ်ရေးအရာရှိများ ပါဝင်သော ပူးပေါင်းအဖွဲ့က တရားမဝင် နိုင်ငံခြားသားများ အလုပ်လုပ်ကိုင်နေသည့် နေရာများကို ဝင်ရောက်စီးနင်းခဲ့ခြင်း ဖြစ်သည်။
စစ်ဆေးမှုအတွင်း နိုင်ငံခြားသား အလုပ်သမား ၃၂၀ ဦးကို စစ်ဆေးခဲ့ရာ တရားမဝင် နေထိုင်အလုပ်လုပ်ကိုင်နေသူ ၁၈၆ ဦး ဖမ်းဆီးရမိခဲ့ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၁၁၈ ဦး၊ မြန်မာနိုင်ငံသား ၂၆ ဦး၊ အင်ဒိုနီးရှားနိုင်ငံသား ၂၈ ဦး၊ ဗီယက်နမ်နိုင်ငံသား ၅ ဦး၊ နီပေါနိုင်ငံသား ၄ ဦး၊ အိန္ဒိယနိုင်ငံသား ၂ ဦး၊ တရုတ် နိုင်ငံသား ၂ ဦးနှင့် ပါကစ္စတန်နိုင်ငံသား ၁ ဦးတို့ ပါဝင်ကြောင်း မလေးရှားအာဏာပိုင်များ၏ ထုတ်ပြန်ချက်အရ သိရှိရသည်။
ဖမ်းဆီးခံရသူများကို တရားဝင် နိုင်ငံကူးလက်မှတ်၊ အထောက်အထားစာရွက်စာတမ်း မရှိခြင်းနှင့် ဗီဇာသက် တမ်းကျော်လွန် နေထိုင်ခြင်း စသည့် လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ပြစ်မှုများဖြင့် ဖမ်းဆီးထားပြီး၊ ဥပဒေအရ အရေးယူပြီးပါက သက်ဆိုင်ရာ နိုင်ငံများသို့ ပြန်လည်နှင်ထုတ် ပို့ဆောင်မည် ဖြစ်သည်။
မလေးရှားနိုင်ငံတစ်ဝန်းတွင် ယခုနှစ် ၂၀၂၆ ခုနှစ် ဇန်နဝါရီလမှ ဇွန်လအထိ (၆) လတာ ကာလအတွင်း လူဝင် မှုကြီးကြပ်ရေးဦးစီးဌာန (JIM) က တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အော်ပရာစီ စစ် ဆေးမှုပေါင်း ၅,၄၃၀ ကြိမ် ပြုလုပ်ခဲ့ကြောင်း ညွှန်ကြားရေးမှူးချုပ် ဒါတု ဇာကာရီယာ ရှာအာဘန် (Datuk Zakaria Shaaban) က ထုတ် ပြန်သည်။
ထိုသို့ စစ်ဆေးရာတွင် လူပေါင်း ၇၆,၆၈၁ ဦးကို စစ်ဆေးခဲ့ပြီးနောက် မြန်မာနိုင်ငံသား အများအပြား အပါအဝင် တရားမဝင် ရွှေ့ပြောင်းနေထိုင်သူနှင့် အလုပ်သမား စုစုပေါင်း ၃၃,၀၀၀ ကျော်ကို ဖမ်းဆီးအရေးယူခဲ့သည်။
ဖမ်းဆီးခံရသူအများစုမှာ အလည်ဗီဇာဖြင့် ဝင်ရောက်လာပြီး စည်းကမ်းဖောက်ဖျက်ကာ တရားမဝင် အလုပ်လုပ်ခြင်း၊ ပတ်စ်ပို့နှင့် ဗီဇာပါမစ် မရှိဘဲ နေထိုင်ခြင်း၊ ဗီဇာသက်တမ်း ကျော်လွန်နေထိုင်ခြင်းတို့ကြောင့် ဖြစ်သည်။
မလေးရှားအာဏာပိုင်များသည် ယခုနှစ်အတွင်း တရားမဝင် အလုပ်သမားများကို ခန့်ထားသည့် မလေးရှားနိုင်ငံသား အလုပ်ရှင် ၈၂၅ ဦးနှင့် နိုင်ငံခြားသား အလုပ်ရှင် ၄၃ ဦး (စုစုပေါင်း ၈၆၈ ဦး) ကိုလည်း ဖမ်းဆီးအရေးယူထားသည်။
ဗီဇာပါမစ် မရှိသည့် လုပ်သားများကို လက်ခံထားသည့် အလုပ်ရှင်များကို မလေးရှားရင်းဂစ် ၅၀,၀၀၀ ဒဏ်ငွေအပြင် ထောင်ဒဏ်များဖြင့်ပါ ထိရောက်စွာ အရေးယူမည်ဟု သတိပေးထားသည်။
လက်ရှိအချိန်တွင် မလေးရှားတစ်နိုင်ငံလုံးရှိ လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေးစခန်းများ၌ မြန် မာနိုင်ငံသားများ အပါအဝင် ဖမ်းဆီးထိန်းသိမ်းခံထားရသူ ၂၂,၁၅၁ ဦးအထိ ရှိနေပြီး၊ လာမည့်ရက်ပိုင်းများတွင်လည်း ဈေး၊ စား သောက်ဆိုင်၊ အနှိပ်ခန်း၊ ကားရေဆေးဆိုင်နှင့် ဆောက်လုပ်ရေး လုပ်ငန်းခွင်များကို ပိုမိုအရှိန်မြှင့် စစ်ဆေးသွားမည်ဟု ကြေညာထားသည်။

21/06/2026

ထိုင်းနိုင်ငံ ချင်းရိုင် ဉမင်လှိုင်ခေါင်းဆောက်လုပ်ရေးအတွင်း မြန်မာလုပ်သား တစ်ဦးနှင့် ထိုင်းနိုင်ငံသား တစ်ဦးသေဆုံးကာ သုံးဦးဒါဏ်ရာရ
ဇွန် ၂၁ ၊ 2026 ။
ယမန်နေ့၊ဇွန်လ ၂၀ ရက်နေ့၊ညနေပိုင်း၌ ထိုင်းနိုင်ငံ ၊ ချင်းရိုင်ခရိုင်တွင် တည်ဆောက်ဆဲ ရထားလမ်း ဥမင်လိုဏ်ခေါင်းတစ်ခုအတွင်း အစိတ်အပိုင်းတစ်ခု ပြုတ်ကျမှုကြောင့် အလုပ်သမား ၂ ဦး သေဆုံးပြီး အခြား ၃ ဦး ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည်။
သေဆုံးသည့်အလုပ်သမား ၂ ဦးသည် ကန်ချနပူရီခရိုင်မှ အသက် ၂၄ နှစ်အရွယ်ရှိ ထိုင်းလူမျိုး ၁ ဦးနှင့် အသက် ၂၉ နှစ်အရွယ်ရှိ မြန်မာနိုင်ငံသား ၁ ဦး တို့ဖြစ်ကြောင်း Thai BPSသတင်းမှာ ဖော်ပြထားသည်။
အဆိုပါ မတော်တဆမှုသည် ထိုင်းရထားပို့ဆောင်ရေး (SRT) ၏ ဒန်ချိုင်း–ချင်းရိုင်–ချင်းခေါင် ရထားလမ်း စီမံကိန်း၏ အစိတ်အပိုင်းတစ်ခုဖြစ်သော ၃.၄ ကီလိုမီတာ ရှည်လျားသည့် ဒွိုင်လွမ် (Doi Luang) ဥမင်လိုဏ်ခေါင်းအတွင်း ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
၎င်းဥမင်လိုဏ်ခေါင်းကို ဖရဲ (Phrae) ခရိုင်ရှိ ဒန်ချိုင်းခရိုင်ခွဲနှင့် ချင်းရိုင်ခရိုင်ရှိ နယ်စပ်ခရိုင်ခွဲဖြစ်သော ချင်းခေါင်တို့ကို ဆက်သွယ်ရန် တည်ဆောက်နေခြင်း ဖြစ်သည်။
အလုပ်သမားများသည် ဥမင်လိုဏ်ခေါင်း၏ မီးလိုင်းစနစ်တွင် ပါဝင်သည်ဟု ယူဆရသော စက်ပစ္စည်းများကို တပ်ဆင်နေစဉ်အတွင်း ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဥမင်လိုဏ်ခေါင်းအတွင်းရှိ ငြမ်းပေါ်တွင် မတ်တပ်ရပ်နေသော အလုပ်သမားများပေါ်သို့ စက်ပစ္စည်း၏ အစိတ်အပိုင်းတစ်ခုမှာ ရုတ်တရက် ပြုတ်ထွက်၍ ကျလာခဲ့ခြင်း ဖြစ်သည်။ အလုပ်သမား ၂ ဦးမှာ အခင်းဖြစ်ပွားရာနေရာ၌ပင် သေဆုံးခဲ့ပြီး အခြား ၃ ဦးမှာ ပြင်းထန်ဒဏ်ရာများ ရရှိခဲ့သည်။
ကယ်ဆယ်ရေးယာဉ်များသည် ဥမင်လိုဏ်ခေါင်းအတွင်းသို့ ဝင်ရောက်ကာ မတထိခိုက်ခံရသူများကို နှင့်ဒဏ်ရာရရှိသူများကို ဆေးရုံသို့ ပို့ဆောင်ပေးခဲ့သည်။
ဥမင်လိုဏ်ခေါင်း တူးဖော်မှု လုပ်ငန်းစဉ်မှာ ပြီးစီးနေပြီဖြစ်ပြီး ၎င်း၏ တည်ဆောက်ပုံကို ကွန်ကရစ်ဖြန်းကာ ကြံ့ခိုင်အောင် လုပ်ဆောင်ထားပြီးဖြစ်သော်လည်း သံကွင်းအဝိုင်းများကို သတ္တုချောင်းများဖြင့် ချိတ်ဆက်ထားသည့် သတ္တုတပ်ဆင်ရေး အစိတ်အပိုင်းတစ်ခုမှာ အပေါ်မှ ပြုတ်ကျကာ အောက်ရှိ အလုပ်သမားများကို ထိမှန်ခဲ့ခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
မတော်တဆမှု ဖြစ်ပွားရခြင်း အကြောင်းရင်းကို လက်ရှိတွင် စုံစမ်းစစ်ဆေးနေဆဲ ဖြစ်သည်။

ต้องการให้ธุรกิจของคุณขึ้นเป็นอันดับหนึ่งในหมวด บริษัทสื่อ ที่ Mae Sot หรือไม่?
คลิกที่นี่เพื่อรับประกาศแบบสปอนเซอร์ของคุณ

หมวดหมู่

เบอร์โทรศัพท์

เว็บไซต์

ที่อยู่


Mae Sot

แจ้งเตือน

เป็นคนแรกที่รู้ข่าว: เราจะส่งอีเมลแจ้งเมื่อ Labor Focus โพสต์ข่าวสารและโปรโมชั่น อีเมลของคุณจะไม่ถูกนำไปใช้เพื่อวัตถุประสงค์อื่น และคุณสามารถยกเลิกการรับข่าวสารได้ทุกเมื่อ

สมัครรับข่าวสาร

เราจะแจ้งให้คุณทราบเมื่อมีความเคลื่อนไหวใน Mae Sot