RISE Center

RISE Center

แชร์

RISE ꜰᴏʀ ʏᴏᴜʀ Wᴇʟʟʙᴇɪɴɢ & Rᴇꜱɪʟɪᴇɴᴄʏ

21/09/2026

𝗪𝗼𝗿𝗹𝗱 𝗠𝗲𝗻𝘁𝗮𝗹 𝗛𝗲𝗮𝗹𝘁𝗵 𝗗𝗮𝘆 𝟮𝟬𝟮𝟲
– 𝗦𝗼𝗰𝗶𝗮𝗹 𝗠𝗲𝗱𝗶𝗮 𝗩𝗶𝗱𝗲𝗼 𝗖𝗼𝗺𝗽𝗲𝘁𝗶𝘁𝗶𝗼𝗻 💚

🌱 “𝗪𝗵𝗮𝘁 𝗜 𝗪𝗶𝘀𝗵 𝗬𝗼𝘂 𝗞𝗻𝗲𝘄”

“စိတ်ပိုင်းဆိုင်ရာကျန်းမာရေးနဲ့ပတ်သက်ပြီး လူတွေကို ဘာတစ်ခု နားလည်စေချင်လဲ?”

တစ်ခါတလေ ကိုယ်ခံစားနေရတာကို ရှင်းပြဖို့ စကားလုံးတွေ ရှာမတွေ့နိုင်ပါဘူး။
တစ်ခါတလေတော့ လူတွေ နားလည်ပေးစေချင်တဲ့အရာတစ်ခု ရှိနေပေမယ့် ပြောပြဖို့ အခွင့်အရေးမရခဲ့တာမျိုးလည်း ရှိနိုင်ပါတယ်။

ဒီ 𝗪𝗼𝗿𝗹𝗱 𝗠𝗲𝗻𝘁𝗮𝗹 𝗛𝗲𝗮𝗹𝘁𝗵 𝗗𝗮𝘆 မှာတော့ **သင့်ရဲ့အသံကို မျှဝေလိုက်ပါ** 💚

“𝗪𝗵𝗮𝘁 𝗜 𝗪𝗶𝘀𝗵 𝗬𝗼𝘂 𝗞𝗻𝗲𝘄” ဆိုတဲ့ theme အောက်မှာ -
မှာ—

💭 စိတ်ပိုင်းဆိုင်ရာကျန်းမာရေးနဲ့ပတ်သက်ပြီး လူတွေ နားလည်စေချင်တဲ့အရာတစ်ခု
💭 လူတွေ မှားယွင်းနားလည်နေတဲ့ Mental Health အကြောင်းတစ်ခု
💭 စိတ်ပိုင်းဆိုင်ရာအခက်အခဲတွေ ကြုံနေရသူတွေအကြောင်း သိစေချင်တဲ့အရာတစ်ခု
💭 အကူအညီတောင်းခြင်း၊ နားထောင်ပေးခြင်း၊ ပြန်လည်ကောင်းမွန်လာခြင်းအကြောင်း
💭 ဒါမှမဟုတ် သင့်အတွက် အဓိပ္ပာယ်ရှိတဲ့ Mental Health Message တစ်ခု

ကို **1–3 မိနစ် Social Media Video** အဖြစ် ဖန်တီးပြီး မျှဝေလိုက်ပါ။ 🎬

# # # 🎬 Video ပြုလုပ်ရန်

📌 Theme: “What I Wish You Knew”
📌 Video Duration: 1–3 minutes
📌 Format: Vertical (9:16)/Portrait Mode
📌 Language: မြန်မာ / English / နှစ်ဘာသာလုံး/ တိုင်းရင်သားဘာသာ
📌 Content: Short Drama, Storytelling, Personal Reflection, Animation, Spoken Word, Creative Video စသဖြင့် မိမိနှစ်သက်ရာပုံစံဖြင့် ဖန်တီးနိုင်ပါသည်။

အရေးကြီးတာက — သင့်ရဲ့ Message ဖြစ်ပါတယ်။ 💚

🌿 သတိပြုရန်

Video များတွင်—

❌ Mental Health အခက်အခဲများကို အရှက်ရစေခြင်း၊ ခွဲခြားဆက်ဆံခြင်း သို့မဟုတ် အမုန်းပွားစေသော ပုံဖော်မှုများ မပြုလုပ်ရန်
❌ Su***de / Self-harm နှင့်ပတ်သက်သော Graphic Content သို့မဟုတ် နည်းလမ်းအသေးစိတ်များ မထည့်သွင်းရန်
❌ အခြားသူများ၏ ကိုယ်ရေးကိုယ်တာအချက်အလက်များနှင့် ကိုယ်ရေးအတွေ့အကြုံများကို ခွင့်ပြုချက်မရှိဘဲ မမျှဝေရန်
❌ မိမိ၏ Personal Experience ကို လူတိုင်းအတွက် Psychological Fact အဖြစ် မဖော်ပြရန်

တို့ကို အထူးဂရုပြုစေလိုပါတယ်။

Video များသည် -
✅ မိမိဧ။်ကိုယ်ပိုင်ဖန်တီးမှု အစစ်အမှန်ဖြစ်ကြောင်း အာမခံချက်အပြည့်၀ရှိရမည်။
✅ မူပိုင်ခွင့်သည် သင်တို့တွင်အပြည့်အ၀ရှိပြီးဖြစ်‌သော်လည်း ဆုရသည်ဖြစ်‌စေ၊ မရသည်ဖြစ်စေ ပြိုင်ပွဲ၀င် video များအား RISE မှ အသုံးပြုနိုင်ကြောင်း လက်ခံသိရှိဖြစ်ရပါမည်။

ပေးပို့လာတဲ့ Video လေးတွေထဲကနေ “What I Wish You Knew” ဆိုတဲ့ Theme နဲ့ အကောင်းဆုံးကိုက်ညီပြီး မိမိရဲ့ Message ကို ထိထိမိမိ၊ ဖန်တီးမှုရှိရှိ ဖော်ပြနိုင်တဲ့ Video ကို ရွေးချယ်ပြီး **အောက်တိုဘာလ ၁၀ ရက်နေ့ World Mental Health Day** မှာ ဆုရရှိသူကို ကြေညာပေးသွားမှာ ဖြစ်ပါတယ်။ 🏆💚

🎥 Create. Share & Connect.

📅 Submission Deadline: 5 October 2026
📩 Submission: RISE Center ရဲ့ Email ဖြစ်တဲ့ [email protected] သို့ လိပ်မူပြီး World Mental Health Day Video Contest ခေါင်းစဉ်ဖြင့် ပေးပို့ရန်။
📱 For more information: Page Messenger မှ တစ်ဆင့်ဆက်သွယ်နိုင်ပါသည်။









နည်းပညာထက် မိမိရဲ့ ကိုယ်ပိုင်ဖန်တီးမှုနှင့် ရည်ရွယ်ချက်ကို ဦးစားပေးစေချင်ပါတယ်။

08/09/2026

🌾မင်္ဂလာပါခင်ဗျာ။

🌾ကျွန်တော်တို့ 𝗥𝗜𝗦𝗘 𝗖𝗲𝗻𝘁𝗲𝗿 , 𝗠𝗲𝗻𝘁𝗮𝗹 𝗛𝗲𝗮𝗹𝘁𝗵 𝗣𝗿𝗼𝗴𝗿𝗮𝗺 ကနေ လာမယ့် ကြာသပတေးနေ့ (၁၀.၉.၂၀၂၆) မှာ 𝗦𝘁𝗮𝗿𝘁 𝘁𝗵𝗲 𝗖𝗼𝗻𝘃𝗲𝗿𝘀𝗮𝘁𝗶𝗼𝗻: 𝘄𝗵𝗲𝗻 𝘀𝗼𝗺𝗲𝗼𝗻𝗲 𝘀𝗮𝘆𝘀 "𝗜'𝗺 𝗻𝗼𝘁 𝗼𝗸𝗮𝘆" ဆိုတဲ့ ခေါင်းစဉ်နဲ့ 𝘀𝘂𝗶𝗰𝗶𝗱𝗲 𝗣𝗿𝗲𝘃𝗲𝗻𝘁𝗶𝗼𝗻 𝘀𝘂𝗽𝗽𝗼𝗿𝘁 𝘀𝗲𝘀𝘀𝗶𝗼𝗻 တစ်ခုကို ပြုလုပ်သွားဖို့ရှိပါတယ်။

🌾ဒီတစ်ပတ်ရဲ့ 𝗦𝗲𝘀𝘀𝗶𝗼𝗻 လေးကိုတော့ ဆရာမ 𝗡𝗮𝘆 𝗡𝘄𝗲 ကိုယ်တိုင်ဦးဆောင် ဆွေးနွေးသွားမှာပဲဖြစ်ပါတယ်။

🌾ဒီ Session လေးဟာ support session ဆိုတဲ့အတိုင်း တက်ရောက်လာတဲ့ participants တွေကြား အချင်းချင်း ခံစားချက်တွေ အမြင်တွေကိုရင်ဖွင့်ကြမယ်၊ စာနာနားလည်မှုနဲ့ ဝေဖန်မှုတွေမပါဘဲ နာထောင်ပေးကြမယ်၊ စိတ်ပိုင်းဆိုင်ရာ နွေးထွေးလုံခြုံတဲ့ ပတ်ဝန်းကျင်လေးကို အတူဖန်တီးကြမှာပဲ ဖြစ်ပါတယ်။

🌾ကြပ်တည်းလာတဲ့ အခြေအနေ‌တွေကြား Su***de ဆိုတဲ့စကားဟာ ကျွန်‌တော်တို့ပတ်၀န်းကျင်မှာ ပိုမိုနီးစပ်စွာ ခြောက်လှန့်လျက် ရှိလာပါတယ်။ မွန်းကြပ်ပြီး ကူရာမဲ့သလိုခံစားကြရတဲ့အခါ ဆုံးဖြတ်ချက်အမှားတွေကို ချမိတတ်တာကြောင့် မှန်ကန်တဲ့ awareness နဲ့အတူ ပတ်၀န်းကျင်ရဲ့ support ကလည်း အလွန်အရေးကြီးပါတယ်။ ဒီ Session လေးမှာတော့ ကိုယ့်ရဲ့ခံစားချက် တွေကို ဘယ်လို ထိန်းညှိသွားရမလဲ၊ ကိုယ့်အနီးနားက ချစ်ခင်ရတဲ့သူတွေကို ဘယ်လိုမှန်မှန်ကန်ကန် support ပေးကြမလဲဆိုတဲ့ အကြောင်းအရာလေးတွေကိုမျှဝေ‌ ဆွေးနွေးသွားမှာပဲဖြစ်ပါတယ်။

🌾ဒီလို အခြေအနေတွေကို ဘယ်လိုရင်ဆိုင်
ကျော်ဖြတ်နေသလဲဆိုတာ အချင်းချင်းမျှဝေရင်း
မျှော်လင့်ချက်နဲ့ စိတ်ဓာတ်ခွန်အားတွေကို
ဘယ်လိုပြန်လည်တည်ဆောက်ကြမလဲ ဆိုတဲ့
နည်းလမ်းလေးတွေကို အတူတကွ ရှာဖွေဖော်ထုတ်ကြဖို့ ဖိတ်ခေါ်ပါရစေ။

🌾ဒီ Workshop ကို တော့ RISE Centre မှာ လူကိုယ်တိုင် တက်ရောက်ရမှာဖြစ်ပါတယ်ခင်ဗျာ။ စိတ်ပါဝင်စားသူများ အနေနဲ့ အောက်ပါ Link ကနေတစ်ဆင့် စာရင်း ပေးသွင်းနိုင်ပါတယ်။

👉 **စာရင်းပေးသွင်းရန်**

https://forms.gle/Pp1LLQPZXhQ1uyd28

(လူဦးရေ ကန့်သတ်ထားတာမို့ အမြန်ဆုံး စာရင်းပေးသွင်းကြဖို့ တိုက်တွန်းလိုက်ရပါတယ်ခင်ဗျာ။)

🌵 **နေ့ရက်** - ၁၀/စက်တင်ဘာ/၂၀၂၆ (ကြာသပတေးနေ့)
🌵 **နေရာ** - RISE Centre မယ်တောင်၊ မဲဆောက်
🌵 **အချိန်** - မနက် ၉:၃၀ နာရီ မှ နေ့လည် ၁၂:၃၀ နာရီ ထိ

🌾ကျေးဇူးတင်ပါတယ်ခင်ဗျာ။

31/08/2026

FYI 🥳

BEAM Education Foundation The BEAM (Bridging Educational Access to Marginalized People) Education Foundation was established to

24/08/2026

🌾 မင်္ဂလာပါ ခင်ဗျာ။

🌾 ကျွန်တော်တို့ 𝗥𝗜𝗦𝗘 𝗖𝗲𝗻𝘁𝗲𝗿, 𝗠𝗲𝗻𝘁𝗮𝗹 𝗛𝗲𝗮𝗹𝘁𝗵 𝗣𝗿𝗼𝗴𝗿𝗮𝗺 ကနေ လာမယ့် ကြာသပတေးနေ့ (၂‌၇.၈.၂၀၂၆) မှာ " 𝗦𝘁𝘂𝗰𝗸 𝗜𝗻 𝗢𝘂𝗿 𝗛𝗲𝗮𝗱/ပိတ်မိနေသော အတွေးများ" ဆိုတဲ့ ခေါင်းစဉ်နဲ့ အဖွဲ့လိုက် စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးသည့် အစီအစဉ်တစ်ခုကို ပြုလုပ်သွားဖို့ ရှိပါတယ်။

💌 ဒီ Session လေးဟာ support session ဆိုတဲ့အတိုင်း တက်ရောက်လာတဲ့ participants တွေကြား အချင်းချင်း ခံစားချက်တွေ အမြင်တွေကို ရင်ဖွင့်ကြမယ်၊ စာနာနားလည်မှုနဲ့ ဝေဖန်မှုတွေမပါဘဲ နားထောင်ပေးကြမယ်၊ စိတ်ပိုင်းဆိုင်ရာ နွေးထွေးလုံခြုံတဲ့ ပတ်ဝန်းကျင်လေးကို အတူဖန်တီးကြမှာပဲ ဖြစ်ပါတယ်။

💌 ဒီ support session လေးကို RISE CENTER ရဲ့ 𝗜𝗻𝘁𝗲𝗿𝗻𝘀𝗵𝗶𝗽, 𝗧𝗢𝗧 နဲ့ 𝗙𝗼𝘂𝗻𝗱𝗮𝘁𝗶𝗼𝗻 𝗖𝗼𝘂𝗿𝘀𝗲 𝗜𝗻 𝗖𝗼𝘂𝗻𝘀𝗲𝗹𝗹𝗶𝗻𝗴 𝗧𝗿𝗮𝗶𝗻𝗶𝗻𝗴 ပြီးမြောက်ထားတဲ့ ဆရာ/ဆရာမ များက ဦးဆောင်ဆွေးနွေးပေးမှာပဲ ဖြစ်ပါတယ်။

ဒီ Session လေးမှာတော့-
• ခေါင်းထဲမှာ အဖြေမထွက်ဘဲ ထပ်ခါထပ်ခါ လည်နေတဲ့ အတွေးတွေနဲ့ ဒီ အတွေးသံသရာ ဖြစ်ပေါ်လာရသည့် အကြောင်းရင်းများ၊ ပိုဆိုးစေသည့် အချက်များနှင့် ၎င်းကို ရပ်တန့်နိုင်မည့် နည်းလမ်းများကို အတူတကွ လေ့လာ‌
ဆွေးနွေးသွားရကြမှာပဲ ဖြစ်ပါတယ်။
အတိတ်နဲ့ အနာဂတ် အတွေးတွေထဲမှာ ပိတ်မိမနေဘဲ ကျန်းမာရေးနဲ့ညီညွတ်တဲ့ အတွေးပုံစံတွေကို ပြောင်းလဲတွေးခေါ်နိုင်ဖို့ တက်ရောက်ဆွေးနွေးရန် နွေးထွေးစွာ ဖိတ်ခေါ်အပ်ပါသည်။

🌾 ဒီ Workshop ကိုတော့ RISE Centre မှာ လူကိုယ်တိုင် တက်ရောက်ရမှာ ဖြစ်ပါ။ စိတ်ပါဝင်စားသူများ အနေနဲ့ အောက်ပါ Link ကနေတစ်ဆင့် စာရင်း ပေးသွင်းနိုင်ပါတယ်။

👉 စာရင်းပေးသွင်းရန် - https://forms.gle/JHmvJmruxM3b4ejYA

(လူဦးရေ ကန့်သတ်ထားတာမို့ အမြန်ဆုံး စာရင်းပေးသွင်းကြဖို့ တိုက်တွန်းလိုက်ရပါတယ်ခင်ဗျာ။)

🌵 နေ့ရက် - ၂၇/ ဩဂုတ်လ/ ၂၀၂၆ (ကြာသပတေးနေ့)

🌵 နေရာ - RISE Centre မယ်တောင်၊ မဲဆောက်

🌵 အချိန် - မနက် ၉:၃၀ မှ နေ့လည် ၁၂:၃၀ ထိ

Photos from KNWO's post 21/08/2026

Mental well-being and resilience are crucial, especially in challenging times. Wishing all the participants strength as they continue to support the community!

05/08/2026

🌾 မင်္ဂလာပါ ခင်ဗျာ။

🌾 ကျွန်တော်တို့ 𝗥𝗜𝗦𝗘 𝗖𝗲𝗻𝘁𝗲𝗿, 𝗠𝗲𝗻𝘁𝗮𝗹 𝗛𝗲𝗮𝗹𝘁𝗵 𝗣𝗿𝗼𝗴𝗿𝗮𝗺 ကနေ လာမယ့် သြဂုတ်လ (၁၃) ရက်နဲ့ (၁၄) ရက်နေ့များမှာ "𝗦𝘁𝗿𝗼𝗻𝗴 𝗖𝗮𝗿𝗲𝗴𝗶𝘃𝗲𝗿𝘀, 𝗦𝘁𝗿𝗼𝗻𝗴 𝗙𝗮𝗺𝗶𝗹𝗶𝗲𝘀: 𝗕𝘂𝗶𝗹𝗱𝗶𝗻𝗴 𝗛𝗲𝗮𝗹𝘁𝗵𝘆 𝗥𝗲𝗹𝗮𝘁𝗶𝗼𝗻𝘀𝗵𝗶𝗽𝘀 𝘁𝗵𝗿𝗼𝘂𝗴𝗵 𝗣𝗼𝘀𝗶𝘁𝗶𝘃𝗲 𝗣𝗮𝗿𝗲𝗻𝘁𝗶𝗻𝗴 𝗮𝗻𝗱 𝗦𝗼𝗰𝗶𝗮𝗹 𝗖𝗼𝗻𝗻𝗲𝗰𝘁𝗶𝗼𝗻" ဆိုတဲ့ ခေါင်းစဉ်နဲ့ ၂ ရက်တာ ဆွေးနွေးပွဲ (Workshop) တစ်ခုကို ပြုလုပ်သွားဖို့ ရှိပါတယ်။

💌 မိသားစုတစ်စုရဲ့ ပျော်ရွှင်အေးချမ်းမှုနဲ့ ကလေးတစ်ယောက်ရဲ့ ဖွံ့ဖြိုးတိုးတက်မှုဆိုတာ ပြုစုစောင့်ရှောက်သူ (Caregiver) တွေရဲ့ စိတ်ကျန်းမာရေး၊ အပြုသဘောဆောင်တဲ့ ရင်သွေးပြုစုပျိုးထောင်မှု (Positive Parenting) နဲ့ ခိုင်မာတဲ့ လူမှုအသိုင်းအဝိုင်း ချိတ်ဆက်မှုများအပေါ် အများကြီး မူတည်နေပါတယ်။

💌 ဒီ Workshop လေးမှာတော့ မိဘများ၊ ကလေးပြုစုစောင့်ရှောက်သူများနှင့် ကလေးသူငယ်ရေးရာ လုပ်ဆောင်နေသူများ အချင်းချင်း အတွေ့အကြုံများ ဝေမျှကြမည်၊ အပြုသဘောဆောင်သော ရင်သွေးပြုစုနည်းများကို အတူတကွ လေ့လာကြမည် ဖြစ်ပြီး စိတ်ပိုင်းဆိုင်ရာ နွေးထွေးလုံခြုံသည့် ပတ်ဝန်းကျင်တစ်ခုကို အတူတကွ ဖန်တီးကြမှာ ဖြစ်ပါတယ်။

💌 တကယ်တော့ မိဘ သို့မဟုတ် ပြုစုစောင့်ရှောက်သူတစ်ယောက်ဖြစ်ရတာဟာ လွယ်ကူတဲ့ခရီးတစ်ခု မဟုတ်ပါဘူး။ မိမိကိုယ်ကို ဂရုစိုက်ခြင်း၊ အပြုသဘောဆောင်သည့် ပေါင်းသင်းဆက်ဆံရေးတည်ဆောက်ခြင်းနှင့် အပြန်အလှန် ပံ့ပိုးကူညီမှု ကွန်ရက်တစ်ခုရှိခြင်းတို့ဟာ ခိုင်မာတဲ့ မိသားစုတစ်ခုရဲ့ သော့ချက်များပဲ ဖြစ်ပါတယ်။

💌 ဒီ ၂ ရက်တာ Workshop မှာ ဘာတွေ ဆွေးနွေးလေ့လာကြမလဲ?
▶️Positive Parenting Skills
▶️Self-Care for caregivers
▶️ Social Connection & Community Support အစရှိတဲ့ ခေါင်းစဉ်တွေပါဝင်မှာဖြစ်ပြီးတော့ Dr. Grace (Psychologist, EMDR Therapist, Trauma Counselor and Trainer) ကိုယ်တိုင် ဦးဆောင်ဆွေးနွေးသွားမှာဖြစ်ပါတယ်။

🌾 ဒီ Workshop ကိုတော့ RISE Centre မှာ လူကိုယ်တိုင် တက်ရောက်ရမှာ ဖြစ်ပြီးတော့ မိမိအစီအစဉ်နှင့်လာရောက်နိုင်ရပါမည်။
စိတ်ပါဝင်စားသူများ အနေနဲ့ အောက်ပါ Link ကနေတစ်ဆင့် စာရင်း ပေးသွင်းနိုင်ပါတယ်။
👉 စာရင်းပေးသွင်းရန် - https://forms.gle/Qrp98j7gQZXRRoucA
(လူဦးရေ ကန့်သတ်ထားတာမို့ အမြန်ဆုံး စာရင်းပေးသွင်းကြဖို့ တိုက်တွန်းလိုက်ရပါတယ်ခင်ဗျာ။)

🌵 နေ့ရက် - ၁၃ ရက် နှင့် ၁၄ ရက် / သြဂုတ်လ / ၂၀၂၆
🌵 နေရာ - RISE Centre မယ်တောင်၊ မဲဆောက်
🌵 အချိန် - မနက် ၉:၃၀ မှ ညနေ ၃:၃၀ ထိ

20/07/2026

🌾 မင်္ဂလာပါရှင်။

🌾 ကျွန်မတို့ 𝗥𝗜𝗦𝗘 𝗖𝗲𝗻𝘁𝗲𝗿, 𝗠𝗲𝗻𝘁𝗮𝗹 𝗛𝗲𝗮𝗹𝘁𝗵 𝗣𝗿𝗼𝗴𝗿𝗮𝗺 ကနေ လာမယ့် ကြာသပတေးနေ့ (၂၃.၇.၂၀၂၆) မှာ "𝐒𝐦𝐚𝐥𝐥 𝐛𝐮𝐭 𝐔𝐧𝐬𝐡𝐚𝐤𝐞𝐧" ဆိုတဲ့ ခေါင်းစဉ်နဲ့ အဖွဲ့လိုက် စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးသည့် အစီအစဉ်တစ်ခုကို ပြုလုပ်သွားဖို့ ရှိပါတယ်။

💌 ဒီ Session လေးဟာ support session ဆိုတဲ့အတိုင်း တက်ရောက်လာတဲ့ participants တွေကြား အချင်းချင်း ခံစားချက်တွေ အမြင်တွေကို ရင်ဖွင့်ကြမယ်၊ စာနာနားလည်မှုနဲ့ ဝေဖန်မှုတွေမပါဘဲ နားထောင်ပေးကြမယ်၊ စိတ်ပိုင်းဆိုင်ရာ နွေးထွေးလုံခြုံတဲ့ ပတ်ဝန်းကျင်လေးကို အတူဖန်တီးကြမှာပဲ ဖြစ်ပါတယ်။

💌 ဒီ support session လေးကို Mental Health Program Associate တစ်ဦးဖြစ်တဲ့ Dr. Peter က ဦးဆောင်ဆွေးနွေးပေးမှာပဲ ဖြစ်ပါတယ်။

🌻အဝေးတစ်နေရာမှာ ရွှေ့ပြောင်းအခြေချနေထိုင်တဲ့အခါ၊ ဒါမှမဟုတ် ကိုယ်ဟာ ကိုယ့်ပတ်ဝန်းကျင်နဲ့မတူဘဲ ကွဲပြားနေတယ်လို့ ခံစားရတဲ့အခါ... "ငါတစ်ယောက်တည်း ဖြစ်နေပါလား" ဆိုတဲ့ အထီးကျန်စိတ်ကို ခံစားဖူးပါသလား။

🌻အိမ်ရှင် ထိုင်းလူမျိုးတွေကြားထဲမှာပဲဖြစ်ဖြစ်...
🌻မတူညီတဲ့ နောက်ခံအသီးသီးက တိုင်းရင်းသားလူမျိုးစုတွေကြားထဲမှာပဲဖြစ်ဖြစ်...
🌻LGBTQ+ အသိုင်းအဝိုင်းထဲက လူနည်းစု (Minority) တစ်ယောက်ပဲဖြစ်ဖြစ်...
မတူကွဲပြားတဲ့ လူအများကြားထဲမှာ အနည်းစုဖြစ်နေရတဲ့အခါ ကျွန်မတို့ရဲ့ စိတ်အစုံမှာ မသိမသာ ဝန်ထုပ်ဝန်ပိုးတွေ ဖြစ်လာတတ်ပါတယ်။

🌻အပြင်ပန်းကကြည့်ရင် အဆင်ပြေနေပုံရပြီး "ငါက တခြားသူတွေထက် အခွင့်အလမ်းတွေ ပိုရနေတာပဲ၊ Privilege ရှိတာပဲ" လို့ တွေးမိတတ်ပေမဲ့... တကယ်တမ်း စိတ်ရဲ့နက်ရှိုင်းတဲ့ Instinct (ဗီဇ) ထဲမှာတော့ သဘာဝအလျောက် စိုးရိမ်ပူပန်မှုတွေ၊ မလုံခြုံမှုတွေနဲ့ အကြောက်တရားတွေ ကိန်းအောင်းနေတတ်ပါတယ်။
ဒါဟာ သင်တစ်ယောက်တည်း ခံစားရတဲ့အရာမဟုတ်သလို၊ သင့်ရဲ့ ပျော့ညံ့မှုကြောင့်လည်း မဟုတ်ပါဘူး။

💡 ဒီ Session မှာ ဘာတွေအဓိကပြောကြမလဲ။

🪻Minority Stress ၏ သဘောသဘာဝ- လူနည်းစုဖြစ်ရခြင်းကြောင့် ခန္ဓာကိုယ်နဲ့ စိတ်ဝိဉာဉ်အပေါ် သက်ရောက်လာတဲ့ စိတ်ဖိစီးမှုတွေအကြောင်းကို ပွင့်ပွင့်လင်းလင်း ဆွေးနွေးကြမယ်။
🪻ရင်တွင်းခံစားချက်များကို မျှဝေခြင်း- လူနည်းစုတစ်ယောက်အနေနဲ့ ရင်ဆိုင်ရတဲ့ အကြောက်တရား၊ လုံခြုံမှုမရှိခြင်းနဲ့ စိုးရိမ်စိတ်တွေကို လုံခြုံစိတ်ချရတဲ့ ပတ်ဝန်းကျင်တစ်ခုမှာ အတူတကွ ရင်ဖွင့်ဖလှယ်ကြမယ်။
🪻စိတ်ခန္ဓာ တည်ငြိမ်ခြင်း (Unshaken)- ဘယ်လိုအခြေအနေမျိုးမှာမဆို မိမိကိုယ်ကိုယ် ယုံကြည်မှုအပြည့်နဲ့ ရဲရဲဝံ့ဝံ့ ဆက်လက်ရပ်တည်နိုင်ဖို့ စိတ်ပိုင်းဆိုင်ရာ အထောက်အပံ့တွေကို ရယူကြမယ်။

🌻အကယ်၍ သင်ဟာ အထက်ပါခံစားချက်မျိုးတွေ ရှိနေပြီး စိတ်ပိုင်းဆိုင်ရာ နွေးထွေးမှုနဲ့ အပြန်အလှန် နားလည်ပေးနိုင်မယ့် Group Support တစ်ခုကို ရှာဖွေနေတယ်ဆိုရင် ဒါမှမဟုတ် သင် က တစ်ခြားသော လူနည်းစုဝင်တွေနဲ့ အတူတကွ ဆက်စပ်နေပြီး သူတို့ကို နားလည်ဖေးမချင်တယ်ဆိုရင်
ဒီ Small But Unshaken support session လေးကို လာရောက်ဖို့ဖိတ်ခေါ်ပါရစေ။

🌾 ဒီ Support Session ကိုတော့ RISE Centre မှာ လူကိုယ်တိုင် တက်ရောက်ရမှာ ဖြစ်ပါ။ စိတ်ပါဝင်စားသူများ အနေနဲ့ အောက်ပါ Link ကနေတစ်ဆင့် စာရင်း ပေးသွင်းနိုင်ပါတယ်။

👉 စာရင်းပေးသွင်းရန် - https://forms.gle/ysbygFfZaWxvSn577

(လူဦးရေ ကန့်သတ်ထားတာမို့ အမြန်ဆုံး စာရင်းပေးသွင်းကြဖို့ တိုက်တွန်းလိုက်ရပါတယ်ရှင်။)

🌵 နေ့ရက် - ၂၃/ဇူလိုင်လ / ၂၀၂၆ (ကြာသပတေးနေ့)

🌵 နေရာ - RISE Centre မယ်တောင်၊ မဲဆောက်

🌵 အချိန် - မနက် ၉:၃၀ မှ နေ့လည် ၁၂:၃၀ ထိ

Photos from RISE Center's post 15/07/2026

အားလုံးပဲ မင်္ဂလာပါခင်ဗျား

BEAM Education Foundation ၏ RISE Center နှင့် Mae Sot Technical College တို့မှ ပူးပေါင်းဖွင့်လှစ်မယ့် မော်တော်ဆိုင်ကယ်ပြင်သင်တန်းကို မကြာခင်မှာ ဖွင့်လှစ်မှာ ဖြစ်ပါတယ်။

အခြေခံပြုပြင်နည်းကို အလေးပေး သင်ကြားပေးမယ့် မော်တော်ဆိုင်ကယ်ပြင်သင်တန်းကိုတော့ -

📆အချိန်ကာလ: ၂၀၂၆ ခုနှစ် ဩဂုတ်လ ၈ ရက်နေ့မှ စက်တင်ဘာလ ၆ ရက်နေ့ထိ

📆သင်ကြားမည့်ရက်များ: စနေနှင့် တနင်္ဂနွေ (တစ်ပတ် ၂ ရက်သာ)

⏱️အချိန်: နံနက် ၉ နာရီမှ ညနေ ၄ နာရီထိ

📍နေရာ: မယ်ပခရိုင်ခွဲအတွင်းမှ မဲဆောက်နည်းပညာကောလိပ်

https://maps.app.goo.gl/ndGFGAqDYs7MCKuR6

📝သင်တန်းအား Online မှ တစ်ဆင့် လျှောက်ထားနိုင်ရင် အောက်ပါ Google Form Link သို့ဝင်ရောက်၍သော်၎င်း ပူးတွဲပါ QR Code ကို Scan ဖတ်၍သော်၎င်း လျှောက်ထားနိုင်ပါတယ် ခင်ဗျား။

https://docs.google.com/forms/d/e/1FAIpQLSe40pmDWn-3aZOAKIW2orD73cVvEfHR3r3AFYC-8FcjTSFZzg/viewform?usp=dialog

တစ်စုံတစ်ရာ အခက်အခဲရှိပါက ဆက်သွယ်ရန် -
RISE Center Skill Development Program Phone Number
📲(+66) 093 393 3758 (ရုံးချိန်တွင်းဆက်သွယ်နိုင်ပါတယ်)

‼️သင်တန်းချိန်အတွင်း နေ့လည်စာကို မိမိကိုယ်တိုင် စီစဉ်ရမှာ ဖြစ်ပါတယ်။

‼️သင်တန်းချိန်အသွားအပြန်ကိုလည်း မိမိကိုယ်တိုင်စီစဉ်ဥမှာ ဖြစ်ပါတယ်။

‼️သင်တန်းအချိန် အနည်းဆုံး ၈၀ ရာခိုင်နှုင်း (သို့) အချိန်ပြည့် တက်နိုင်ရပါမယ်။

‼️သင်တန်းတက်ရောက်ခွင့်ရှိသူ/ ရွေးချယ်ခံရသူများအား ဖုန်းဖြင့်တစ်ဆင့် ဆက်သွယ် အကြောင်းကြားပေးပါမယ်။

☑️အသက်အရွယ်/ ကျား/မ / လိင်စိတ်ခံယူမူကွဲပြားသူများ မရွေး လူအားလုံး လျှောက်ထားနိုင်ပါတယ်။

🙏အားလုံးကို ကျေးဇူးတင်ပါတယ် ခင်ဗျား🙏

Photos from PlayOnside's post 07/07/2026

Thank you, Play Onside, for giving us the opportunity to join this amazing event! 🙌⚽✨

22/06/2026

🌈မင်္ဂလာပါခင်ဗျာ
𝗥𝗜𝗦𝗘 𝗖𝗲𝗻𝘁𝗲𝗿 𝗠𝗲𝗻𝘁𝗮𝗹 𝗛𝗲𝗮𝗹𝘁𝗵 𝗣𝗿𝗼𝗴𝗿𝗮𝗺 မှ ဖိတ်ကြားအပ်ပါတယ်။

လူ့အခွင့်အရေး၊ လူ့ဂုဏ်သိက္ခာ၊ မတူကွဲပြားမှုနှင့် တန်းတူညီမျှမှုတို့ကို တန်ဖိုးထားသော 𝗥𝗜𝗦𝗘 𝗖𝗲𝗻𝘁𝗲𝗿 မှ
𝗣𝗿𝗶𝗱𝗲 𝗠𝗼𝗻𝘁𝗵 အထိမ်းအမှတ်အဖြစ် လာမည့် (သောကြာနေ့၊ ၂၆ ဇွန်၊ ၂၀၂၆) တွင်

🏳️‍🌈 "𝗔 𝘄𝗼𝗿𝗹𝗱 𝘄𝗵𝗲𝗿𝗲 𝗲𝘃𝗲𝗿𝘆𝗼𝗻𝗲 𝗯𝗲𝗹𝗼𝗻𝗴𝘀: 𝗯𝘂𝗶𝗹𝗱𝗶𝗻𝗴 𝗮 𝗰𝗼𝗺𝗺𝘂𝗻𝗶𝘁𝘆 𝗼𝗳 𝗿𝗲𝘀𝗽𝗲𝗰𝘁 𝗮𝗻𝗱 𝗶𝗻𝗰𝗹𝘂𝘀𝗶𝗼𝗻" 🏳️‍🌈
"လူတိုင်းအတွက် နေရာရှိသော ကမ္ဘာ - လေးစားမှု၊ နားလည်မှုတို့ဖြင့် ပေါင်းစည်းထားသော အသိုင်းအဝိုင်း”

ဆိုသော ခေါင်းစဉ်ဖြင့် Awareness Workshop and Group Support Session ကို ပြုလုပ်သွားမှာဖြစ်ပါတယ်။

🌈ဤ workshop တွင် မတူညီသော အတွေ့အကြုံများနှင့် စိတ်ခံစားမှုများကို လွတ်လပ်စွာမျှဝေကြမယ်။

🌈 စိတ်၀င်စားစရာ Activities လေးတွေကို တက်တက်ကြွကြွနဲ့ အတူတကွ လုပ်ဆောင်ကြမယ်။

🌈ဝေဖန်မှုကင်းပြီး နားလည်မှုနှင့် ချစ်ခြင်းမေတ္တာ အခြေခံပြီး တစ်ဦးနှင့်တစ်ဦးနားထောင်ကြမယ်။

🌈ခွဲခြားဆက်ဆံမှုကင်းပြီး လေးစားမှုရှိတဲ့ လူ့အဖွဲ့အစည်း အားကောင်းလာဖို့ ဝိုင်း၀န်းအဖြေရှာကြမယ်။

📍 တက်ရောက်ရန်နေရာ – RISE Center (မယ်တောင်၊ မဲဆောက်)
🗓 နေ့ရက် – ၂၆ ဇွန် ၂၀၂၆ (သောကြာနေ့)
🕙 အချိန် – မနက် ၉:၃၀ မှ နေ့လည် ၁၂:၃၀ ထိ

📌 လူဦးရေ ကန့်သတ်ထားသောကြောင့် တက်ရောက်လိုသူများအနေဖြင့် အောက်ပါလင့်ကနေတစ်ဆင့် စာရင်းပေးသွင်းနိုင်ပါသည်။

🎯 တက်ရောက်ရန် ရွေးချယ်ခံရသူများအား email (သို့) Phone ကနေတစ်ဆင့် အကြောင်းကြားပေမည်ဖြစ်ပါသည်။ 🎯

👉 စာရင်းပေးသွင်းရန်
https://forms.gle/gbF8k4GMTba38Nzv7

📣 RISE Center သည် အမျိုးသမီးနှင့်အမျိုးသားတန်းတူရေး၊ လိင် (သို့) လိင်စိတ်ခံယူမှုအပေါ် ခွဲခြားဆက်ဆံမှုကင်းသော လူ့ဘောင်တစ်ရပ်ဖြစ်ပေါ်ရေးကို ဦးစားပေးသောနေရာဖြစ်ပါသည်။

ต้องการให้คลินิกของคุณขึ้นเป็นอันดับหนึ่งในหมวด คลินิก ที่ Mae Sot หรือไม่?
คลิกที่นี่เพื่อรับประกาศแบบสปอนเซอร์ของคุณ

เบอร์โทรศัพท์

เว็บไซต์

ที่อยู่


1276, Moo 3, Tumbon Mae Tao
Mae Sot
63110

เวลาทำการ

จันทร์ 10:00 - 17:00
อังคาร 10:00 - 17:00
พุธ 10:00 - 17:00
พฤหัสบดี 10:00 - 17:00
ศุกร์ 10:00 - 17:00

แจ้งเตือน

เป็นคนแรกที่รู้ข่าว: เราจะส่งอีเมลแจ้งเมื่อ RISE Center โพสต์ข่าวสารและโปรโมชั่น อีเมลของคุณจะไม่ถูกนำไปใช้เพื่อวัตถุประสงค์อื่น และคุณสามารถยกเลิกการรับข่าวสารได้ทุกเมื่อ

สมัครรับข่าวสาร

เราจะแจ้งให้คุณทราบเมื่อมีความเคลื่อนไหวใน Mae Sot