Legal Assistant Program - BLC

Legal Assistant Program -  BLC

แชร์

ข้อมูลการติดต่อ, แผนที่และเส้นทาง,แบบฟอร์มการติดต่อ,เวลาเปิดและปิด, การบริการ,การให้คะแนนความพอใจในการบริการ,รูปภาพทั้งหมด,วิดีโอทั้งหมดและข่าวสารจาก Legal Assistant Program - BLC, บริการด้านกฎหมาย, 25/2, Islam Bamrung, Tak, Mae Sot.

The Burma Lawyers’ Council (BLC), founded in 1994, is an independent organization that provides legal assistance, conducts legal research and analysis on Burmese legal issues, and offers educational programming on law and human rights.

15/09/2026
Photos from YCOWA - Yaung Chi Oo Workers' Association's post 09/09/2026
Photos from IOM Myanmar's post 21/07/2026
11/07/2026

📢 #အထူးအသိပေးကြေညာချက် - နိုင်ငံခြားသားအလုပ်သမားများအတွက် WP.62 (ယာယီအလုပ်လုပ်ကိုင်ခွင့်လက်မှတ်) နှင့် ဝပ်ပါမစ်ကတ် ( Smart Card) မလိုပဲသူဌေးပြောင်းနိုင်ပါပြီ !!!!

မင်္ဂလာပါ ခင်ဗျာ...
ထိုင်းနိုင်ငံ အလုပ်အကိုင်ရှာဖွေရေးဦးစီးဌာန (Department of Employment - DOE) မှ နိုင်ငံခြားသားအလုပ်သမားများအတွက် "ယာယီအလုပ်လုပ်ကိုင်ခွင့်လက်မှတ် (Temporary Work Permit - FORM WP. 62)" စနစ်ကို တရားဝင် စတင်အသုံးပြုခွင့်ပြုလိုက်ပြီဖြစ်ကြောင်းအသိပေးကြေညာအပ်ပါသည်။

📌 WP.62 (Temporary Work Permit) ဆိုတာ ဘာလဲ?

WP.62 သည် Work Permit ကို အတည်ပြု (ဝပ်ပါမစ်စာရွက်) ရရှိထားသော်လည်း၊ Work Permit ကတ်ပြား သို့မဟုတ် စာအုပ်အမှန် ထုတ်ပေးရန် စောင့်ဆိုင်းနေသည့် ကာလအတွင်း အသုံးပြုနိုင်သော "တရားဝင် ယာယီအလုပ်လုပ်ခွင့်အထောက်အထားစာရွက်စာတမ်း" ဖြစ်ပါသည်။

📌 ဘယ်သူတွေ ရရှိနိုင်မလဲ?
•Work Permit ခွင့်ပြုချက် (ဝပ်ပါမစ်စာရွက်) ရရှိပြီးသား သူများ
•Work Permit ကတ်ရိုက်ရန် ရက်ချိန်းစောင့်ဆိုင်းနေသူများ

❌ (မှတ်ချက် - Work Permit လျှောက်ထားဆဲ သို့မဟုတ် မအတည်ပြုရသေးသူများအတွက် အကျုံးမဝင်ပါ။)

📌 WP.62 ရှိလျှင် ဘာတွေလုပ်နိုင်မလဲ?
•တရားဝင် အလုပ်လုပ်ခွင့်အထောက်အထားအဖြစ် ခိုင်လုံစွာ အသုံးပြုနိုင်ခြင်း။
•Work Permit ကတ်မရသေးသော်လည်း ဥပဒေနှင့်အညီ လုပ်ငန်းခွင်အတွင်း စိတ်အေးချမ်းသာစွာ ဆက်လက်လုပ်ကိုင်နိုင်ခြင်း။
• လက်ရှိလုပ်ထုံးလုပ်နည်းများနှင့် ကိုက်ညီပါက အလုပ်ရှင်ပြောင်းလဲခြင်း (Change Employer / แจ้งเข้า–แจ้งออก) လုပ်ငန်းစဉ်များကိုပါ ဆောင်ရွက်နိုင်ခြင်း။

📌 WP.62 တွင် ပါဝင်မည့် အဓိကအချက်အလက်များ
အလုပ်သမား၏ ကိုယ်ရေးအချက်အလက်၊ နိုင်ငံကူးလက်မှတ်၊ ဗီဇာ၊ အလုပ်ရှင်အမည်နှင့် လုပ်ငန်းခွင်တည်နေရာတို့အပြင် တရားဝင်မှုရှိ/မရှိ လွယ်ကူလျင်မြန်စွာ စစ်ဆေးနိုင်မည်ဖြစ်ပါသည်

⚠️ အရေးကြီးသောအချက်
WP.62 သည် Work Permit အသစ် (သို့မဟုတ်) အမျိုးအစားသစ် ထုတ်ပေးခြင်းမဟုတ်ပါ။ Work Permit ခွင့်ပြုချက်ရရှိပြီးသား အလုပ်သမားများ၏ အလုပ်လုပ်ခွင့်ကို ခိုင်လုံစွာ အထောက်အထားပြုရန် ယာယီအသုံးပြုနိုင်သော စာရွက်စာတမ်းသာ ဖြစ်ပါသည်။ ဤစနစ်ကို မိတ်ဆက်လိုက်ခြင်းဖြင့် Work Permit ကတ်ထုတ်ပေးမှု နှောင့်နှေးခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သော အလုပ်အကိုင်အခက်အခဲများကို များစွာလျှော့ချပေးနိုင်မည်ဟု ယုံကြည်ပါသည်။

အလုပ်သမားရေးရာကိစ္စရပ်များ၊ WP.62 နှင့် ပတ်သက်၍ အသေးစိတ် သိရှိလိုသည်များ သို့မဟုတ် Work Permit လျှောက်ထားခြင်း နှင့်အခြားသောဝန်ဆောင်မှုများကို ယုံကြည်စိတ်ချစွာ ရယူလိုပါက LaborWork Company Limited သို့ ဖုန်းဖြင့်ဖြစ်စေ လူကိုယ်တိုင်လာရောက်၍ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။

ရုံးချုပ်လိပ်စာ
အမှတ် 304/6-8၊ ပရာချာဦးထစ်လမ်း (Pracha Uthit Road)၊ ဘန်မော့ (Bang Mot) ရပ်ကွက်၊ သုန်ခရု (Thung Khru) မြို့နယ်၊ ဘန်ကောက်မြို့ 10140၊ ထိုင်းနိုင်ငံ။

LaborWork Company Limited ၏တရားဝင် page မှဖြင့်စေ ရုံးသို့ လူကိုယ်တိုင်လာရာက်၍ဖြစ်စေ စာရင်းပေးသွင်းနိုင်ပါတယ်ခင်ဗျ။

ဆက်သွယ်ရန် ဖုန်း

099-179-8701 🏴󠁧󠁢󠁥󠁮󠁧󠁿
061-778-7705 🇲🇲
094-524-1235 🇹🇭
082-737-1236 🇹🇭

Facebook Messenger
၏ မက်ဆင်ဂျာ မှတစ်ဆင့် ဆက်သွယ်နိုင်ပါသည်။

11/07/2026

🟪ရွှေ့ပြောင်းလုပ်သားများ ယာယီလက်မှတ်ဖြင့် သူဌေးပြောင်း၊ အလုပ်ပြောင်းနိုင်ပြီ
🟪ဇူလိုင် ၁ ရက်နေ့မှစ၍ စတင် အကျုံးဝင်
_____________
အလုပ်သမားဝန်ကြီးဌာန ဝန်ကြီး ဂျူလာဖန် က ရွှေ့ပြောင်းလုပ်သား စီမံခန့်ခွဲမှုစနစ်ကို မြှင့်တင်လိုက်ပြီး အလုပ်ရှင်နှင့် အလုပ်သမားများအတွက် စာရွက်စာတမ်းဆိုင်ရာ လုပ်ထုံးလုပ်နည်း အခက်အခဲတွေကို လျှော့ချပေးလိုက်ပါတယ်။ အလုပ်လုပ်ကိုင်ခွင့်လက်မှတ် ရရှိဖို့ စောင့်ဆိုင်းနေရတဲ့ ကာလအတွင်း အလုပ်သမားတွေအနေနဲ့ လုပ်ငန်းခွင်မှာ ဆက်လက်လုပ်ကိုင်နိုင်စေဖို့အပြင်၊ အလုပ်ပြောင်းရွှေ့ခြင်းဆိုင်ရာ လုပ်ငန်းစဉ်တွေကိုပါ ပိုမိုချောမွေ့စေဖို့ ရည်ရွယ်ပြီး ဒီစနစ်သစ်ကို စတင်လိုက်တာပါ။

ဝန်ကြီးရဲ့ ပြောကြားချက်အရ လုပ်ကိုင်ခွင့်ပြုကြောင်း ခွင့်ပြုချက်ရပြီးပေမယ့် အလုပ်လုပ်ကိုင်ခွင့်လက်မှတ်အစစ် မရသေးတဲ့ကာလမှာ ယာယီအလုပ်လုပ်ကိုင်ခွင့်လက်မှတ် ( Tor Ror 62) ကို အသုံးပြုနိုင်ဖို့ သတ်မှတ်ပေးထားပါတယ်။ ဒီယာယီ လက်မှတ်မှာ အလုပ်သမားရဲ့ ကိုယ်ရေး အချက်အလက်၊ နိုင်ငံကူးလက်မှတ်၊ ဗီဇာ၊ လုပ်ငန်းခွင်ဆိုင်ရာ အသေးစိတ်အချက်အလက်တွေနဲ့ ကျန်းမာရေးစောင့်ရှောက်မှု အခွင့်အရေးတွေအထိ ပါဝင်မှာဖြစ်ပြီး ဥပဒေအရ တရားဝင်အလုပ်လုပ်ကိုင်ခွင့် ရှိကြောင်း သက်သေပြနိုင်မှာ ဖြစ်ပါတယ်။

ဒီစနစ်သစ်ကြောင့် အလုပ်လုပ်ကိုင်ခွင့် ခွင့်ပြုချက်ရပြီးသား အလုပ်သမားတွေအနေနဲ့ အလုပ်လုပ်ရာမှာ ကြားဖြတ် ရပ်တန့်သွားတာမျိုးမရှိဘဲ တရားဝင် ဆက်လက် လုပ်ကိုင်နိုင်မှာ ဖြစ်သလို၊ အလုပ်ရှင်တွေအတွက်လည်း အလုပ်သမားခန့်အပ်ခြင်း၊ အလုပ်ပြောင်းရွှေ့ခြင်း စတဲ့ လုပ်ငန်းလည်ပတ်မှုတွေ ပိုမိုချောမွေ့သွားမှာပါ။ ဝန်ကြီးကတော့ ဒီဆောင်ရွက်ချက်ဟာ အစိုးရရဲ့ ဝန်ဆောင်မှုကို ပိုမိုထိရောက်စေပြီး စနစ်တကျရှိတဲ့ နိုင်ငံခြားသားအလုပ်သမား စီမံခန့်ခွဲမှုပုံစံကို ဖြစ်ပေါ်စေမယ်လို့ ဆိုထားပါတယ်။

ဒီကြေညာချက်ကို အလုပ်အကိုင်ရှာဖွေရေးဌာနက ၂၀၂၆ ခုနှစ်၊ ဇူလိုင်လ ၉ ရက်နေ့မှာ တရားဝင် ထုတ်ပြန်ခဲ့ပြီး၊ ဇူလိုင်လ ၁ ရက်နေ့ကတည်းက စတင်အသက်ဝင်တာ ဖြစ်ပါတယ်။ လုပ်ထုံးလုပ်နည်း အဆင့်ဆင့်ကို လျှော့ချပြီး အလုပ်သမားနဲ့ အလုပ်ရှင် နှစ်ဖက်လုံးအတွက် ပိုမိုယုံကြည်စိတ်ချရတဲ့ လုပ်ငန်းခွင်ပတ်ဝန်းကျင်တစ်ခု ဖြစ်လာစေဖို့ ဦးတည်ဆောင်ရွက်နေတာဖြစ်ကြောင်း ဝန်ကြီးက ပြောကြားထားပါတယ်။

#ဘီကွန်မြန်မာ #ထိုင်း #အလုပ်သမား #ရွှေ့ပြောင်းအလုပ်သမား #အလုပ် #ထိုင်းရောက်မြန်မာ

27/05/2026

“ TM 30 နိုင်ငံခြားသားဧည့်စာရင်းဖောင် ကိုယ်တိုင်တင်နိုင်ရန် လမ်းညွှန်ချက် ”

Banana Hub | 27th May 2026

➤ TM 30 ဆိုတာဘာလဲ❔

TM 30 ဆိုတာ နိုင်ငံခြားသားနေထိုင်မှု အကြောင်းကြားလွှာ (သို့မဟုတ်) ဧည့်စာရင်းဖောင် တစ်ခုဖြစ်ပြီး နိုင်ငံခြားသားတစ်ယောက် အိမ်အခန်း ၊ ဟိုတယ်ငှါးရမ်းပြီး ၂၄ နာရီအတွင်း အိမ်ပိုင်ရှင် ၊ ဟိုတယ်မန်နေဂျာမှ Royal Thai Immigration Bureau သို့ report လုပ် အကြောင်းကြားပေးရတဲ့ စနစ်ဖြစ်ပါတယ်။

➤ လိုအပ်သော စာရွက်စာတမ်းများ 📑

၁။ TM 30 ဖောင်
၂။ နိုင်ငံခြားသား၏ ပက်စ်ပို့မိတ္တူ
၃။ အိမ်ပိုင်ရှင်၏ မှတ်ပုံတင်မိတ္တူ
၄။ အိမ်ငှါးစာချုပ်မိတ္တူ (ရှိပါက)

➤ အကြောင်းကြားရန် နည်းလမ်းများ 📢

၁။ အွန်လိုင်း — https://tm30.immigration.go.th (သို့မဟုတ်) TM30 မိုဘိုင်းအက်ပလီကေးရှင်း
၂။ လူကိုယ်တိုင် — အနီးဆုံး လဝကရုံး (သို့မဟုတ်) ရဲစခန်း
၃။ စာတိုက် — မှတ်ပုံတင်စာဖြင့်ပေးပို့

➤ အွန်လိုင်းမှ အကြောင်းကြားနည်း💡

https://tm30.immigration.go.th အွန်လိုင်းဝက်ဘ်ဆိုက်သို့ ဝင်ရောက်၍ အိမ်ပိုင်ရှင်အနေဖြင့်
- Owner name
- Passport
- Property address
- Phone number
- Email
စသည်တို့ကို ဖြည့်စွက်၍ အကောင့် register လုပ်ရပါမယ်။

ထို့နောက်အကောင့် log in ဝင်ကာ “Notification of residence” ကိုရွေးချယ်၍ ငှါးရမ်းနေထိုင်တဲ့ နိုင်ငံခြားသားရဲ့ အောက်ပါအချက်အလက်တွေကို ဖြည့်စွက်ပေးရပါတယ်။
- Passport number
- Nationality
- Check in date & Check out date
- Address of residence

အိမ်ပိုင်ရှင်အနေဖြင့် ထိုင်းနိုင်ငံတွင် ရှိနေစရာမလိုပဲ ပိုင်ဆိုင်မှုအထောက်အထား (Title Deed) ၊ အိမ်လိပ်စာမှတ်ပုံတင် (House Registration Book) နှင့် အိမ်ငှားစာချုပ်တို့ကို Soft Copy အဖြစ် အဆင်သင့်ထားရန် လိုအပ်ပါတယ်။

⚠️ အိမ်ရှင်မှ ပူးပေါင်းမဆောင်ရွက်ပါက❗️

အခန်းစာချုပ်၊ ငှားရမ်းခစလစ်၊ မီတာခစလစ်များဖြင့် ကိုယ်တိုင်သွားရောက်၍ အခမဲ့ အကြောင်းကြားနိုင်ပါတယ်။

Ref — Local

---

Tik Tok Acc - bananahub999

မသိသေးသူများ သိရလေအောင် Copy Paste ပြန်လည်ကူးယူဖော်ပြခြင်းအစား ပိုစ့်ကို ရှယ်ပေးကြပါရှင်။

တဆင့် ပြန်လည်ကူးယူခွင့်မပြုပါ !!!

Source - Banana Hub

အားလုံး အဆင်ပြေကြပါစေ 🙏

#‌bananahub
#အလည်ဗီဇာလျှောက်ပေးသည်
#ရက်ကိုးဆယ်တုံးထုပေးသည်

#ကားလက်မှတ်အရောင်းဝန်ဆောင်မူ
#အွန်လိုင်းEticketingService
#လေယာဉ်လက်မှတ်အရောင်းဝန်ဆောင်မူ
#ဘတ်တင်ပေးသည်
#ပန်းကဒ်တင်ပေးသည်
#စီအိုင်အသစ်‌လျှောက်ပေးသည်

ต้องการให้ธุรกิจของคุณ ธุรกิจ ขึ้นเป็นอันดับหนึ่ง การปฏิบัติตามกฎหมาย ใน Mae Sot?
คลิกที่นี่เพื่อเป็นสมาชิก?

เบอร์โทรศัพท์

เว็บไซต์

ที่อยู่


25/2, Islam Bamrung, Tak
Mae Sot
63110