SLT

SLT

แชร์

♡~This too shall pass.~♡

Photos from SLT's post 14/08/2026

~Google~Gmail~Email~

ကိုယ်တိုင် Gmail Account ဖွင့်တဲ့နည်းလေးထပ်တင်ပေးပါဆိုတဲ့သူတွေအတွက်အဆင်ပြေမယ်လို့မျှော်လင့်ပါတယ်

#သိသူကျော်သွားပါ

13/08/2026

🟡~Krungsri Bank~🟡

Krungsri ATM စက်ကနေ Krungsri ATM ကဒ့်နဲ့ တခြားအမျိုးအစားမတူသောဘဏ်ထဲကိုငွေလွဲတဲ့နည်းလေးထပ်တင်ပေးပါဆိုတဲ့သူတွေအတွက်အဆင်ပြေမယ်လို့မျော်လင့်ပါတယ်

#သိသူကျော်သွားပါ

13/08/2026

~ပီဖွေး ဖေဖေ ပီဖွေး တို့ကို ဆုံးမတဲ့ စကားလေးတွေကို ထပ်မံ ပြန်လည်မျှဝေပေးချင်ပါတယ် ~

📍သားသားမီးမီးရှိတဲ့မိဘတိုင်း ဒီစာကိုဖတ်ပြီးအကျိုးရှိမယ်လို့လဲမျှော်လင့်ပါတယ်

🔺️ အဖေဟာ သူ့ရဲ့နေ့စဥ်ဖြတ်သန်းကြုံတွေမူတွေကို စာအုပ်ထဲမှာ နေ့တိုင်းချရေးတယ်
🫟ထပ်တူပဲ
✅️ ဘယ်နေ့ဘယ်အချိန်မှာ သေချင်းတရားနဲ့ရင်ဆိုင်ရမယ်ဆိုတာမသိတဲ့အတွက် သူမရှိတော့တဲ့အချိန်သူ့ရဲ့ဆုံးမစကားကို ကျွန်မ ငယ်ငယ်လေးကတည်းက စာအုပ်ထဲမှာရေးချထားတယ်

✴️ဖေဖေ့ ရဲ့ ဆိုဆုံးမမူတွေကို ပြန်လည်မျှဝေချင်ပါတယ်

✍️✍️✍️✍️✍️✍️✍️✍️✍️✍️✍️✍️✍️✍️✍️✍️

သမီးလေး ဖွေးရေ....

ဖေဖေဒီ စာကို ရေးလိုက်တာ အကြောင်း အရင်း၃ခုရှိပါတယ်။

1️⃣။ ဘဝရယ်၊ ကံကြမ္မာ ရယ်၊ ကံဆိုးမိုးမှောင်ကျမှုရယ်ဆိုတဲ့ အရာတွေဟာ ဘယ်တော့မှ ကြိုတင်မှန်းဆလို့ မရပါဘူး။ ဖေဖေတို့ ဘယ်လောက်သက်တမ်းအထိိ နေရမယ်ဆိိုတာလည်း ဘယ်သူမှ မသိနိုင်ပါဘူး။

2️⃣။ ဖေဖေဟာ သမီးတို့ရဲ့အဖေဖြစ်တယ်။ တကယ်လိုဒီအကြောင်းအရာတွေကို အဖေမှ မပြောရင် တခြားဘယ်သူမှ သမီးတို့ကို ပြောပြလိမ့်မှာမဟုတ်ပါဘူး။

3️⃣။ ဖေဖေ့ရဲ့ ခါးသီးခဲ့ တဲ့ အတွေ့ အကြုံပေါ်မှာ အခြေ ခံပြီးရေးထားတဲ့ အကြောင်းတရားတွေဟာ သမီးတို့အတွက် မလိုလားအပ်တဲ့ စိတ်နှလုံးထိခိုက်စရာကိစ္စတွေကို တဖက်တလမ်းကဖယ်ရှားပေးနိုင်ပါလိမ့်မယ်။

✴️အောက်မှာပြောပြမယ့်အကြောင်းအရာတွေကို သမီးဘဝတစ်လျောက်သတိရနေပါနော်။

1️⃣။ သမီးအပေါ်မကောင်းတဲ့သူတွေအတွက် ထိခိုက်ပူဆွေးဒေါသထွက်မနေပါနဲ့။ သမီးရဲ့မေမေနဲ့ ဖေဖေ ကလွဲပြီးတော့ သမီးတို့အပေါ်ကို ကောင်းကောင်းမွန်မွန်ဆက်ဆံဖို့ ဘယ်သူမှာမှ တာဝန်မရှိပါဘူး။

သမီးအပေါ်မှာ ကောင်းတဲ့သူတွေအတွက်တော့ တန်ဖိုးထားပြီး ကျေးဇူးတင်လိုက်ပါ။ ဒါပေမယ့် သမီး အနေနဲ့ သတိထားစရာ အချက်တော့ရှိတယ်။ လူတိုင်းမှာ စိတ်ခံစားမှုအခြေအနေတွေ အမျိုးမျိုး ပြောင်းလဲနေတယ်။

လူတစ်ယောက်က သမီးအပေါ် ကောင်းတယ်ဆိုတာဟာ သူဟာ သမီးအပေါ် အမြဲတမ်းကောင်းမွန်စွာဆက်ဆံမယ်လို့ မဆိုလိုပါဘူး။ သူ့ကို သမီးရဲ့ တကယ့်မိတ်ဆွေအစစ်လို့ အလျင်အမြန်ဆုံးဖြတ်ချက်မချလိုက်ပါနဲ့။

2️⃣။ လောကမှ မရှိမဖြစ်လိုအပ်တဲ့သူဆိုတာ ဘယ်သူမှမရှိပါဘူး။ ဒီကမ္ဘာပေါ်မှာ သမီးပိိုင်ဆိုင်စရာဘာမှမရှိဘူး။

ဒီအချက်ကိုသဘောပေါက်ထားရင် သမီးနားမှာ ရှိနေတဲ့သူတွေ သမီးကို မလိုအပ်တော့တဲ့အခါ သမီး အလိုအပ်ဆုံးလူတွေကိို ဆုံးရှုံးရတဲ့အခါ ဘဝတစ်လျောက် အဆင်ပြေစွာနေသွားနိုင် ပါပြီ။

3️⃣။ ဘဝက တိုတိုလေးပါ။

သမီး ဒီနေ့မှာ အချိန် ဖြုန်းလိုက်မယ်ဆိုရင် မနက်ဖြန်ကျရင် သမီးဘဝက သမီးကို ချန် ထားခဲ့တယ်လို့ ခံစားရလိမ့်မယ်။ သမီးရဲ့ဘဝကိို မြန်မြန်တန်ဖိုးထားလေလေ သမီး ဘဝမှာ ပျော်ရွှင်စရာတွေကို ပိုင်ဆိုင်ရလေလေပဲ။

4️⃣။ အချစ်ဆိုတာ တဒင်္ဂလေး ဖြစ်သွားတဲ့ ခံစားချက်လေးပါ။ အဲ့ဒီခံစားချက်လေးဟာ အချိန်ကြာလာတာနဲ့အမျှ တဖြေးဖြေး မှေးမှိိန်ပျောက်ကွယ်သွားပါလိမ့်မယ်။ သမီးသိပ်ချစ်ရပါတယ်ဆိုတဲ့ လူတစ်ယောက်သမီး ကို စွန့်ခွာသွားတဲ့အခါ ခဏလေး သည်းခံလိုက်ပါ။ အချိန်တွေက သမီးရဲ့ နာကျင်ဝမ်းနည်းမှုတွေကို ဆေးကြောပေးသွားမှာပါ။

အချစ်ရဲ့ ချိုမြိန်ခြင်း နဲ့ အလှတရားကို သိပ်အမွန်းမတင်ပါနဲ့။ အဲ့လိုပဲ အချစ်ကြောင့် ပူဆွေးသောကရောက်ရတဲ့ အရာတွေကိို ပုံကြီးမချဲ့လိုက်ပါနဲ့။

5️⃣။ အောင်မြင်နေတဲ့ လူတွေကြားထဲမှာ ပညာရေး အခြေခံမကောင်းခဲ့တဲ့သူတွေ အများကြီးရှိပါတယ်။ ဒါပေမယ့် ဒီအဓိိပ္ပါယ်က သမီး ပညာရေးမှာ မကြိုးစားလည်း အောင်မြင်နိုင်တယ်လို့ ဆိုလိုတာမဟုတ်ပါဘူး။

သမီးဆည်းပူးခဲ့သမျှအသိပညာ ဗဟုသုတ မှန်သမျှဟာ သမီးဘဝအတွက် လက်နက်တွေတပ်ဆင်ပေးလိုက်တာပါပဲ။

နုံချာစုတ်ပြတ်တဲ့ ဘဝကနေ ချမ်းသာတဲ့ဘဝကို သွားနိုင်ပါတယ်။ ဒါပေမယ့် နုံံချာတဲ့ဘဝကနေ အစပြုမှကို ဖြစ်မယ်။

6️⃣။ ဖေဖေ အသက်ကြီးလာတဲ့အခါ သမီးအနေနဲ့ ဖေဖေ့ကို ငွေကြေးဥစ္စာထောက်ပံ့ ပေးဖိို့မမျှော်လင့်ပါဘူး။ ဒီလိုပဲ သမီးကိုလည်း ဘဝတစ်လျှောက်လုံးစာအတွက် ငွေကြေးကို ဖေဖေ ထောက်ပံ ့ပေးမှာ မဟုတ်ပါဘူး။

ဖေ့ဖေ့တာဝန်က သမီးအရွယ်ရောက်ပြီး ကိုယ့်ဟာကိုယ်ရပ်တည်နိုင်တဲ့အထိပဲ တာဝန်ယူပေးမှာပါ။ နောက်ပိုင်းကိစ္စကတော့ သမီးအပြင်ထွက်တဲ့အခါ ဘတ်စ် ကားစီးပြီးထွက်ချင်တာလား ဇိမ်ခံကားလေးနဲ့ ငြိမ့်ငြိမ့်လေးထွက်ချင်လားဆိုတာ သမီးရဲ့ဆုံးဖြတ်ချက်ဖြစ်သွားပါပြီ။

7️⃣။ သမီး ရဲ့ စကားလုံးတွေကို တဖက်သားနားဝင်အောင် အလေးထားပြီးပြောပါ။ ဒါပေမယ့်် တခြားသူတွေဆီကတော့ အဲ့လိုပြန်ရလိမ့်မယ်လို့ မမျှော်လင့်ပါနဲ့။ သမီးအနေနဲ့ လူတွေအပေါ် ကောင်းအောင်နေလို့ရတယ်။

ဒါပေမယ့် တခြားသူတွေက သမီးအပေါ်ပြန်ကောင်းလိမ့်မှာပဲလို့ ဘယ်တော့မှ မမျှော်လင့်ပါနဲ့။ ဒီအချက်ကို သမီး နားမလည်ဘူးဆိုရင် နောက်ဆုံး သမီးဒုက္ခတွေနဲ့ ရင်ဆိုင်ရလိမ့်မယ်။

8️⃣။ ဖေဖေ့ ဘဝတစ်လျှောက်မှာ ထီထိုးတာ အကြိမ်ကြိမ်ပဲ။ ဒါပေမယ့်တစ်ခါမှ ဆုကြေးငွေ မရခဲ့ဖူးဘူး။ အဲ့ဒါဘာအဓိပ္ပါယ်လဲဆိုတော့ သမီး ချမ်းသာချင်ရင် အလုပ်ကိုကြိုးစားလုပ်ရမယ်။ အလကားရတဲ့ထမင်းတနပ်ဆိုတာ ဘယ်တော့မှမရှိပါဘူး။

9️⃣။ သမီးနားမှာ ဖေဖေ နေတဲ့အချိန်ဘယ်လောက်ပဲ ရှိနေပါစေ ရှိနေတဲ့အချိန် တိုင်းကို တန်ဖိုးထားပေး သမီးရေ။ နောက်ဘဝမှ ဖေဖေတို့ ပြန်တွေ့ဖို့ဆိုတာ မသေချာဘူးလေ။

နောက်ဆုံးဖေဖေမှာချင်တာကသမီးမှာမောင်လေးရှိပြီ
မောင်နှမအချင်းချင်းချစ်ချစ်ခင်ခင်နေပါ မောင်လေးကိုစောင့်ရှောက်ပါ မောင်လေးအမှားတွေလုပ်နေရင် လမ်းမှန်ရောက်အောင် သွန်သင်ပါ ဖေးကူပါ ကူညီပါ။

ဖေဖေသိပ်ချစ်ရတဲ့ သမီး နဲ့သားလေး

✍️
ဆန်းမြင့်(Phwe)
9.July.1999

⏩️ကျွန်မစိတ်ဓါတ်တွေခိုင်မာနေတာဖေဖေရဲ့သမီးအပေါ်ရှေ့ရေးကြိုတွေးပြီးသွန်သင်ပေးခဲ့တာကြောင့်ပါ

✍️
ထပ်ဆင့်မျှဝေ
Phwe

#ဖေဖေရဲ့စာတွေကိုရှမ်းဘာသာဖြင့်စာအုပ်ထုတ်ထားပါတယ်

#လွတ်လပ်စွာshareပိုင်ခွင့်ရှိသည်သို့ပေမဲ့စာသားတွေcopyယူပြီးကိုယ်ပိုင်ရေးသလိုရေးခြင်းများခွင့်မပြုပါ
#စာသားကူးယူခွင့်မပြု

Photos from SLT's post 12/08/2026

🩵🥰

12/08/2026

▪︎အိမ်ထောင်မပြုခင်တုန်းက မိသားစုတစ်ခုပဲရှိတယ်

▪︎အိမ်ထောင်ပြုပြီးနောက် မိသားစု ၃ ခု ဖြစ်လာတယ်

♡သူ့မိသားစု ♡ငါ့မိသားစု ♡ငါတို့မိသားစု

▪︎ကိုယ်ဟာ အတ္တကြီးသူ တစ်ယောက်ဆို အိမ်ထောင်မပြုတာ အကောင်းဆုံးပါအရာရာ အမြဲတမ်း ငါ့မိသားစုအတွက်ဆိုရင် တစ်ယောက်တည်းနေပါ

▪︎အိမ်ထောင်ပြုရင် မိသားစု ၃ ခုလုံးဖြစ်မယ် အားလုံးအတွက် မျှမျှတတတွေးပေး နားလည်ပေးနိုင်မှ အိမ်ထောင်ပြုပါ။ ။

#ကိုယ်မိဘကိုချစ်သလိုကိုယ့်ယောက္ခမတွေအပေါ်လဲကောင်းမယ်ဆိုရင်ဒီအိမ်ထောင်ရေးမပြေလည်ဘူးဆိုတာမရှိဘူး။ ။

#အိမ်ထောင်ကျမှယောက္ခမတွေကိုအရေးတယူလုပ်ပြီးကိုယ့်မိဘကိုကျတော့ဂရုမစိုက်တာလဲမဖြစ်စေနဲ့။ ။

✍️
Phwe

#စာသားကူးယူခွင့်မပြု
#လေးစားစွာဖြင့်

Photos from SLT's post 12/08/2026

📍အရေးကြီးသတင်း

ဒီနေ့ 12.8.2028 ကစပြီး
အစိုးရမှ မူးယစ်ဆေးဝါးနှင့် ငွေကြေးခဝါချမှု တိုက်ဖျက်ရေးအတွက် (Mule Account) များအား နှိမ်နင်းရန် 12.8.2026 စတင်အကောင်အထည်ဖော် စီစစ်မှာဖြစ်ပါတယ်

📍รัฐบาลยกระดับการปราบปรามบัญชีม้าและสแกมเม อร์ครั้งใหญ่ โดยมีกฎกระทรวงฉบับใหม่บังคับใช้ใน วันที่ 12 สิงหาคม 2569 ซึ่งจะเชื่อมโยงข้อมูลธนาคาร แบบเรียลไทม์เพื่อระงับและอายัดบัญชีที่มีเส้นทางการ เงินทุจริตในทุกธนาคารทันที.

✅️ ဘဏ်အားလုံးရဲ့ အချက်အလက်များကို အချိန်နှင့်တပြေးညီ (Real-time) ချိတ်ဆက်ပြီး မသင်္ကာဖွယ် ငွေလွှဲလမ်းကြောင်းရှိသော ဘဏ်အကောင့်များကို ချက်ချင်းပိတ်သိမ်း/ဆိုင်းငံ့သွားမည်ဖြစ်သည်

Account များ နှိမ်နင်းရေး အဓိကလုပ်ဆောင်ချက် ၄ ချက်

■ ဘဏ်အားလုံးရှိ အကောင့်များကို ချက်ချင်းဆိုင်းငံ့ခြင်း:

📍 ဘဏ်အကောင့်တစ်ခုခုတွင် မမှန်မကန် လုပ်ဆောင်မှုတွေ့ရှိပါက ထိုသူပိုင်ဆိုင်သည့် ဘဏ်အားလုံးရှိ ငွေကြေးဝန်ဆောင်မှုများကို ချက်ချင်းရပ်ဆိုင်းမည်။

■တစ်နိုင်ငံလုံးရှိ ဘဏ်အားလုံးတွင် သက်ရောက်မှုရှိမည်

🔺️ အချက်အလက်များကို အချိန်နှင့်တပြေးညီ ချိတ်ဆက်ခြင်း:
*■Central Fraud Registry (CFR) စနစ်မှတစ်ဆင့် ဗဟိုအချက်အလက်များကို ချိတ်ဆက်မည်။
■ မသင်္ကာဖွယ်အကောင့်များကို AMLO (ငွေကြေးခဝါချမှုတိုက်ဖျက်ရေးအဖွဲ့) ၏ ဒေတာဘေ့စ်နှင့် ချိတ်ဆက်မည်။
■ AOC 1441 စင်တာ၏ တရားစွဲဆိုခံရသူများစာရင်းနှင့် ပူးပေါင်းဆောင်ရွက်မည်။

✅️ ကြိုတင်ကာကွယ် တားဆီးခြင်း:

■ဆုံးရှုံးနစ်နာသူက တိုင်ကြားခြင်းမပြုမီ အန္တရာယ်ရှိသော အကောင့်များကို ချက်ချင်းပိတ်နိုင်သည်။
■အကယ်၍ နာမည်ပျက်စာရင်း (Blacklist) သွင်းထားသူများကို အကောင့်အသစ်ဖွင့်ခွင့် လုံးဝပိတ်ပင်မည်။

✅️ ဘဏ်အကောင့် ငွေလွှဲပမာဏကို ကန့်သတ်ခြင်း
■တစ်ရက်လျှင် ဘတ် 3,0000 မှ 10,0000 အထိသာ သတ်မှတ်မည်။

#စေတနာဖြင့်
#သိသူကျော်သွားပါ

11/08/2026

🟣~ ธนาคารไทยพาณิชย์ ~🟣

SCB ATM စက်ကနေ SCB ATM ကဒ့်မပါပဲ SCB Easy ဖြင့်ငွေသားထုတ်နည်းလေးတင်ပေးပါဆိုတဲ့သူတွေအတွက်မျှဝေပေးလိုက်ပါတယ် အဆင်ပြေမယ်လို့မျော်လင့်ပါတယ်

#သိသူကျော်သွားပါ

Photos from SLT's post 10/08/2026

🟣~SCB Easy App~🟣
ရဲ့ Notifications မှာ အလယ်က

✅️Awareness Test: Best Practices for the Safe Use of Banking Applications
ကြတော့ Yes , No ဖြေခိုင်းတာပါနော်

🔺️ တစ်ယောက်နဲ့တစ်ယောက် မေးထားတာခြင်းမတူနိုင်တဲ့အတွက်
ပီဖွေး video မတင်ပေးတော့ဘူးနော်

🔺️ အမေးများတဲ့အရာတွေကို ပီဖွေး Yes ,No ဖြေပေးထားတယ်
✅️ မဖြေတတ်တဲ့သူတွေ ပုံမှာ လိုက်ကြည့်ပြီးဖြည့်လိုက်နော်
ပုံမှာတင်ပေးထားတယ်နော်
တကယ်လို့နားမလည်ရင် cb မှာလာမေးလို့ရပါတယ်ရှင့်

✍️
Phwe

#သိသူကျော်သွားပါ

10/08/2026

🟣~SCB Easy App ~🟣

Notification မှာအငျပေးလာတဲ့
KYC/AML Data Update နည်း လေးတင်ပေးပါဆိုတဲ့သူတွေအတွက် အဆင်ပြေမယ်လို့ မျှော်လင့်ပါတယ်

income လစာမှာ ပီဖွေးအနေနဲ့ အခြေခံလစာပဲ ထည့်စေချင်တယ်နော်

#သိသူကျော်သွားပါ

Photos from SLT's post 10/08/2026

🟣SCB Easy App ရဲ့ Noti မှာ KYC/AML Data Update ပို့လာတယ် 🟣

🔺️ အဲတာဘာလဲ❓️
🔺️ ဘယ်လိုလုပ်သင့်လဲ❓️
🔺️ update မလုပ်ရင်ရလား❓️

✅️ ဒီအချက်အလက်ကို ငွေကြေးခဝါချမှုတားဆီးနှိမ်နင်းရေးရုံး (AMLO) ရဲ့ စည်းမျဉ်းဥပဒေတွေအရ တစ်နှစ်ကို အနည်းဆုံးတစ်ကြိမ် မဖြစ်မနေ အပ်ဒိတ် (Update) လုပ်ခိုင်းတာ ဖြစ်ပါတယ်။

#အဓိကလုပ်ခိုင်းရတဲ့ အကြောင်းရင်းက
▪︎ ဥပဒေလိုက်နာရန် - AMLO ရဲ့ သတ်မှတ်ချက်ကို လိုက်နာရန်။
▪︎ လုံခြုံရေးအတွက် - ငွေကြေးခဝါချမှု အန္တရာယ်ကို စစ်ဆေးရန်။
▪︎အချက်အလက်မှန်ကန်ရန် - သုံးစွဲသူရဲ့ မည်သူမည်ဝါဖြစ်ကြောင်း (KYC) အတည်ပြုရန်။
▪︎အကောင့်မပိတ်မိစေရန် - အကောင့်ပုံမှန်အတိုင်း ဆက်သုံးနိုင်ရန်။

🔺️Update မလုပ်ရင်ဘာဖြစ်နိုင်လဲ❓️

■သတ်မှတ်ထားတဲ့ အချိန်အတွင်း KYC/AML Data အပ်ဒိတ်မလုပ်ရင် ကိုယ့်ရဲ့ ဘဏ်အကောင့် သုံးစွဲခွင့်ကို ယာယီပိတ်ပင် (Block/Freeze) ခံရနိုင်ပါတယ်။
■ထိုင်းနိုင်ငံရှိ ဘဏ်များ ငွေကြေးခဝါချမှု တားဆီးနှိမ်နင်းရေးရုံး (AMLO) ဥပဒေအရ စစ်ဆေးမှုများ အလွန်တင်းကျပ်ထားသောကြောင့် ဖြစ်ပါတယ်

အကယ်၍ အချက်အလက် မွမ်းမံခြင်း မပြုလုပ်ပဲထားထားရင်

🔺️ ဖြစ်လာနိုင်တဲ့ ပြဿနာများ အဆင့်ဆင့် ဖြစ်လာနိုင်ပါတယ် -
#ဖြစ်လာနိုင်မည့် အကျိုးဆက်များ

■အွန်လိုင်းဘဏ်စနစ် အပိတ်ခံရပြီး SCB Easy App ရအသုံးပြု၍ မရတော့ခြင်း။
■ငွေလွှဲ/ငွေထုတ် လွှဲပြောင်း၍မရခြင်း - အကောင့်ထဲသို့ ငွေဝင်နိုင်သော်လည်း အပြင်သို့ ငွေလွှဲခြင်း၊ ငွေထုတ်ခြင်းနှင့် ပစ္စည်းဖိုး ရှင်းခြင်းများ လုံးဝ ပြုလုပ်၍ မရတော့ခြင်း။
■ ATM ကတ် အသုံးပြု၍မရခြင်း - ATMက်များတွင် ကတ်ထည့်၍ ငွေထုတ်ယူခွင့်ကို ဘဏ်က ယာယီပိတ်ထားခြင်း။
■အကောင့်တစ်ခုလုံး အပိတ်ခံရခြင်း (Freeze) - အချိန်အတော်ကြာသည်အထိ အချက်အလက် update မလုပ်ရင် ဘဏ်စာရင်းတစ်ခုလုံးကို Verification လုပ်ရန်အတွက် လုံးဝ အသုံးပြုခွင့် ရပ်ဆိုင်းလိုက်ခြင်း။

များဖြစ်နိုင်ပါတယ်နော်

📍ပုံမှာပြထားတာက Update မလုပ်ရသေးတာနဲ့
Update လုပ်ပြီးတာပါနော်
မလုပ်ရသေးရင် Pending လို့ပေါ်ပြီး
Update ပြီးသားဆိုရင် Done ဆိုပြီးပေါ်ပါမယ်နော်

်တတ်သေးတဲ့သူတွေအတွက်ပီဖွေး ခဏနေ အချက်အလက် update တာလေးလာတင်ပေးမယ်နော်

✍️
Phwe

#စာသားကူးယူခွင့်မပြု
#သိသူကျော်သွားပါ

ต้องการให้ธุรกิจของคุณ ธุรกิจ ขึ้นเป็นอันดับหนึ่ง บริษัท สื่อ ใน Nonthaburi?
คลิกที่นี่เพื่อเป็นสมาชิก?

เว็บไซต์

ที่อยู่


Nonthaburi