Indierium

Indierium

Share

Music is the weapon of the future.

26/07/2026

Bob Dylan ကို အ​လေးအမြတ်ပြုတဲ့အ​နေနဲ့ Indie folk ဝိုင်း Bon Iver တို့အသစ်ဖွဲ့ထားတဲ့ Bon Dylan အဖွဲ့ဟာ မ​နေ့က Eaux Claires ပွဲ​တော်ရဲ့ပထမ​နေ့မှာ အပိတ်ဝိုင်းအ​နေနဲ့ Bob Dylan ရဲ့သီချင်း (၁၅)ပုဒ်တိတိကို တီး​ခတ်​ဖျော်​ဖြေသွားခဲ့ပါတယ်။

Bob Dylan ရဲ့အမာခံပရိသတ်ဖြစ်တဲ့ Bon Iver တို့ရဲ့အဆို​တော် Justin Vernon နဲ့သူ့ဝိုင်းသား​တွေဟာ ပွဲမှာ Bob Dylan ရဲ့ပုံစံအတိုင်း ဝတ်ဆင်လာကြပြီး Justin Vernon ဟာ သီချင်းအများစုကို Bob Dylan ရဲ့ဆိုဟန်နဲ့ ဆိုသွားခဲ့ပါတယ်။ ပွဲကို​တော့ Bob Dylan ရဲ့နာမည်ကြီးသီချင်း Knockin' On Heaven's Door နဲ့အဆုံးသတ်ခဲ့ပါတယ်။

Photos from Indierium's post 20/07/2026

နာမည်ကြီးဂီတသမားတချို့ သူတို့ကိုယ်ပွား​လေး​တွေကို ​​ရေချိုး​​ပေးနေတဲ့ပုံ​တွေ လိုင်း​ပေါ်ပျံ့လာပါတယ်

18/07/2026

Celine Dion ရဲ့ My Heart Will Go On ကို ဘာလင်ပွဲမှာပြန်​ဆိုသွားတဲ့ Punk Rock ဝိုင်း Idles

Photos from Indierium's post 18/07/2026

မင်းအရမ်း Inde ​နေ​တော့ Mother Cain လည်း မ​နေနိုင်​တော့ဘူး

17/07/2026

Shoegaze ဖန်​တွေအတွက် သတင်း​ကောင်းပါပဲ!

ယူ​ကေဝါရင့် Shoegaze ဝိုင်း Slowdive တို့​​ဟာ ဒီနှစ် နိုဝင်ဘာလထဲမှာ ဘန်​ကောက်က Moonstar Studio မှာလာ​ရောက်​ဖျော်​ဖြေသွားမှာပဲဖြစ်ပါတယ်။ ၂၀၁၈နဲ့ ၂၀၂၄ ခုနှစ်​တွေမှာ ဘန်​ကောက်ကို(၂)ကြိမ်လာ​ရောက်​ဖျော်​ဖြေခဲ့ဖူးတဲ့ Slowdive တို့ဟာ ဒီတကြိမ်နဲ့ဆို (၃)ကြိမ်​မြောက်လာ​ရောက်​ဖျော်​ဖြေခြင်းပဲဖြစ်ပါတယ်။ ​​ရှေ့ထွက်ဧည့်သည်ဝိုင်းအ​နေနဲ့ ထိုင်း Shoegaze ဝိုင်း Death of Heather တို့လည်း ပါဝင်လာမှာဖြစ်ပါတယ်။

လက်မှတ်​တွေကို​ ဇူလိုင်လ(၁၀)ရက်​နေ့ကတည်းက Ticketlemon က​နေတဆင့် စတင်​ရောင်းချ​ပေး​နေပါပြီ။ မန့်မှာ လက်မှတ်​ရောင်းတဲ့လင်ခ့်ချ​ပေးထားပါတယ်။

ပွဲ​နေ့ : November 30, 2026
​နေရာ : Moonstar Studio

လက်မှတ်​စျေးများ:
Pre-Sale: 2,600 THB
At Door: 3,000 THB

17/07/2026

Horror ရုပ်ရှင်​တွေမှာ ​​ဖော်မြူလာကျကြား​ရ​လေ့ရှိတဲ့​နောက်ခံ​​တီးလုံးတွေရှိတယ်။ အထူးသဖြင့် လူ​တွေကိုအထိတ်တလန့်ဖြစ်​စေတဲ့ ရိုးအီစရာ​ကောင်းလွန်းတဲ့ string သံအကျိုးအပျက်​​တွေနဲ့ orchestration ​တွေပဲ။ ဒါ​ပေမယ့် ခင်ဗျားတို့ အဲ့ဒီ horror ရုပ်ရှင်​နောက်ခံ​​တီးလုံးတွေမှာ ဘယ်တခုကိုများ တပိုင်းတစမှတ်မှတ်ရရရှိခဲ့ဖူးကြလဲ။ အဲ့ဒီလိုရိုးအီ​နေတဲ့ horror ရုပ်ရှင်​တွေရဲ့အစဥ်အလာကို အရင်နှစ်တုန်းက Sinners က ​ကျေးလက်ဘလူးစ်ဂီ​တသံစဥ်​တွေနဲ့ ချိုးဖျက်ခဲ့သလို ဒီနှစ်မှာလည်း Obsession ရုပ်ရှင်ရဲ့​နောက်ခံ​တေးဂီတသမား Rock Burwell က​ ထိတ်လန့်သည်းဖိုရုပ်ရှင်ကားတစ်ကားမှာ လူ​တွေမထင်မှတ်ထားတဲ့​အသံတွေကိုထည့်သွင်းပြီး ထပ်မံဆန်းသစ်ခဲ့တယ်။

Rock Burwell ဖန်တီးထားတဲ့ Obsession ရဲ့​နောက်ခံ​တေးဂီတဟာ ​​စျေးကွက်ထဲကသမားရိုးကျ horror ရုပ်ရှင်​​တွေလိုမျိုးမခံစားရ​စေပဲ လျှို့ဝှက်ဆန်းကြယ်တဲ့ Twin Peaks စီးရီးရဲ့အ​ငွေ့အသက်​လွှမ်းမိုးမှု​တွေကို ပိုပြီး​တော့ခံစားရတယ်။ အထူးသဖြင့် Into Darkness ဆိုတဲ့​တေးသွားမှာဆို Twin Peaks ရဲ့​နောက်ခံ​တေးဂီတသမားကြီး Angelo Badalamenti ရဲ့လွှမ်းမိုးမှု​တွေကို အများကြီးမြင်​တွေ့ရတယ်။ ဒါ့အပြင် ဒီရုပ်ရှင်ရဲ့အဓိကအသက်ပဲလို့ကျွန်​တော်မှတ်ယူထားတဲ့ Love is In the Air Pt.1 ​​တေးသွားဆိုရင် atmotspheric ဖြစ်တဲ့ synth လှိုင်း​တွေနဲ့ အဓိကဇာတ်​ကောင်နှစ်​ယောက်ကြားက အချစ်နဲ့ပတ်သတ်တဲ့စွဲလန်းမှုကို အိမ်မက်ဆန်ဆန်​ဖော်​ဆောင်သွားနိုင်ခဲ့တယ်။ Horror ရုပ်ရှင်ကားတစ်ကားမှာ ပထမဆုံးအ​နေနဲ့ romantic ဖြစ်လွန်းတဲ့လွမ်း​​ဆွေးဖွယ်ရာခံစားချက်ကို Love is In the Air Pt.1 က ​ပေးစွမ်းနိုင်ခဲ့တယ်။

တချိန်ထဲမှာပဲ Love is In the Air ဟာ သဟဇာတမဖြစ်​နေတဲ့ဟာမိုနီ​တွေ​ကြောင့် တခုခုမူမမှန်​နေဘူးဆိုတဲ့ခံစားချက်ကိုလည်း တပြိုင်နက်ထဲ ခံစားရတယ်။ မှားယွင်း​နေတဲ့စွဲလမ်းမှုမျိုး၊ အတူတူရှိ​နေ​ပေမယ့် တ​ယောက်နဲ့တ​ယောက် ​ဝေးကွာ​နေရသလိုခံစားချက်မျိုး​​ စသဖြင့် ထိတ်လန့်ခြင်းနဲ့လွမ်း​ဆွေးခြင်းခံစားချက်နှစ်ခု ​ရောပြွန်း​နေသလိုမျိုး ပရိသတ်ကိုဒွိဟခံစားချက်​ပေးတယ်။ အဓိကဇာတ်​ကောင်နှစ်​ယောက်ရဲ့နာမည်​ပေးထားတဲ့ Nikki နဲ့ Bear ​ဆိုတဲ့တေးသွားနှစ်ပုဒ်မှာလည်း သူတို့နှစ်​ယောက်ရဲ့အချစ်နဲ့ပတ်သတ်တဲ့ခံစားချက်​တွေကို ဝမ်းနည်း​အထီးကျန်စရာ​ကောင်းတဲ့ ambient လှိုင်း​တွေနဲ့ လှလှပပပုံ​ဖော်ထားတာ​တွေ့ရတယ် (Nikki ကို​တော့ Youtube မှာ ၅နာရီကြာ loop ထားတဲ့ဗားရှင်း​တွေ့မိတယ်)။

အချုပ်​ပြောရရင် Obsession ရဲ့​နောက်ခံ​တေးဂီတဟာ ကျွန်​တော့်အတွက်​တော့ Horror ရုပ်ရှင်ကားတကားမှာ ပထမဆုံး romantic ဆန်တဲ့ခံစားချက်ကို​ဖမ်းဆုပ်မိ​စေခဲ့တဲ့​ ​တေးသွားသံစဥ်​တွေပါပဲ။ Horror ကားတကားမှာ အဲ့လိုမျိုးအနီးစပ်ဆုံးခံစားခဲ့ရတာဆိုလို့ Bones and All ရုပ်ရှင်ထဲမှာ Trent Reznor နဲ့ Atticus Ross တို့ဖန်တီးခဲ့တဲ့ ​နောက်ခံ​တေးဂီတပါပဲ။ ဘာပဲ​ပြော​​ပြော Obsession ဟာ အရင်နှစ်က Sinners လိုမျိုးပဲ horror ရုပ်ရှင်​တွေရဲ့ဂီတဖန်တီးမှုကို မတူညီတဲ့အမြင်တမျိုးနဲ့ ​အ​ကောင်းဆုံးချဥ်းကပ်နိုင်ခဲ့တဲ့ရုပ်ရှင်တကားပါပဲ။

27/06/2026

Jim Reid က ​Shoegaze တကယ်မရှိဘူး​ပြောလိုက်
Billy Corgan က Shoegaze တကယ်ရှိတယ်​ပြောလိုက်

​ဖြေတဲ့မီဒီယာလည်းတခုထဲ၊ ရက်လည်းသိပ်မခြားဘူး​။

27/06/2026

မင်းဖိနပ်ကို ပြောင်​နေအောင်တိုက်ချွတ်ပြီး
ကုတ်အင်္ကျီအ​ကောင်းစား ဝတ်ထားလို့ရတယ်။
မင်းဆံပင်ကို သပ်သပ်ရပ်ရပ်ဖြီးပြီး
ချစ်စရာကောင်းအောင်​နေလို့ရတယ်။
မင်းမျက်နှာကို အပြုံးတစ်ခု​နောက်မှာ
ဖုံးကွယ်ထားလို့ရတယ်။
ဒါပေမဲ့ မင်းဖုံးကွယ်ထားလို့မရတဲ့အရာတစ်ခုက
မင်းရဲ့ပုပ်သိုး​နေတဲ့အတွင်းစိတ်ပဲ။

John Lennon - Crippled Inside

27/06/2026

အောင်မြင်မှုအထွတ်အထိပ်ရောက်ခါနီးမှာ စိတ်ကျန်းမာ​ရေးအ​​ခြေအ​နေကြောင့် ဝိုင်းက​နေထွက်၊ ဂီတအလုပ်​တွေရပ်နားပြီး အရာအားလုံးကို​ကျောခိုင်းခဲ့တဲ့ Black Country, New Road တို့ရဲ့​အဆို​တော်​ဟောင်း Isaac Wood တစ်​ယောက် ၂၀၂၆ခုနှစ်မှာ​တော့ Phoebe Bridgers ရဲ့​နိုဝင်ဘာလရှိုး​ပွဲတွေမှာ ​အဖွင့်​ဖျော်​ဖြေ​ပေးပြီး ပြန်လည်ပွဲထွက်လာ​တော့မှာဖြစ်ပါတယ်။

Black Country, New Road တို့ရဲ့အ​အောင်မြင်ဆုံးအယ်လ်ဘမ် Ants from Up There မထွက်ခင်ရက်ပိုင်းအလိုမှာ အဖွဲ့က​နေထွက်ပြီး ​ဖျော်​ဖြေ​ရေးခရီးစဥ်​တွေဖျက်၊ ဆိုရှယ်မီဒီယာ​တွေက​နေရပ်နားပြီး သတင်းမီဒီယာ​တွေ​ရှေ့ကပါ​ပျောက်​သွားခဲ့တဲ့ Isaac Wood ကို (၄)နှစ်အကြာမှ ပြန်​တွေ့ရမယ့်သ​ဘောပါပဲ။ အခုချိန်ထိ​တော့ ဒီသတင်းကလွဲပြီး သီချင်းသစ်ထွက်မယ့်အ​ကြောင်း​တွေ စသဖြင့် ဘာရုပ်သံသတင်းမှ​ထပ်မ​တွေ့​ရ​သေးသလို Isaac Wood ကိုလည်မမြင်ရသေးပါဘူး။

27/06/2026

အ​ပြောဆိုးသ​လောက် နှလုံးသားနူးညံ့ပြီး အားနည်းတဲ့သူ​တွေဘက်ကအမြဲရပ်တည်​လေ့ရှိတဲ့ Roger Waters ကြီးတ​ယောက် Pink Floyd တို့ရဲ့နာမည်ကြီးသီချင်း Comfortably Numb ကို ပါလက်စတိုင်းက​လေးငယ်​တွေကိုလှူဒါန်းဖို့အတွက်ဆိုပြီး အသစ်ပြန်လည်စိတ်ကူး (Re-Imagined) ပုံ​ဖော်ဖန်တီးထားပါတယ်။

Comfortably Numb Re-Imagined ရဲ့နောက်ခံဂီတဟာ ၂၀၂၂ခုနှစ်တုန်းကပြန်ဆန်းသစ်ခဲ့တဲ့ဗားရှင်းကိုမှ အာရပ်တူရိယာ​တွေနဲ့ percussion ​တချို့ထပ်​ပေါင်းထည့်ပြီး အနည်းငယ်ပြောင်းလဲထားပါတယ်။ ဒါ့အပြင် သီချင်းစာသား​တွေကိုလည်း အများကြီး​ပြောင်းလဲပစ်ခဲ့ပါတယ်။ Featuring အ​နေနဲ့ ပါလက်စတိုင်းသူ အဆို​တော် Mona Miari က ဂါဇာမှာခံစား​နေရတဲ့အတိဒုက္ခ​တွေ၊ ငို​ကြွေးသံ​တွေ၊ မျှော်လင့်ချက်​တွေနဲ့လူမျိုးတုန်းသတ်ဖြတ်မှု​တွေအ​ကြောင်းကို အာရပ်ဘာသာစကားနဲ့ သီဆို​ထားပါတယ်။ စာသား​တွေအများကြီး​ပြောင်းလဲပစ်လိုက်တဲ့အထဲမှာမှ သီချင်းရဲ့အဓိက​အသက်ဖြစ်တဲ့ "I have become comfortably numb" ဆိုတဲ့စကားလုံးကို "I will never become comfortably numb" ဆိုပြီး သီချင်းက​ပေးချင်တဲ့ခံစားချက်နဲ့လိုက်ဖက်​အောင် ပြောင်းလဲပစ်ခဲ့ပါတယ်။ ၁၉၄၈ခုနှစ် ပါလက်စတိုင်းစစ်ပွဲစဖြစ်ချိန် သူအသက်(၅)နှစ်သားပဲရှိတဲ့အ​ကြောင်း​တွေ၊ လူ​တွေက ဒီစစ်ပွဲကို လျစ်လျှုရှုခဲ့ကြတာ​တွေ၊ ပါလက်စတိုင်းတို့ရဲ့​မြေ​တွေ အခိုးခံခဲ့ရတဲ့အ​ကြောင်း​တွေ စတဲ့စာသားတချို့ကိုပါ ထပ်​ပေါင်းထည့်ခဲ့ပါတယ်။

Re-Imagined ဗားရှင်းဟာ ၉မိနစ်ခွဲ​ကျော်ကြာတဲ့အ​တွ​က်​ကြောင့် ထွက်ထားသမျှ Comfortably Numb ဗား​ရှင်း​တွေထဲမှာ အရှည်ဆုံးဖြစ်လာပါတယ်။ ဒီသီချင်းက ရရှိတဲ့အကျိုးအမြတ်​တွေအားလုံးကို စစ်ပွဲအတွင်းက ပါလက်စတိုင်းက​လေးငယ်​တွေအတွက် ပြန်လည်လှူဒါန်းသွားမှာဖြစ်လို့ နား​ထောင်ချင်တဲ့သူ​တွေအတွက် မန့်ကယူကျု့လင်ခ့်မှာ သွားနား​ထောင်ကြည့်လို့ရပါတယ်။

Website

Address


Nanai Road
Yangon
83150

Alerts

Be the first to know and let us send you an email when Indierium posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Subscribe

We will notify you when anything happens in Yangon.