Ger-Kitchen
"อาหารปรุงโดยใช้เนื้อสัตว์และผักสดทุกวัน มีบางเมนูให้คุณเลือก เพลิดเพลินกับอาหาร
The food is made by daily used with fresh meat and vegetables.
There are some menus for you to choose. Enjoy the food."
17/06/2026
မြန်မာနိုင်ငံတွင် တိုက်ပွဲများ ဖြစ်ပွားနေသရွေ့ နိုင်ငံရေးအဖြေရှာမှုနှင့် ဒီမိုကရေစီ ပြန်လည်ဖော်ဆောင်ရေး မအောင်မြင်နိုင်သောကြောင့် အာဆီယံအနေဖြင့် ချည်းကပ်ပုံ ပြောင်းလဲရန် အရှေ့တီမောသမ္မတ သတိပေး
ရန်ကုန်၊ ဇွန် ၁၇
မြန်မာနိုင်ငံတွင် တိုက်ပွဲများ ဖြစ်ပွားနေသရွေ့ နိုင်ငံရေးအဖြေရှာမှုနှင့် ဒီမိုကရေစီ ပြန်လည်ဖော်ဆောင်ရေး ကြိုးပမ်းမှုများ မအောင်မြင်နိုင်သောကြောင့် အာဆီယံအနေဖြင့် ချည်းကပ်ပုံ သုံးသပ်ပြောင်းလဲရန် အရှေ့တီမောသမ္မတ ဒေါက်တာ ဟိုဆေး ရာမို့စ်-ဟော်တာ (José Ramos-Horta) က သတိပေးပြောဆိုသည်။
ဇွန်လ ၁၆ ရက်နေ့ မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့တွင် ကျင်းပသည့် “Navigating Turbulent Times, Pursuing Peace” ခေါင်းစဉ်ဖြင့် လူထုဟောပြောပွဲအပြီး သတင်း ထောက်များ၏ မေးမြန်းမှုကို ဖြေကြားရာတွင် ၎င်းက အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်းဖြစ်သည်။
အရှေ့တီမော သမ္မတ ဒေါက်တာ ဟိုဆေး ရာမို့စ်-ဟော်တာ (José Ramos-Horta) က မြန်မာနိုင်ငံအရေးနှင့်ပတ်သက်၍ အာဆီယံအနေဖြင့် လက်ရှိချဉ်းကပ်ပုံကို ပြန်လည်သုံးသပ်သင့်ကြောင်း၊ ဒီမိုကရေစီ ပြန်လည်ထူထောင်ရေးထက် လက်နက်ကိုင်ပဋိပက္ခများ ရပ်တန့်ရေးကို ဦးစားပေးဆောင်ရွက်သင့်ကြောင်း ပြောကြားလိုက်သည်။
အရှေ့တီမောသမ္မတက မြန်မာနိုင်ငံတွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသရွေ့ နိုင်ငံရေးအဖြေရှာမှုများနှင့် ဒီမိုကရေစီ ပြန်လည်ဖော်ဆောင်ရေး ကြိုးပမ်းမှုများ အောင်မြင်နိုင်မည်မဟုတ်ကြောင်း ပြောသည်။
“ပထမဆုံး လုပ်ရမှာက တိုက်ပွဲတွေ ရပ်ဖို့ပါ။ ဒုတိယအဆင့်ကလည်း တိုက်ပွဲတွေ ရပ်အောင် ဆက်လုပ်ရမယ်။ ပြီးတော့ လူသားချင်းစာနာထောက်ထားမှု အခြေအနေတွေကို ပုံမှန်ပြန်ဖြစ်လာအောင် ဆောင်ရွက်ရမယ်။ အစိုးရမဟုတ်တဲ့ အဖွဲ့အစည်းတွေ၊ နိုင်ငံတကာအဖွဲ့အစည်းတွေ၊ အိမ်နီးချင်းနိုင်ငံတွေ ဝင်ရောက်ကူညီနိုင်အောင် လုပ်ရမယ်။ နိုင်ငံရေးကိစ္စတွေကိုတော့ နောက်မှ ဆက်ဆွေးနွေးနိုင်တယ်” ဟု ၎င်းက ဆိုသည်။
ထို့ပြင် “မြန်မာနိုင်ငံမှာ စစ်တပ်နဲ့ အခြားအင်အားစုတွေက တိုက်ပွဲတွေ ရပ်ဖို့ သဘောတူနိုင်မယ်ဆိုရင် ဒီမိုကရေစီက ခဏစောင့်လို့ရတယ်” ဟု အရှေ့တီမောသမ္မတက ဆက်လက်ပြောဆိုသည်။
နိုဘယ်ငြိမ်းချမ်းရေးဆုရှင်ဖြစ်သူ ရာမို့စ်-ဟော်တာက ၎င်း၏ အမြင်မှာ အငြင်းပွားဖွယ် ဖြစ်နိုင်သော်လည်း ကမ္ဘာတစ်ဝန်းရှိ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် ဦးစားပေးအဆင့်များ ခွဲခြားသတ်မှတ်ပြီး ဆောင်ရွက်ရခြင်းမှာ ပုံမှန်ဖြစ်ကြောင်း ရှင်းပြသည်။
မြန်မာနိုင်ငံ၏ ပဋိပက္ခသည် ကမ္ဘာပေါ်တွင် အရှုပ်ထွေးဆုံး ပဋိပက္ခများအနက် တစ်ခုဖြစ် ကြောင်း၊ အခြားနိုင်ငံများရှိ လက်နက်ကိုင်ပုန်ကန်မှုများနှင့် မတူဘဲ တိုင်းရင်းသားလက် နက်ကိုင်အဖွဲ့အစည်း အများအပြား ပါဝင်နေခြင်းကြောင့် ဖြေရှင်းရန် ခက်ခဲနေကြောင်းသူက ရှင်းလင်း ပြောဆိုသည်။
“ကျွန်တော် သိသလောက် ကမ္ဘာပေါ်မှာ လက်နက်ကိုင်အဖွဲ့ ၁၈ ဖွဲ့လောက် ပါဝင်နေတဲ့ ပဋိပက္ခမျိုးက မြန်မာနိုင်ငံပဲ ရှိတယ်” ဟု ၎င်းက ဆိုသည်။
ယင်းကဲ့သို့ ရှုပ်ထွေးသော အခြေအနေကြောင့် ဒေသတွင်းနှင့် နိုင်ငံတကာအင်အားစုများက နှစ်ပေါင်းများစွာ ကြားဝင်ဆောင်ရွက်ခဲ့သော်လည်း ရေရှည်တည်တံ့သည့် ငြိမ်းချမ်းရေးသဘောတူညီချက် မရရှိသေးကြောင်းလည်း ၎င်းက သုံးသပ်သည်။
ထို့အပြင် အာဆီယံအနေဖြင့် မြန်မာနိုင်ငံအရေးတွင် ယုံကြည်လေးစားခံရသော ကြားနေပုဂ္ဂိုလ်တစ်ဦးကို တာဝန်ပေး၍ ဆွေးနွေးညှိနှိုင်းမှုများ ဆောင်ရွက်စေသင့်ကြောင်း အကြံ ပြုခဲ့သည်။
ကမ္ဘောဒီးယားနိုင်ငံ၏ ပဋိပက္ခကို ၁၉၈၀ ပြည့်နှစ်များနှင့် ၁၉၉၀ ပြည့်နှစ်များအစောပိုင်းတွင် အာဆီယံက ကူညီဖြေရှင်းခဲ့သည့် အတွေ့အကြုံကို ကိုးကား၍ အောင်မြင်သော ငြိမ်း ချမ်းရေးဆောင်ရွက်မှုများတွင် ပြိုင်ဘက်အင်အားစုများကို မျက်နှာမပျက် ထွက်ပေါက်ပေးနိုင်သည့် ဩဇာကြီးမားသော ပုဂ္ဂိုလ်များ လိုအပ်ကြောင်း သူက ထောက်ပြသည်။
“ငြိမ်းချမ်းရေးရနိုင်တယ်။ ဒါပေမယ့် အာဏာသက်ရောက်မှု မြင့်မားတဲ့ လူတစ်ယောက် ပါဝင်ရမယ်။ ဥပမာ ဒေသတွင်းက အငြိမ်းစား ကြယ်လေးပွင့်ဗိုလ်ချုပ်တစ်ယောက်လိုမျိုး” ဟု သူက ဆိုသည်။
သမ္မတ ရာမို့စ်-ဟော်တာက မြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေသော ပဋိပက္ခသည် နိုင်ငံအတွင်းသာမက အိမ်နီးချင်းနိုင်ငံများအပေါ်တွင်လည်း ဒုက္ခသည်အရေးနှင့် လူသားချင်းစာနာမှုဆိုင်ရာ အခက်အခဲများကို ပိုမိုဖိအားပေးနေကြောင်း သတိပေးသည်။
အထူးသဖြင့် ရိုဟင်ဂျာအရေးကို လျစ်လျူရှုထား၍ မြန်မာနိုင်ငံ၏ အနာဂတ်ကို ဆွေးနွေးမည်ဆိုပါက မည်သည့် ငြိမ်းချမ်းရေးသဘောတူညီချက်မဆို ပြည့်စုံမည်မဟုတ်ကြောင်း ၎င်းက ပြောကြားသည်။
“ရိုဟင်ဂျာပြဿနာကို မဖြေရှင်းဘဲ မြန်မာနိုင်ငံပြဿနာကို ဖြေရှင်းလို့ မရနိုင်ဘူး” ဟု ၎င်းက ဆိုသည်။
နေပြည်တော်ရှိ အာဏာပိုင်များအနေဖြင့် မြန်မာ နိုင်ငံ၏ မတည်ငြိမ်မှုသည် အိမ်နီးချင်းနိုင်ငံများအတွက် ဝန်ထုပ်ဝန်ပိုးတစ်ခု ဖြစ်လာနေကြောင်း အသိအမှတ်ပြုသင့်ကြောင်း သူက တိုက်တွန်းသည်။
“မြန်မာနိုင်ငံမှာ လုပ်နေတဲ့အရာတွေ၊ မလုပ်ချင်တဲ့အရာတွေဟာ အိမ်နီးချင်းနိုင်ငံတွေအတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်စေတယ်။ ဒါဟာ အိမ်နီးချင်းနိုင်ငံတွေကို မတည်ငြိမ်စေတယ်။ အခု အာဏာကို ကိုင်ထားတဲ့သူတွေထဲက တစ်ယောက်ယောက်က သမိုင်းဝင် ဆုံးဖြတ်ချ က်တစ်ခု ချပြီး အားလုံးကို စည်းလုံးညီညွတ်အောင် လုပ်ဆောင်သင့်တယ်” ဟု သူက ရှင်းပြသည်။
အရှေ့တီမောနိုင်ငံသည် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် ထိတွေ့ဆက်ဆံမှုများရှိနေပြီး မြန် မာစစ်ဗိုလ်ချုပ်များကို စစ်ရာဇဝတ်မှုများဖြင့် တရားစွဲဆိုထားခြင်းကို လက်ခံထားသဖြင့် လက်ရှိတွင် စစ်ကောင်စီနှင့် သံတမန် ရေးအရ တင်းမာမှုများ ဖြစ်ပွားနေသော အာဆီယံအဖွဲ့ဝင်နိုင်ငံတစ်ခုဖြစ် သည်။
17/06/2026
" ဖခင်ကြီး ကွယ်လွန်ပြီးနောက် မိသားစုက မထင်မှတ်ထားတဲ့ အမွေတစ်ခုကို တွေ့ရှိခဲ့ပါတယ်။
ထိုင်းနိုင်ငံ အူဒွန်ဌာနီခရိုင်မှာ နေထိုင်တဲ့ အသက် ၇၈ နှစ်အရွယ် ဖခင်ကြီး အင်ဆန်ဒေါင်ဟာ မကြာသေးခင်က ငြိမ်းချမ်းစွာ ကွယ်လွန်သွားခဲ့ပါတယ်။
ဖခင်ကြီး ကွယ်လွန်ပြီးနောက် ဇနီးဖြစ်သူက နာရေးစရိတ်အတွက် ငွေဘယ်ကရမလဲဆိုပြီး စိုးရိမ်ပူပန်နေခဲ့ပါတယ်။ ဒါပေမယ့် မိသားစုဝင်တွေ မထိရဲကြတဲ့ ဖခင်ကြီးရဲ့ ကိရိယာပစ္စည်းဟောင်း ေ-တ္သတာတစ်လုံးကို ဖွင့်ကြည့်လိုက်ချိန်မှာတော့ အားလုံး အံ့ဩသွားခဲ့ကြပါတယ်။
ေ-သတ္တာထဲမှာ ဘတ်ငွေ ၁.၈၄ သန်း (၁၈ သိန်း ၄ သောင်းဘတ်) နဲ့အတူ ၁ ဘတ်သား အလေးချိန်ရှိတဲ့ ရွှေဆွဲကြိုးတစ်ကုံးကိုပါ တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။
ဇနီးဖြစ်သူရဲ့ ပြောကြားချက်အရ သူတို့နှစ်ဦးဟာ ၁၉၇၀ ခုနှစ်ကတည်းက အတူတကွ ဘဝကို ဖြတ်သန်းလာခဲ့ကြပေမယ့် ဖခင်ကြီးက ငွေကြေးကိစ္စတွေကို ဘယ်တုန်းကမှ ထုတ်မပြောခဲ့ဘူးလို့ သိရပါတယ်။ "ပိုက်ဆံမရှိဘူး" လို့သာ အမြဲပြောလေ့ရှိပြီး လယ်ယာလုပ်ငန်း၊ နွားမွေးမြူရေး စတဲ့ အလုပ်တွေကနေ တစ်ပြားချင်း စုဆောင်းထားခဲ့တာ ဖြစ်ပါတယ်။
သားဖြစ်သူကလည်း ဖခင်ကြီးဟာ အလွန်ချွေတာသူတစ်ဦးဖြစ်ပြီး သားသမီးမြေးမြစ်တွေကို စုဆောင်းတတ်ဖို့၊ ဝင်ငွေထက် ပိုမသုံးဖို့ အမြဲဆုံးမခဲ့တယ်လို့ ပြောပါတယ်။
အခုတော့ မိသားစုက အဲဒီငွေအားလုံးကို ဘဏ်မှာ အမွေအဖြစ် အပ်နှံထားပြီး သားသမီး ၃ ယောက်အတွက်နဲ့ မိခင်ကြီးရဲ့ အနာဂတ်ကျန်းမာရေးစောင့်ရှောက်မှုအတွက် အသုံးပြုသွားမယ်လို့ သိရပါတယ်။
တစ်သက်လုံး “ပိုက်ဆံမရှိဘူး” လို့ ပြောခဲ့တဲ့ ဖခင်ကြီးက တကယ်တော့ မိသားစုအတွက် အရာအားလုံးကို ကြိုတင်စီစဉ်ထားခဲ့ပြီးသား ဖြစ်နေခဲ့တာပါ။ ❤️
_________
Nyi Naing Entertainment
Thailand News
--
#ထိုင်းသတင်း #ဖခင်မေတ္တာ #အမွေ #ငွေစုခြင်း
17/06/2026
အသုပ်စုံမှာယူနိုင်ပါပြီ
17/06/2026
🍱✨ ဒီနေ့ရနိုင်တဲ့ အရသာရှိမီနူးလေး ✨🍱
🧄 หมูก้อนทอดกระเทียม
(ကြက်သွန်ဖြူနံ့မွှေးမွှေး ဝက်သားလုံးကြော်)
အပြင်ကကြွပ်ပြီး အတွင်းကနူးညံ့ 😍
📦 1 ဗူး 7 လုံးပါ
💰 50 บาท
📍နေ့တိုင်း လတ်လတ်ဆတ်ဆတ်ချက်ပြုတ်ပေးပါတယ် ❤️
order မှာယူနိုင်ပါသည်
17/06/2026
🍜 မီနူးသစ် – ရန်ကုန်မုန့်ဟင်းခါး 🍜
🇲🇲 ရန်ကုန်အရသာစစ်စစ် မုန့်ဟင်းခါး ငါးဟင်းရည်ချိုချိုလေးနဲ့ ချက်ပြုတ်ထားပြီး မုန့်ဖတ်နူးနူးအိအိ၊ ကြက်သွန်ကြော်၊ နံနံပင်၊ သံပုရာသီးတို့နဲ့ တွဲဖက်သုံးဆောင်နိုင်ပါတယ်။
✨ မနက်စာ၊ နေ့လယ်စာအတွက် အရသာရှိရှိ စားသုံးနိုင်ပါပြီ။
📍 ဆိုင်တွင် နေ့စဉ်ရရှိနိုင်ပါသည်။ 📞 Order မှာယူနိုင်ပါတယ်။
17/06/2026
မှာမှလုပ်ပေးတဲ့အထဲ အင်ဒိုကြက်ကြော်ကတော့ ရောင်းအားအကောင်းဆုံးနဲ့အော်ဒါအများဆုံးပါပဲရှင်💕
ဟင်းတွေစုံစုံလင်လင် အသုပ်လေးတွေအပါ
ရှူးရှဲငပိရည်ထမင်းနယ်ပါလွေးလို့ရပါပြီနော 💕
ဆိုင်ကဘန်ကောက်ယူနီဗာစတီဘေးလမ်းက Ger -kitchen ဆိုင်သို့အေးအေးဆေးဆေးလာရောက်သုံးဆောင်နိုင်ပါတယ်နော။
ဝေးကွာနေတဲ့မိတ်ဆွေများလဲမျှော်ပါတယ်။
လက်ရာမြည်းကြည့်ချင်တယ်ဟုတ်လို့လားဆိုတဲ့မိတ်သစ်ကိုလဲကြိုပါတယ်နော် 🩷
#မြန်မာထမင်းဟင်း #ပဲပြုတ်ထမင်းကြော် #ဝက်ကြွပ်ကြော် #အင်ဒိုကြက်ကြော်
17/06/2026
🍛 ဂျပန်စတိုင် ကြက်သားကာရီ 🍛
ဟင်းအနှစ်မွှေးမွှေးလေးနဲ့
ကြက်သားအပြည့်အဝ 🐔
အာလူး 🥔 နဲ့ မုန်လာဥနီ 🥕 တို့ကို
နူးညံ့ချိုမြိန်အောင် ချက်ထားတဲ့
အရသာရှိ ဂျပန်စတိုင် Curry လေးပါ 😋
💰 80 Baht with rice
တစ်ပွဲစားလိုက်တာနဲ့ အရသာစွဲသွားမယ့် မီနူးသစ်လေး 🍽️
17/06/2026
🍗 ปีกไก่ทอดกรอบ / ကြက်တောင်ပံကြော်ကြွပ်ကြွပ်
✨ กรอบนอก นุ่มใน หอมอร่อยทุกคำ
✨ အပြင်ကြွပ်ကြွပ်၊ အတွင်းနူးနူးလေး၊ စားလိုက်တိုင်း အရသာရှိတဲ့ ကြက်တောင်ပံကြော်
🔥 1 ชุด มี 3 ชิ้น เพียง 60 บาท
🔥 တစ်ပွဲ ၃ ချောင်းပါဝင်ပြီး 60 ဘတ်သာ
😋 ทานเล่นก็อร่อย ทานกับข้าวก็เข้ากันสุดๆ
😋 အစာပြေစားစား၊ ထမင်းနဲ့တွဲစားစား အရမ်းလိုက်ဖက်ပါတယ်
📍 พร้อมเสิร์ฟแล้ววันนี้
📍 ဒီနေ့ပဲ ရရှိနိုင်ပါပြီ
#ปีกไก่ทอดกรอบ #ไก่ทอด #อาหารอร่อย #ကြက်တောင်ပံကြော် #အိမ်ချက်ဟင်းလျာ #60บาท #เมนูแนะนำ
คลิกที่นี่เพื่อเป็นสมาชิก?
ประเภท
ที่อยู่
15/132-133 Soi Rangsit Pirom, Thailand
Rangsit
12120
เวลาทำการ
| จันทร์ | 09:30 - 21:30 |
| อังคาร | 09:30 - 21:30 |
| พุธ | 09:30 - 21:30 |
| พฤหัสบดี | 09:30 - 21:30 |
| ศุกร์ | 09:30 - 21:30 |
| เสาร์ | 09:30 - 21:30 |
| อาทิตย์ | 09:30 - 21:30 |