Four Rivers-ACTS Foundation
ข้อมูลการติดต่อ, แผนที่และเส้นทาง,แบบฟอร์มการติดต่อ,เวลาเปิดและปิด, การบริการ,การให้คะแนนความพอใจในการบริการ,รูปภาพทั้งหมด,วิดีโอทั้งหมดและข่าวสารจาก Four Rivers-ACTS Foundation, องค์กรไม่แสวงหาผลกำไร, Mae Sot, Tak.
03/08/2026
FYI !
24/07/2026
FYI !
01/07/2026
Soul Healing for July
1-7-2026
#ရှင်သန်ရခြင်းရဲ့အဓိပ္ပာယ်
ကိုယ့်ဘဝမှာ ဘာအတွက် ရှင်သန်နေတယ်ဆိုတဲ့ ရည်ရွယ်ချက်၊ ရပ်တည်ချက် ရှိလာတဲ့အခါ သူများခိုင်းလို့၊ ငွေရလို့၊ ခေတ်စားနေလို့ မဟုတ်ဘဲ ခိုင်မာတဲ့ အကြောင်းပြချက်တွေနဲ့ ဒီလမ်း၊ ဒီခရီးကို ရွေးချယ်လျှောက်လှမ်းနေတာမျိုး ဖြစ်လာတဲ့အခါ အသက်ရှင်ရတာ ပိုပြီး အဓိပ္ပာယ်ပြည့်ဝသလို ခံစားမိလာပါလိမ့်မယ်။
The Meaning of Life
When you find your purpose and stand firm in what you live for, you choose to walk this path not because you are told to, not for money, and not because it is a trend, but for your own solid reasons. That is when you will truly feel that living has a profound and complete meaning.
🍀🍀🍀
13/06/2026
🚨 အသံတိတ်အန္တရာယ် - သွေးတိုးရောဂါကို ဘယ်လိုထိန်းချုပ်ကြမလဲ? 🚨
🧂 ၁။ အစားအသောက်တွင် ဆား (ဆိုဒီယမ်) ကို တင်းကြပ်စွာ လျှော့ချပါ
သွေးတိုးခြင်းရဲ့ အဓိကတရားခံဟာ Sodium (ဆိုဒီယမ်) ဓာတ်ဖြစ်ပါတယ်။ ၎င်းဓာတ်က သွေးကြောထဲမှာ ရေတွေကို ဆွဲကပ်ထားတတ်လို့ သွေးထုထည်များလာပြီး သွေးပေါင်ချိန်ကို တက်စေတာ ဖြစ်ပါတယ် -
📉 လိုက်နာရန်: တစ်နေ့လျှင် ဆားစားသုံးမှုကို လက်ဖက်ရည်ဇွန်း (၁) ဇွန်းအောက် (၅ ဂရမ်အောက်) သာ စားသုံးရပါမယ်။ ဟင်းချက်ရာတွင် ငပိ၊ ငံပြာရည်၊ ဟင်းခတ်မှုန့် (အချိုမှုန့်/ကြက်သားမှုန့်) တို့ကို တတ်နိုင်သမျှ လျှော့ထည့်ပါ။
🚫 ရှောင်ကြဉ်ရန်: ပြည့်ဝဆီနဲ့ Trans fats ပါဝင်တဲ့ ဆီကြော်မုန့်များ၊ အသင့်စားခေါက်ဆွဲခြောက်များ၊ စည်သွပ်ဗူးများနှင့် အာလူးကြော်ကဲ့သို့သော ဆိုဒီယမ်အလွန်မြင့်မားသည့် အဆာပြေမုန့်များကို အထူးရှောင်ကြဉ်ပါ။
💡 ဆေးပညာအကြံပြုချက် (ပိုတက်စီယမ်): ဆားနေရာတွင် ပိုတက်စီယမ် (Potassium) ကြွယ်ဝတဲ့ ဆားကို အစားထိုးသုံးနိုင်သလို၊ ပိုတက်စီယမ်ကြွယ်ဝတဲ့ သဘာဝအစားအစာတွေဖြစ်တဲ့ ဟင်းနုနွယ်၊ ငှက်ပျောသီး၊ ထောပတ်သီးတို့ကို စားပေးခြင်းက ခန္ဓာကိုယ်ထဲက ဆိုဒီယမ်တွေကို ဆီးထဲကနေ မောင်းထုတ်ပေးလို့ သွေးပေါင်ကျစေပါတယ်။ (ကျောက်ကပ်ရောဂါအခံရှိသူများ ပိုတက်စီယမ်ဆားမသုံးမီ ဆရာဝန်နှင့် တိုင်ပင်ရပါမည်)
💊 ၂။ ဆေးဝါးကို စနစ်တကျ ဂရုစိုက်ပါ (အရေးကြီးဆုံးအချက်)
သွေးတိုးရောဂါအပေါ် အသက်အန္တရာယ် အရှိဆုံး အယူအဆအမှားကတော့ "ခေါင်းမူး၊ ဇက်ခဲမှ ဆေးသောက်မယ်၊ နေကောင်းရင် ဆေးဖြတ်မယ်" ဆိုတာပဲ ဖြစ်ပါတယ်။
⚠️ ဆေးယဉ်ပါးမှုနှင့် အန္တရာယ်: သွေးတိုးကျဆေးတွေကို မိမိသဘောဖြင့် လမ်းဝက်မှာ ဖြတ်လိုက်ခြင်း၊ မမှန်မကန် သောက်ခြင်းတို့ ပြုလုပ်ပါက သွေးပေါင်ချိန်ဟာ ရုတ်တရက် အဆမတန် ထိုးတက်သွားပြီး ဦးနှောက်သွေးကြောပေါက်ကာ လေဖြတ်ခြင်း (Stroke) ကို ချက်ချင်း ဖြစ်ပွားစေနိုင်ပါတယ်။
📝 လိုက်နာရန်: ခန္ဓာကိုယ်မှာ လက္ခဏာပြပြ မပြပြ၊ ဆရာဝန်ညွှန်ကြားထားတဲ့ သွေးတိုးကျဆေးများကို နေ့စဉ် ပုံမှန်အချိန်ကွက်တိ မပျက်မကွက် သောက်သုံးရပါမယ်။ ဆေးပမာဏ ချိန်ညှိခြင်းကို ဆရာဝန်နှင့်သာ တိုင်ပင်ပါ။
🏃♂️ ၃။ ကိုယ်လက်လှုပ်ရှားမှုနှင့် နေထိုင်မှုပုံစံ ပြောင်းလဲပါ
🏃♂️ တက်တက်ကြွကြွနေပါ: တစ်နေ့လျှင် အနည်းဆုံး မိနစ် (၃၀) ခန့်၊ တစ်ပတ်လျှင် (၅) ရက်ခန့် ပေါ့ပါးစွာ လမ်းသွက်သွက်လျှောက်ခြင်း၊ စက်ဘီးစီးခြင်း သို့မဟုတ် ရေကူးခြင်း စတဲ့ ကိုယ်လက်လှုပ်ရှားမှု (Aerobic Exercise) လုပ်ပေးခြင်းက သွေးကြောနံရံတွေကို ပျော့ပျောင်းစေပြီး သွေးပေါင်ချိန်ကို သိသိသာသာ ကျဆင်းစေပါတယ်။
🚭 အကျင့်ဆိုးများကို ရှောင်ပါ: ဆေးလိပ်သောက်ခြင်းက သွေးကြောတွေကို တောင့်တင်းကျဉ်းမြောင်းစေပြီး နှလုံးခုန်နှုန်းကို မြန်စေတာကြောင့် သွေးတိုးရောဂါရှင်များ ဆေးလိပ် လုံးဝဖြတ်ရပါမယ်။ အရက်သေစာ အလွန်အကျွံသောက်ခြင်းကလည်း သွေးပေါင်ချိန်ကို တိုက်ရိုက်တက်စေလို့ အထူးဆင်ခြင်ပါ။
🧘♀️ စိတ်ဖိစီးမှု လျှော့ချပါ: စိတ်ဖိစီးမှု ပြင်းထန်တဲ့အခါ ခန္ဓာကိုယ်က Adrenaline ဟော်မုန်းတွေထွက်ပြီး သွေးကြောတွေကို ကျဉ်းပစ်တတ်ပါတယ်။ ဒါကြောင့် တရားထိုင်ခြင်း၊ အသက်ရှူလေ့ကျင့်ခန်းလုပ်ခြင်းတို့ဖြင့် စိတ်ဖိစီးမှုကို စနစ်တကျ စီမံဖြေရှင်းပါ။
🩺 ၄။ အိမ်တွင် သွေးပေါင်ချိန် ပုံမှန်တိုင်းတာမှတ်သားပါ
မိမိရဲ့ သွေးပေါင်ချိန် အခြေအနေကို သိရှိဖို့အတွက် အိမ်တွင် Digital သွေးပေါင်ချိန်တိုင်းစက်တစ်လုံး ဆောင်ထားပြီး ပုံမှန်တိုင်းတာပါ။
💡 တိုင်းတာနည်းမှန်: သွေးပေါင်မတိုင်းမီ အနည်းဆုံး မိနစ် (၂၀) ခန့် ကော်ဖီသောက်ခြင်း၊ ဆေးလိပ်သောက်ခြင်းနှင့် ပြင်းထန်လှုပ်ရှားမှုများကို ရှောင်ကြဉ်ပါ။ ကုလားထိုင်ပေါ်တွင် ခါးမတ်မတ်ထိုင်၊ ခြေထောက်နှစ်ဖက်လုံး မြေပြင်ပေါ်ချပြီး စက်ရဲ့ လက်ပတ်ကို နှလုံးအမြင့်နှင့် တစ်တန်းတည်းထား၍ တိတ်ဆိတ်စွာ တိုင်းတာမှတ်သားပါ။ ၎င်းမှတ်တမ်းသည် ဆရာဝန်အတွက် ဆေးညွှန်းရန် အလွန်အသုံးဝင်ပါတယ်။
💡 အနှစ်ချုပ် အကြံပြုချက်
သွေးတိုးရောဂါသည် တစ်ခါဖြစ်ပါက တစ်သက်လုံး ထိန်းသိမ်းသွားရမည့် ရောဂါဖြစ်သော်လည်း၊ စနစ်တကျ ဆေးသောက်ပြီး နေထိုင်မှုပုံစံ ပြင်ဆင်ပါက သာမန်လူတစ်ယောက်ကဲ့သို့ပင် ရောဂါနောက်ဆက်တွဲဆိုးကျိုး လုံးဝမရှိဘဲ အသက်ရှည်ကျန်းမာစွာ နေထိုင်သွားနိုင်ပါတယ်ခင်ဗျာ။
"အသေးအဖွဲ အလေ့အထလေးတွေကနေ စတင်ပြီး ဇွဲရှိရှိ ပုံမှန်လုပ်ဆောင်ခြင်းဖြင့် ပိုမိုကောင်းမွန်တဲ့ ကျန်းမာရေးကို တည်ဆောက်ကြစို့" ဟု တိုက်တွန်းလိုက်ရပါတယ်။
မိမိတို့ရဲ့ မိသားစုဝင်တွေ၊ သက်ကြီးရွယ်အို မိဘဘိုးဘွားတွေ သွေးတိုးရောဂါအန္တရာယ်ကနေ ကြိုတင်ကာကွယ်ပြီး သက်ရှည်ကျန်းမာစေဖို့ ဒီအရေးကြီးတဲ့ ဆေးပညာဗဟုသုတလေးကို Like & Share လုပ်ပြီး လက်ဆင့်ကမ်း မျှဝေပေးလိုက်ပါဦးနော်။ 💙✨
01/06/2026
Soul Healing for June
1-6-2026
#ဘာတွေပဲဖြစ်ဖြစ်ပျော်အောင်နေပါ
ဘဝဆိုတာ ပစ္စုပ္ပန် အခိုက်အတန့်လေးတွေ တစ်ခုစီ တစ်ခုစီ ပေါင်းစပ်ထားတာပါပဲ။ အဲဒီအခိုက်အတန့်တွေမှာ ပျော်အောင် နေတတ်မယ်ဆိုရင် ဘဝက ပျော်စရာ ကောင်းတာပဲ။ ဟိုးအဝေးကြီးမှာ မမြင်ရသေးတဲ့ အနာဂတ်မှာ ရှိနေတာ မဟုတ်ဘူး။ ကိုယ့်မျက်စိအောက်တင် ရှိနေတာပါ။
Whatever happens, live happily.
Life is just a combination of individual present moments. If you know how to be happy in those moments, life is wonderful. It is not somewhere far away, in an unseen future. It is right there, right in front of your eyes.
31/05/2026
မျှော်လင့်ခြင်း၏ ကောက်ရိုးတစ်မျှင်
ရွှေ့ပြောင်းအခြေချသူတို့အတွက် ကျန်းမာရေး အာမခံ
ထိုင်းနိုင်ငံ၊ မဲဆောက်အခြေစိုက် လူမှု အဖွဲ့အစည်းတစ်ခု ဖြစ်သည့် Four Rivers-ACTS Foundation သည် မဲဆောက်မြို့ အတွင်းသို့ အကြောင်းအမျိုးမျိုးကြောင့် ရွှေ့ပြောင်းအခြေချလာကြသည့် မြန်မာနိုင်ငံသားများအတွက် ကျန်းမာရေးနှင့် ပတ်သက်သော အထောက်အပံ့များ၊ လူသားစာနာအကူအညီများပေးနိုင်ရန် ကြိုးစားဆောင်ရွက်လျက် ရှိပါသည်။ ထို ဆောင်ရွက်ချက်များထဲမှ စီမံချက်တစ်ခုနှင့် မိတ်ဆက်ပေးလိုပါသည်။
ထိုစီမံချက်မှာ “ရွှေ့ပြောင်းအခြေချသူများအတွက် ကျန်းမာရေး အာမခံ ဝယ်ယူထောက်ပံ့ပေးခြင်း” စီမံချက်ပင် ဖြစ်ပါသည်။ ဤစီမံချက်ကို ၂၀၂၄ခုနှစ်မှ စတင်၍ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပါသည်။ ဤစီမံချက်ကို အကောင်အထည်ဖော်ရသည့် အဓိက ရည်ရွယ်ချက်များမှာ မိမိနိုင်ငံပြင်ပသို့ အခြေအနေအမျိုးမျိုးကြောင့် ရွှေ့ပြောင်း အခြေချလာရသည့် မြန်မာပြည်သူများအတွက် ကျန်းမာရေးစောင့်ရှောက်မှု အလွယ်တကူ လက်လှမ်းမှီနိုင်စေရန်၊ ကျန်းမာရေးစောင့်ရှောက်မှု ခံယူရာတွင် ကုန်ကျစရိတ်များအား တစိတ်တစ်ပိုင်း အထောက်အပံ့ဖြစ်စေရန် နှင့် ကျန်းမာရေးစောင့်ရှောက်မှုနှင့် ပတ်သက်၍ စိတ်ပိုင်းဆိုင်ရာ လုံခြုံမှု ရရှိစေရန် စသည့် စိတ်ဆန္ဒများကြောင့် ဖြစ်ပါသည်။
ကျန်းမာရေး အာမခံ မရှိခြင်းကြောင့် အချိန်မှီ ဆေးကုသမှု မရယူနိုင်ခြင်း၊ ကုသမှု နှောင့်နှေးခြင်း၊ ဆေးကုသစရိတ်ကို အချိန်မှီပေးသွင်းနိုင်အောင် ရှာဖွေရခြင်း၊ အတိုးများစွာနှင့် ချေးငှားရခြင်း စသည့် စိတ်ပိုင်းဆိုင်ရာ ပူပန်မှု၊ စိုးရိမ်မှုများကို လူနာနှင့် လူနာရှင်မိသားစုအား ကြီးမားစွာ ခံစားရစေပါသည်။ ထို့အပြင် မြန်မာပြည်သူ အများစုအနေဖြင့် ကျန်းမာနေချိန်တွင် ကျန်းမာရေး အာမခံ ဝယ်ယူခြင်းသည် “အလဟဿ ငွေကြေးသုံးစွဲခြင်း၊ ငွေပိုသုံးစွဲခြင်း” ဖြစ်ပြီး “မလိုအပ်” ဟု ယူဆသူ များပြားပါသည်။ ထို့ကြောင့် အာမခံစနစ်ထားရှိခြင်းနှင့် အကျွမ်းဝင်မှု မရှိသော ကျွန်တော်တို့ ပြည်သူအများစုအတွက် ကျန်းမာရေး အာမခံထားရှိခြင်း၏ ကောင်းကျိုးများကို လက်တွေ့ခံစား သိရှိစေခြင်း၊ အသုံးပြုစေခြင်းနှင့် နောင်တွင် ကိုယ်တိုင်ကိုယ်ကျ အားထုတ်၍ အာမခံထားရှိလိုသော ဆန္ဒများ ပေါ်ပေါက်စေလိုခြင်းတို့သည်လည်း ဤစီမံချက်၏ အရေးကြီးသော ရည်ရွယ်ချက်များ ဖြစ်ပါသည်။
ဤစီမံချက်အကောင်အထည်ဖော် ဆောင်ရွက်စဥ်အတွင်း အဖွဲ့အစည်း၏ထောက်ပံ့မှုကို ရရှိခဲ့သူတို့၏ စကားသံတချို့ ကိုလည်း မျှဝေလိုပါသည်။
“၂၀၂၅ ခုနှစ်အတွင်းမှာပဲ အိမ်ကလူသုံးယောက် ဆေးရုံတက် ခွဲစိတ်ခဲ့ရပါတယ်။ ပုံမှန်ဆိုရင် ဆေးကုစရိတ် အများကြီး ပေးရမှာ။ အဖွဲ့က ကျန်းမာရေးအာမခံ ထောက်ပံ့ပေးထားလို့သာ အသက်ရှုချောင်ခဲ့ရတာပါ။ လိုအပ်တဲ့ ဆေးကုသမှုတွေကိုလဲ အချိန်မှီ ရခဲ့လို့ အများကြီး ကျေးဇူးတင်ပါတယ်။ ခုတော့ ကျန်းမာရေးလည်း ပုံမှန်ဖြစ်နေပါပြီ။”
“၂၀၂၁ ခုနှစ် ပဋိပက္ခအတွင်းမှာပဲ ယောကျ်ားဆုံးပြီး ကလေးသုံးယောက်နဲ့ ဒီဘက်ကို ရောက်လာခဲ့ရတာပါ။ ကလေးသုံးယောက်ရဲ့ ကျောင်းစရိတ်တွေ၊ ဒီက နေထိုင်စရိတ်တွေကြောင့် ကျန်းမာရေးမကောင်းမှာ၊ တစ်ခုခုဖြစ်မှာကို အမြဲစိုးရိမ်ခဲ့ပါတယ်။ အဓိက ကတော့ နေမကောင်းဖြစ်ရင် ဆေးရုံ၊ ဆေးခန်းမပြနိုင်မှာကို စိတ်ပူခဲ့ရတာ။ အဖွဲ့ကနေ ကျွန်မကို ကျန်းမာရေး အာမခံဝယ်ပေးထားတော့ တစ်ခုခု နေထိုင်မကောင်းဖြစ်ရင် ငွေရေးကြေးရေး ပူပန်စရာ အရင်ကထက် လျော့သွားတာပေါ့။ အဲဒီအတွက်လည်း အဖွဲ့ကို ကျေးဇူးတင်ပါတယ်။”
အထက်ပါ အထောက်အပံ့ရရှိသူများ၏ စကားသံများကြောင့် ဤစီမံချက် အောင်မြင်အောင် ဆောင်ရွက်ပေးခွင့်ရသည့်အတွက် အထူးပင် ဝမ်းမြောက်မိသလို ရန်ပုံငွေ ထောက်ပံ့ပေးခဲ့သော အဖွဲ့ အစည်းများနှင့် မိတ်ဘက်အဖွဲ့အစည်းများကိုလည်း ရွှေ့ပြောင်းအခြေချသူများကိုယ်စား အထူး ကျေးဇူးတင်ရပါသည်။ ထို့အပြင် ကျန်းမာရေး အာမခံတစ်ခုသည် လူနာတစ်ဦးအတွက်သာမက မိသားစု တစ်ခုလုံး၏ စိတ်ပိုင်းဆိုင်ရာ လုံခြုံမှုနှင့် ဘဝရပ်တည်မှုအတွက်ပါ အရေးကြီးကြောင်း မီးမောင်းထိုး ပြသနေပါသည်။ သို့သော်လည်း ကျွန်တော်တို့၏ ကျန်းမာရေးအာမခံ ထောက်ပံ့မှုသည် ပြဿနာအားလုံးကို ဖြေရှင်းပေးနိုင်သည့် အရာတစ်ခု မဟုတ်သော်ငြား လူနာနှင့် မိသားစုအတွက် “မျှော်လင့်ခြင်း၏ ကောက်ရိုးတစ်မျှင်” ဖြစ်နိုင်ပါသည်။
ယခုကဲ့သို့ စီမံချက်မျိုးကို နောင်တွင်လည်း ဆက်လက် ဆောင်ရွက်နိုင်အောင်၊ ချဲ့ထွင် ဆောင်ရွက်နိုင်အောင်လည်း Four Rivers-ACTS Foundation အနေဖြင့် ကြိုးစား ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း တင်ပြအပ်ပါသည်။
คลิกที่นี่เพื่อเป็นสมาชิก?
ประเภท
ติดต่อ องค์กรนั้น
เบอร์โทรศัพท์
เว็บไซต์
ที่อยู่
Mae Sot
Tak
63110
เวลาทำการ
| จันทร์ | 09:00 - 16:00 |
| อังคาร | 09:00 - 16:00 |
| พุธ | 09:00 - 16:00 |
| พฤหัสบดี | 09:00 - 16:00 |
| ศุกร์ | 09:00 - 16:00 |