Cookfork1
Hi All, I'm K2 and I always cook for K1. The HAPPINESS you get when you serve your food to your love. Thanks for watching my videos.
Please don't forget to subscribe to my Youtube channel.
ကျွန်တော် ဒီနေ့မှာ ထောပတ်ထမင်းရယ် ကြက်သား မဆလာဆီပြန်ဟင်းလေးချက်မှာဖြစ်ပါတယ်။
ထောပတ်ထမင်းချက်တဲ့ အခါမှာ တချို့တွေက ဟင်းခတ်အမွှေးအကြိုင်အများကြီးထည့်လေ့ရှိပါတယ်။
တချို့တွေက လုံးဝကို မထည့်ပါဘူး။
ဟင်းခတ်အမွှေးအကြိုင် အနည်းငယ်ထည့်မှလည်း ဒီထောပတ်ထမင်းက စားကောင်းတယ်လို့တော့ ကျွန်တော် ထင်ပါတယ်။
ပထမဆုံးကြက်သားဟင်းချက်ဖို့ ကြက်သားကို အရသာစနှပ်ပါမယ်။
အချိုမှုန့် သို့ ဟင်းရွက်မှုန့်။
နနွင်းမှုန့်.
ဆား။
အသားမဆလာ စားပွဲတင်ဇွန်း ၁ ဇွန်းပါ။
ဒိန်ချဉ် အနည်းငယ်ထည့်ပေးပါ။
နယ်ပြီးရေခဲသေတ္တာထဲမှာ ၂ နာရီသို့မဟုတ်
ညလုံးပေါက်နှပ်ပေးပါ။
ထောပတ်ထမင်းထဲ ထည့်ချက်ဖို့ သီဟိုစေ့နဲ့ စပျစ်သီးခြောက်ကို ဆန်ချိန်ခွက် ၁ ခွက်စီထည့်ပါတယ်။
ဟင်းခတ်အမွှေအကြိုင်တွေကတော့ ကရဝေးရွက်၊
ဖာလာစေ့။ လေးညှင်းပွင့်။ သစ်ကြံပိုးခေါက်။
အနည်းငယ်ထည့်ပါတယ်။
ကျွန်တော်က ဂီးထောပတ်ကို စပွဲတင်ဇွန်း ၅ ဇွန်းလောက်သုံးပါတယ်။
ကြက်သွန်နီ ၁ လုံးကို ပါးပါးလှီးထားပါ။
ဆန်ခွန်ခွက် ၄ ခွက်စာကို ရေဆေးရေစစ်ပေးထားပါ။
ကြက်သွန်ဖြူဆီသတ်ဖို့ ရိုးရိုးဆီကိုပဲ ဆီသတ်ပေးပါ။ ဆီသတ်တာမွှေးပီဆိုမှ ဂီး ကို ထည့်ပေးပါ.
ဂီးတွေအရည်ပျော်မှ ဟင်းခတ်အမွှေးအကြိုက်ထည့်ပါ။
ထုံစံအတိုင်း မီးအားသေးသေးနဲ့ မွှေးလာတဲ့အထိ ဆီသတ်ပေးပါ။ ပြီးမှ စပျစ်သီးနဲ့ သီဟိုစေ့ထည့်ပေးပါ။
ရေစစ်ထားတဲ့ ဆန်တွေထည့်ပါမယ်။ ခန့်မှန်းခြေ ၃ မိနစ်လောက်မွှေပေးပါ။ ဒါဆိုထောပတ်ထမင်းချက်လို့ရပါပြီ။
ထမင်းပေါင်းအိုးထဲ ထည့်ပေးပါ။ အရသာအတွက် ဆားနဲ့ သကြား ထည့်ပေးပါ။ ကျွန်တော် ထည့်တဲ့အချိုးအစားက အရသာ ပေါ့ပေါ့ပဲဖြစ်ပါတယ်။
ဆန်က ၄ ခွက်ဆိုတော့ ရေကို ၆ခွက်ခွဲလောက်ထည့်ပါတယ်။
ကြက်သားချက်ဖို့အတွက် ကြက်သွန်နီ။ ဖြူ။ ငရုတ်သီးစိမ်းကို ကြိုပြီး ကြိတ်ထားပေးပါ။
ဒယ်အိုးထဲမှာ ဆီထည့်ပြီး ကြိတ်ထားတာတွေကို မွှေးအောင် ဆီသတ်ပေးပါ။
မွှေးလာရင် နနွင်းမှုန့် ၊ ငရုတ်သီးမှုန့် ထုံးစံအတိုင်းထည့်ပြီး မွှေးလာပြီဆိုမှ ဟင်းခတ်အမွှေးအကြိုင်တွေထည့်ပါမယ်။
ကြက်သားမဆလာချက်ဖို့ ငရုတ်သီးခြောက်၊ ကရဝေးရွက်။ ဇီယာ။ လေးညှင်းပွင့် သုံးပါတယ်။
မွှေးလာရင် နှပ်ထားတဲ့ ကြက်သားတွေထည့်မယ်။
၃ မိနစ်လောက်ကြောပြီး မှ ဆားနည်းနည်းထပ်ထည့်ပါတယ်။
ရေနွေးထည့် အဖုံးပိတ်ပြီး ၁၀ မိနစ်လောက်တည်ထားပေးပါ။
ကြက်သားတွေနူးပြီဆိုမှ ရေခမ်းဆီပြန်အောင်ချက်ပေးပါ။
ပြီးမှ အသားမဆလာ ၁ ဇွန်းလောက်ထည့်ပေးပါ။
ဒါဆိုရင်တော့ ကြက်သားမဆလာ လေးရပါပြီ။
အကယ်၍ ပိုပြီးစားကောင်းချင်ရင် ကြက်သွန်နီကြော်ကို ကြက်သားဟင်းထဲ ထည့်ပြီး မွှေပေးရင် ကြက်သားဟင်းလေးက ပိုပြီး စားကောင်းပါတယ်။
17/09/2026
ကြက်ဥ ပူတင်းကို လေမခိုအောင် လုပ်နည်းလေးပါ။
😻အဆင့် (၁) -
ဒယ်ပြားထဲကို သကြား ၁ ခွက်ထည့်ပြီး ရေ သို့မဟုတ် ဆီ လုံးဝမထည့်ဘဲ ဒီအတိုင်းထားပါ။
သကြားများ အရည်ပျော်ပြီး ညိုရောင်ပြောင်းလာပါက ရေနွေး နည်းနည်းထည့်ပြီး သမအောင် မွှေပေးပါ။
သကြားရည်သည် မပျစ်မကျဲ အနေအထား (Caramel syrup) ရပါက ပူတင်းပေါင်းမည့် ခွက်ထဲသို့ ချက်ချင်းလောင်းထည့်ထားပါ။
အဆင့် (၂) -
ပန်းကန်လုံးတစ်လုံးထဲတွင် ကြက်ဥ ၅ လုံးကိုဖောက်ပြီးထည့်ထားပေးပါ။
ကြက်ဥထဲသို့ သကြား ၃ ဇွန်းခန့်ထည့်ပြီး သကြားပျော်ဝင်သည်အထိ သေချာခေါက်ထားပါ။ အချိုက မိမိစိတ်ကြိုက်ထည့်လို့ရပါတယ်။
အဆင့် (၃) -
အိုးတစ်လုံးထဲသို့ နွားနို့များကို ထည့်ပြီး ဆူပွက်လာသည်အထိ ကျိုပေးပါ။ (အချိုးအစားမှာ ကြက်ဥ ၁ ဆလျှင် နွားနို့ ၂ ဆ ဖြစ်ရပါမည်။ ဥပမာ- ကြက်ဥ ၅ လုံးသည် ဇလုံ တစ်လုံး၏ ထက်ဝက်ရှိပါက နွားနို့ကို ဇလုံ ၁ လုံးအပြည့် ထည့်ရပါမည်)
နွားနို့ ပွက်ပွက်ဆူလာပါက မီးပိတ်ပြီး နွားနို့ အိုးကို အပြင်တွင် ၂ မိနစ်ခန့် ခဏအအေးခံထားပါ။
ထို့နောက် သကြားထည့်၍ ခေါက်ထားသော ကြက်ဥပန်းကန်လုံးထဲသို့ ပူနေသော နွားနို့များကို ဖြည်းဖြည်းချင်း လောင်းထည့်ပါ။ ထိုသို့ထည့်နေစဉ် ကြက်ဥမကျက်သွားစေရန် ခရင်းဖြင့် အဆက်မပြတ် မြန်မြန်ခေါက်ပေးရပါမည်။
အဆင့် (၄)
Caramel ရည်ထည့်ထားသော ပေါင်းမည့်ခွက်ထဲသို့ ကြက်ဥနွားနို့ ခေါက်ထားတာကို ဇကာဖြင့်စစ်ပြီး လောင်းထည့်ပါ။
အဆင့် (၅)
ပေါင်းနေစဉ်အတွင်း ရေငွေ့များ ပူတင်းခွက်ထဲ မဝင်စေရန် ခွက်ကို ပလတ်စ အပါး သို့မဟုတ် သင့်တော်သော အဖုံးတစ်ခုခုဖြင့် သေချာအုပ်ထားပါ။
ပေါင်းအိုးထဲတွင် ရေနွေးငွေ့ဖြင့် မိနစ် ၃၀ ကြာအောင် ပေါင်းပေးပါ။ မီးကို အတတ်နိုင်ဆုံး အသေးဆုံးတွင် ထားရပါမည်။ မီးအားပြင်းရင် ပူတင်းက လေတွေခိုပြီး မလှပါ။ ပေါင်းနေစဉ် ၁၀ မိနစ်တစ်ကြိမ် ခန့် ပေါင်းအိုးအဖုံးကို ခဏဖွင့်ပေးပါ။ ဒါမှမဟုတ် ပေါင်းအိုး အဖုံးကြားကို သွားကြားတိုးတံလေး တင်ပြီး ဖုံးပေးပါ။
အဆင့် (၆) -
မိနစ် ၃၀ ပြည့်ပါက ပူတင်းကျက်၊ မကျက်စစ်ဆေးရန် ဓားတစ်ချောင်းဖြင့် ပူတင်းအလယ်တည့်တည့်သို့ ထိုးကြည့်ပါ။
ဓားတွင် ပူတင်းအနှစ်များ ကပ်ပါမလာတော့ပါက ကြက်ဥ ပူတင်းရပါပြီ။
ပူတင်းကို အိုးထဲမှထုတ်ပြီး အအေးခံပါ။ အေးသွားမှ ပူတင်းကို ပန်းကန်ကြီးထဲကို လောင်းထည့်ပေးပါ။ သကြားတူးတွေက ပြန်ပြီး ပျော်သွားတဲ့အတွက် ပူတင်းက အောက်ခြေမှာ မကပ်ပါဘူး။ ဒါဆို တကယ်စားကောင်းတဲ့ ကြက်ဥပူတင်းလေးရပါပြီ။
Cookfork1 ၏ အခြားသော လူမှုကွန်ယက်များဖြစ်သည့် ဖေ့စ်ဘုတ်၊ အင်စတာဂရမ်နှင့် တစ်တော့တို့တွင်လည်း မတူညီသော တင်ဆက်မှုများဖြင့် ဟင်းချက်နည်းများ တင်ပေးထားပါသဖြင့် ဝင်ရောက်ကြည့်ရှုအားပေးနိုင်ပါတယ်ခင်ဗျာ။
ခေါက်ဆွဲချက်တဲ့အခါမှာ မြန်မြန်လေးချက်လို့ရအောင် ကြိုပြီး လုပ်ရမယ့်အချက်တွေကို လည်း ပြောပြပေးထားပါတယ်ခင်ဗျာ။
ပဲမှုန့်အစိမ်းကို ရေနဲ့ ကြိုစိမ်ထားပေးပါ။
ပဲမှုန့် ၁ ခွက်ကို ရေ ၄ ခွက်ထည့်ပြီးစိမ်ပေးပါ။
မိမိစိတ်ကြိုက်ခွက်နဲ့ ချိန်လို့ရပါတယ်။
ရေကို ကြိုပြီး စိမ်ထားပေးမှသာ ပဲမှုန့်တွေက ပွလာပြီး ကြိုတဲ့အခါ အဆင်ပြေမှာဖြစ်ပါတယ်။
ကြက်ပြုတ်ရည်အတွက် ကြက်ရိုးနဲ့ ကြက်ခြေထောက်အနည်းငယ်သုံးပါတယ်၊
ဆီသတ်ရန်အတွက် ကြက်ရင်ပုံသားအနည်းငယ်နဲ့
ကြက်အတောင်ပံလေး နည်းနည်းထည့်ပါတယ်၊။
ကြက်သားတွေကို အချိုမှုန့် သိုမဟုတ် ဟင်းရွက်မှုန့် နည်းနည်း
ဆား နည်းနည်း ထည့်ပြီး နှပ်ထားပေးပါ။
နယ်ပြီးရင် နာရီဝက်လောက်နှပ်ပေးပါ။
ဆီသတ်တဲ့အခါ ကြက်သွန်နီက ပိုထည့်ပြီး ကြက်သွန်ဖြူကို ပါရုံလေးပဲ ထည့်ပေးပါ။ ကြက်သွန်နီ များများနဲ့ဆိုပိုချိုပါတယ်။
ကြက်ရိုးတွေကို ရေများများနဲ့ ၃ မိနစ်လောက်ပြုတ်ပြီး ဆယ်ပေးထားပါတယ်။
ပြီးမှ ရေသန့်သန့်နဲ့ ကြက်ရိုးတွေကို ပြန်ပြုတ်ပေးထားပါ။
နို့စိမ်းကိုတော့ နို့စိမ်းဘူး တ ဝက်ကျော်ကျော်လောက် ကျွန်တော် သုံးပါတယ်။
ပထမဆုံး ကြက်သားဆီသတ်တဲ့ ဆီ ထည့်တာများတယ်လို့ထင်ရပေမယ့် နောက်ဆုံး ကြက်သားဆီသတ်တွေထည့်တဲ့ အခါ ကျွန်တော် ဆီသတ်ထားတဲ့ ဆီတွေအကုန်ပြန်မထည့်ပါဘူး။ ဟင်းဆီသတ်တဲ့အနံ့ပိုမွှေးအောင်ပဲ ဆီပိုထည့်ပြီး သတ်ခြင်းဖြစ်ပါတယ်။
မွှေးလာရင် နနွင်း နဲ့ ငရုတ်သီးမှုန့်ထည့်မယ်။
အစိမ်းနံ့တွေပျောက်ရင် ကြက်သားထည့်မယ်၊
ငါးငံပြာရည်ထည့်မယ်။ ခဏထပ်မွှေပြီးရင် ရိုးရိုးရှင်းရှင်းကြက်သားဆီသတ်ရပါပြီ။
အရိုးပြုတ်ရည်က ဆူပွက်လာရင် ပဲမှုန့်ဖျော်ရည်ကို ထည့်ပါမယ်။
ပဲမှုန့်ကို ရေနဲ့ကြိုစိမ်ထားတယ်ဆိုရင် ကြိုတဲ့အခါ ပဲမှုန့်အစိအစိ ကြီးတွေ မဖြစ်ဘဲ အခုလို အကုန်ပျော်သွားမှာပါ။
စချက်တဲ့အခါ အချိုးအစားချိန်ရတဲ့ ခက်ရင် ပဲမှုန့်နဲ့ ရေကို ပိုပြီး ဖျော်ထားပေးပါ။ အကယ်၍ ဟင်းရည်က ကျဲနေတယ်လို့ထင်ရရင် ပဲမှုန့်ဖျော်ရည်ကို အလွယ်တကူ ထပ်ပြီးထည့်လို့ရပါတယ်။
ပဲစိမ်းနံ့ပျောက်သွားမှ ဆီသတ်ထားတဲ့ ကြက်သားတွေထည့်ပါတယ်။ ဆီသတ်တဲ့အခါ ပိုနေတဲ့ ဆီတွေကို တော့ မထည့်ပါဘူး။
ငါးငံပြာရည်ကို ကြက်သားဆီသတ်တဲ့အခါပဲထည့်ပါ။
ဟင်းရည်ထဲထပ်မထည့်ပါဘူး။ အရသာလိုရင် ဆား နဲ့ သကြား ကို လိုသလို ချိန်ဆပြီး ထည့်ပေးပါ။
ပြီးမှ နို့စိမ်းထည့်ပေးပါ။
တချို့တွေက ငါးဖယ်ကို ဟင်းရည်ထဲ ထည့်လေ့ရှိပါတယ်။
ကျွန်တော်က တော့ မထည့်ပါဘူး။ ငါးဖယ်ရဲ့ ညှီနံ့က ဟင်းရည်ရဲ့ အရသာကို ပြောင်းသွားစေပါတယ်။
ကြက်သွန်နီကိုထည့်လေ့ရှိပေမယ့် ကျွန်တော့်စိတ်ထင် ဟင်းရည်ထဲ ထည့်ထားတာကြာတဲ့အခါ ကြက်သွန်နီက အနံ့မကောင်းဘူးဖြစ်တတ်ပါတယ်။
ခေါက်ဆွဲထည့်စားဖို့ အီကြာကွေး။ ကြက်သွန်နီ နံနံပင်
သံပုရာသီးကို ကြိုပြီးပြင်ဆင်ပေးပါ.
နို့စိမ်းခေါက်ဆွဲနဲ့ အလိုက်ဖက်ဆုံးက မုန့်ကြွပ်ပါ။
မုန့်ကြွပ်ကို ကုန်စုံဆိုင်တွေမှာ အလွယ်တကူ ဝယ်လို့ရပါတယ်။
ဆီပူထဲ ထည့်ကြော်လိုက်ရင် မုန့်ကြွပ်လေးရပါပြီ။
15/09/2026
တရုတ်တန်းမှာ ရောင်းတဲ့ သကြားညိုမုန့်ပွ လုပ်နည်းလေးပါ။တရုတ်လို (广式红糖松糕) လည်းခေါ်ပါတယ်။
ပထမဆုံး သကြားညို ၈၀ ဂရမ် နှင့် သကြားဖြူ တို့ကို ရေနွေးဆူဆူ ၂၅၀ ဂရမ် ထဲထည့်၍ အရည်ဖျော်ပါ။ အချိုအရသာအတွက်က မိမိစိတ်ကြိုက်ထည့်လို့လည်းရပါတယ်။
သကြားများ အရည်ပျော်သွားပါက လုံးဝ အေးသွားသည်အထိ ခေတ္တထားပါ။
တဆေး ၃ ဂရမ် ကို ရေနွေးနွေး ၂၀ ဂရမ် ထဲထည့်၍ အရည်ဖျော်ထားပါ။ (ရေနွေးက ကြက်သီးနွေးလေးဆိုရပါပြီ)
အေးသွားသော သကြားညိုရည်ထဲသို့ ဖျော်ထားသော တဆေးရည် ထည့်ပေးပါ။ ကြက်ဥ ၁ လုံး ဖောက် ထည့်ပြီး သမအောင် မွှေပါ။
ပီလောပီနံမှုန့် ၁၅၀ ဂရမ်၊ ဂျုံမှုန့် ၂၀၀ ဂရမ် နှင့် ဂျုံကော်မှုန့် ၆၀ ဂရမ် တို့ကို ထည့်ပါ။ (ဂျုံကော်မှုန့် မရှိရင် ဂျုံမှုန့်ပဲ အစားထိုးလို့ရပါတယ်)
အခဲများ မကျန်ဘဲ အမှုန့်တွေ အားလုံးပျော်တဲ့အထိ သေချာမွှေပေးပါ။
မုန့်နှစ်ဇလုံကို အဖုံးဖုံးပြီး ၂ ဆ မက ပွတက်လာသည်အထိ (၁ နာရီခန့်) နှပ်ထားပါ။ ပွတက်လာသော မုန့်နှစ်ထဲသို့ ထောပတ် (သို့) ဆီ ၂၀ ဂရမ် ထည့်ပြီး အားရပါးရ ပြန်မွှေပေးပါ။
ပေါင်းမယ့်ခွက်ထဲမှာ ဆီစိမ်စက္ကူ ဒါမှမဟုတ် ငှက်ပျောရွက်လေး ခင်းပေးပါ။ မုန့်နှစ်တွေကို ပေါင်းမယ့်ခွက်ထဲ ထည့်ပြီး ဒုတိယအကြိမ် မုန့်သားပြန်ပွ အောင် နာရီဝက်လောက် ထပ်ထားပေးပါ။
မုန့်က ၂ ဆပြန်ပွလာရင် နှမ်းလေးတွေဖြူးပေးထားပါ။
ပေါင်းအိုးထဲတွင် ရေဆူအောင် အရင် တည်ထားပါ။
မုန့်နှစ်ဗန်းကို ထည့်။ အဖုံးဖုံးပြီး မီးပြင်းပြင်းဖြင့်မိနစ် ၄၀ လောက်ပေါင်းပေးပါ။
မီးပိတ်ပြီးနောက် အဖုံးမဖွင့်သေးဘဲ နောက်ထပ် ၃ မိနစ်ခန့် နှပ်ထားပါ။
ပေါင်းပြီး ပူပူလေးရှိနေတုန်းမှာ အစိုဓာတ် ထိန်းနိုင်ရန် အပေါ်ယံကို ဆီပါးပါးလေး သုတ်ပေးပါ။
မုန့် လုံးဝ အေးသွားမှ ခွက်ထဲမှ ထုတ်၍ စိတ်ကြိုက် အတုံးများ လှီးဖြတ်သုံးဆောင်နိုင်ပါပြီ။
#ပဲနီလေးတို့ဟူး #ဟင်းချက်နည်း
13/09/2026
ထမင်းပူပူကို အမဲပြုတ်ကြော်ထားတဲ့ဆီမွှေးမွှေးရယ် ဆားလေးရယ် နယ်ပြီး အမဲပြုတ်ကြော်လေးနဲ့ တွဲဖက်လို့ စားကောင်းပါတယ်။
အမဲသားတွေက ကြော်တဲ့အခါ ကျုံ့သွားတတ်တာကြောင့် အတုံးတုံးတဲ့အခါ လိုချင်တဲ့ အတုံးထက် ပိုကြီးပြီး တုံးထားပေးပါ။
အသားတွေ အရသာစနယ်ဖို့အတွက်
နနွင်းမှုန့် - အနည်းငယ်
ဆား - အနည်းငယ်
အချိုမှုန့် (မစားရင်မထည့်လို့ရပါတယ်)
မဆလာ - အနည်းငယ်
ချင်း (ဂျင်း) - လက်၂ဆစ်လောက်ခြစ်ထား သို့ ထောင်းထားတာကို အရည်ညှစ်ပြီး ထည့်ပေးပါမယ်။
အရသာအားလုံးကို အသားထဲ ဝင်အောင် နှပ်ထားပေးပါမယ်။ ၁ နာရီလောက်နှပ်ထားပေးပါမယ်။
ကြက်သွန်ဖြူ လက်တဆုတ်လောက်ကို ဓားပြားရိုက်ထားပေးပါ။
ဒါဆိုစချက်လို့ရပါပြီ။
ဒယ်အိုးထဲမှာ နှပ်ထားတဲ့အမဲသားတွေထည့်။ ရေကို အသားမြှုပ်ရုံထည့်ပြီး မီးအေးအေးနဲ့ နာရီ၀က်လောက် ပြုတ်ထားပေးပါ။ ရေခမ်းတဲ့အထိ ပြုတ်ပေးရမှာဖြစ်ပါတယ်။ pressure cooker နဲ့ ပေါင်းပြီးမှ ပြန်ချက်လည်းရပါတယ်။
ရေခမ်းသွားပြီဆိုရင် အသားထဲကို ဆီလောင်းထည့်ပေးပါ။ ဆီကို အသားတွေ မမြှုပ်တမြှုပ်အနေအထား ထည့်ပြီး မီးအလည်အလတ်နဲ့ အသားတွေအရောင်းပြောင်းတဲ့အထိ ကြော်မယ်။ အရောင် အနည်းငယ်ပြောင်းလာရင် ဓားပြားရိုက်ထားတဲ့ ကြက်သွန်ဖြူထည့်ပြီး မွှေးလာတဲ့အထိ ကြော်ပေးပါ။ မွှေးလာပြီဆိုရင် အရသာရှိတဲ့ အမဲသားပြုတ်ကြော်ကို သုံးဆောင်နိုင်ပါပြီခင်ဗျာ။
ကြက်ရင်ပုံကို ဒီတိုင်း ချက်စားရတာ ပျင်းနေပြီဆိုရင် ကြက်သားဘယာကြော်လေး ကြော်စားကြည့်ပါ။
ကြက်ရင်ပုံ ၁ ခြမ်းကို စက်နဲ့ ကြိတ်ရတာ လွယ်အောင် အတုံးလေးတွေ တုံးထားပေးပါတယ်။
ကြိတ်စက်ထဲမှာ ကြက်သား။ နုတ်နုတ်စဉ်းထားတဲ့ ကြက်သွန်နီ။ ခြစ်ထား သို့မဟုတ် ထောင်းထားတဲ့ ကြက်သွန်ဖြူ။ ငရုတ်သီးစိမ်း နည်းနည်း။
ကြက်သွန်ဖြူကို များများထည့်ပေးရင်တော့ ပိုမွှေးပါတယ်။ အရသာအတွက် အရသာမှုန့် နဲ့ ဆား အနည်းငယ်ပဲ ထည့်ပါတယ်။
ညက်နေအောင်ကြိတ်ပေးထားပါ။
ဘယာကြော်မှုန့်ကို ၃ ဇွန်း။ အကြော်မှုန့် ၂ ဇွန်းကို
ရေ ၅ ဇွန်းလောက်နဲ့ ကြိုပြီး ဖျော်ပေးထားပါ။
အသားမကြိတ်ခင် ကြိုပြိီးဖျော်ပေးထားတာက ဘယာကြော်မှုန့်တွေ ပိုပြီး ပွစေပါတယ်။
ကြိတ်ထားတဲ့ ကြက်သားတွေထည့်ပြီး မွှေပေးပါ။
အားလုံး နှံ့စပ်အောင် မွှေပေးပါ။
ဆီပူလာရင် ဘယာကြော် လုံးလေးတွေ လိုမျိုး သေးသေးလေးတွေ လုံးပြီး ထည့်ကြော်ပေးပါ။
ကြက်သား ထည့်ပြီး ကြော်တာကြောင့် မီးအားမပြင်းဘဲ မီးအားအလယ်အလတ်နဲ့ ကျက်တဲ့အထိကြော်ပေးပါ။ ရွှေအိုရောင်သန်းလာရင် ဆယ်ပြီး နှစ်သက်ရာ ဆော့စ်လေးနဲ့ စားလို့ရပါပြီ။
Cookfork1 ၏ အခြားသော လူမှုကွန်ယက်တွေဖြစ်တဲ့ ဖေ့စ်ဘုတ်။ အင်စတာဂရမ်။တစ်တော့ မှာလည်း မတူညီသော တင်ဆက်မှုများဖြင့် တင်ပေးထားပါတယ်ခင်ဗျာ။
09/09/2026
အသီးအရွက်တွေပါ ပါပြီး ချဉ်ချဉ်မွှေးမွှေးလေး စားကောင်းတဲ့ ကြက်ဥကြော်သုပ်လေးပါ။
မုန်လာဥ မကြိုက်ရင် မထည့်လဲရပါတယ်။
မုန်လာဥနီကို ခြစ်နဲ့ ခြစ်ထားပါ။
ကြက်ဥ က ၅ လုံး။
ဟင်းသီးဟင်းရွက်မှုန့်၊ ဆား၊ ငရုတ်ကောင်းမှုန့် ခေါက်ပေးထားပါ။
ခြစ်ထားတဲ့ မုန်လာဥတွေထည့်မယ်။
စတီး ဒယ်အိုးကို မကပ်အောင် ကျွန်တော် လုပ်တဲ့ နည်းပါ။
ဒယ်အိုးကို ၁ မိနစ် ခွဲလောက် အပူပေးပါ။ ပူလာရင် မီးပိတ်။
ဆီထည့်ပေးပါ။ ဆီထည့်ပေးပြီးရင် နောက်ထပ် ၁ မိနစ် ခွဲလောက် အပူပေးပါ။
မီးအားက အလယ်အလတ်ပဲထားပေးပါ။ ဆီက အခုလို လှိုင်းလေးတွေ ထလာရင် ရပါပြီ။
အကယ်၍ ကြက်ဥ မကြော်ပဲ ငါးကြော်မယ်ဆိုရင် ငါးထည့်ပြီးတာနဲ့ မီးအားပြန်လျော့ပေးပါ။
မူရင်း ချက်နည်းထဲမှာ မုန်လာဥကို ညက်နေအောင်ခြစ်ပါတယ်။
အခုလို အပြားကြီးက ကြော်တဲ့အခါ ကြော်လို့မကောင်းပေမယ့် စားတဲ့အခါ မုန်လာဥရဲ့ အချိုအရသာရပါတယ်။
ကြက်ဥ က မွှေးလာရင် ရပါပြီ။
ထည့်ပြီး သုပ်မယ့် အသီးအရွက်တွေလှီးထားပေးပါမယ်၊
ခရမ်းချဉ်သီး၊ ကြက်သွန်နီ၊ ငရုတ်သီးစိမ်း၊ နံနံပင်၊ ပင်စိမ်း။
ကြက်ဥကြော်သုပ်ဖို့ ပါဝင်ပစ္စည်းအားလုံးထည့်ပါ။
အရသာအတွက် အရသာမှုန့်နည်းနည်း။
မန်ကျည်းရည် က ရွှဲရွှဲလေးထည့်ပါ။
ငါးငံပြာရည် ထည့်ပေးပါ။
ချက်ထားတဲ့ ကြက်သွန်ဖြူ ဆီချက်။
အားလုံးထည့်မွှေပြီးရင် ကြက်ဥကြော်သုပ်ရပါပြီ။
အစပ်ကြိုက်ရင် ငရုတ်သီးစိမ်းလေးပိုထည့်ပေးပါ။ ချဉ်ချဉ်လေးနဲ့ စားလို့ကောင်းပါတယ်။
Cookfork1 ၏ အခြားသော လူမှုကွန်ယက်တွေဖြစ်တဲ့ ဖေ့စ်ဘုတ်။ အင်စတာဂရမ်။တစ်တော့ မှာလည်း မတူညီသော တင်ဆက်မှုများဖြင့် တင်ပေးထားပါတယ်ခင်ဗျာ။
ကြေးအိုးအသားလုံးလုပ်ဖို့အတွက်
ဝက်ပေါင်သား ၅၀ ကျပ်သား။
အတုံးသေးသေးလှီးပြီး ခဲထားပေးပါ။
ငါးဖယ်ခြစ် က ၁၅ ကျပ်သား
စက်နဲ့ ကြိတ်တဲ့အခါ စက်ပူမှာ စိုးတာကြောင့်
ကြိတ်လိုက် ရပ်လိုက် လုပ်ပေးပါ။
ညက်သွားရင် နယ်ဖို့ ဇလုံ ထဲထည့်။
ဆား ၁ ဇွန်းခွဲ။
ဟင်းရွက်မှုန့် နည်းနည်း
သကြား ၁ ဇွန်း
ငရုတ်ကောင်းမှုန့် နည်းနည်း။
ကော်မှုန့် ၄ ဇွန်း။
အရေးကြီးဆုံးက နှမ်းဆီမွှေးပါ။
နှမ်းဆီ ၁ ဇွန်း
ရေက ၄ ဇွန်း လောက်ထည့်ပါ။
စပြီး သေချာနယ်ပေးပါ။
ကြေးအိုးအသားလုံးဖြစ်တာဆိုတော့
ကြေးအိုးဆိုင်တွေကလို ဇွန်းလေးနဲ့ ခပ်ပြီး ဟင်းရည်အိုးထဲထည့်လို့လည်းရပါတယ်။
ဝက်နံရိုးပြုတ်ထားတာ ဆူရင် မီးပိတ်ပြီးနံရိုးတွေကို ခပ်ထုပ်ပေးထားပါ။
နှမ်းဆီမွှေးလေး တဇွန်းထည့် မွှေပေးပါ။
အသားတွေလုံးပြီး ထည့်ပေးပါ။
အကုန်လုံး လုံးပြီးမှ မီးဖွင့်ပါ။
ကြက်ဥတို့ဖူးထည့်မယ်။
မုန့်ညှင်းဖြူတွေထည့်မယ်။
အဖုံးပိတ်ပြီးခဏတည်ပေးပါ။
ဒါဆိုရင် ကြေးအိုးအရသာနဲ့ သောက်လို့အရမ်းကောင်းတဲ့ ကြေးအိုးဝက်သားလုံးဟင်းရည်
လေးရပြီဖြစ်ပါတယ်ခင်ဗျာ။
Cookfork1 ၏ အခြားသော လူမှုကွန်ယက်တွေဖြစ်တဲ့ ဖေ့စ်ဘုတ်။ အင်စတာဂရမ်။တစ်တော့ မှာလည်း မတူညီသော တင်ဆက်မှုများဖြင့် တင်ပေးထားပါတယ်ခင်ဗျာ။
Category
Contact the public figure
Address
Taipei
235