Oh My Gar

Oh My Gar

Share

TraVeling 🌻

12/04/2026

💦သင်္ကြန်အကျနေ့ 14.4.2026 မှာ မင်တို့ သူငယ်ချင်းလေးယောက် မုန့်လုံးရေပေါ် တနိုင်လေး ကုသိုလ်ပြုချင်လို့ Vinhome Grand Park ထဲမှာနေတဲ့သူ မည်သူမဆို လာယူနိုင်ပါတယ်ရှင့်
💦လာယူမဲ့သူလေးတွေ Chat Box ကို လာပြောပေးပါဦးနော် လူဦးရေပေါ်မူတည်ပြီး ပြင်ဆင်ချင်လို့ပါရှင့်

#မုန့်လုံးရေပေါ်

04/04/2026

😁 ဗီယက်နမ်ရွှေရင်အေး vs မီ့ရဲ့ရွှေရင်အေး 🤭

Photos from Oh My Gar 's post 01/04/2026

🇻🇳ဂျင်းထည့်တတ်ကြလို့ သတိထားရတဲ့ Coconut Boat 🧉

မှားဖတ်မိတာမဟုတ်ပါဘူး တကယ်ပါ သူတို့က ဈေးကို မိုးထိအောင် လျှောက်တောင်းတတ်ကြပါတယ် တကယ်က 100000 - 150000 အလွန်ဆုံးပဲ တခါကဆို 8 သိန်းတဲ့ ဈေးခေါ်လိုက်သေးတာ အိုးခိုင်မော့

လှေစီးခါနီး သူများတွေလို ခမောက်လေးနဲ့ရိုက်ချင်ပေမဲ့ မဝယ်ချင်ဘူးဆိုရင် ဝယ်စရာမလိုပါဘူးနော် လှေထဲမှာ ခမောက်နှစ်လုံးနဲ့ ထီးတချောင်း ထားပေးထားပါတယ်

​ပြီးတော့ ရေထဲရောက်လို့ Spin လှည့်ချင်ရင် 100000 ထပ်ပေးရပါတယ် Gar ကတော့ မြင်တာနဲ့တင် မူးလို့ မလှည့်ပါဘူး 😮‍💨

ဒါပေမဲ့ ရေထဲမှာက တကယ်ပျော်စရာကောင်းပါတယ် Coconut Boat လေးတွေအများကြီးနဲ့ သီချင်းဆိုနေကြတဲ့ ဗီယက်နမ်ကြီးတွေနဲ့ မြင်ရသမျှ တကယ်ကို ပျော်စရာကောင်းချက်ကတော့ ဒီအတွေ့အကြုံက ဗီယက်နမ်မှာပဲ ရနိုင်မဲ့ အခွင့်အရေးလိုပါပဲ

ရေထဲမှာတုန်းက သူတို့ ရိုက်ပေးတဲ့ ပုံကို အပြန်ကျ ဓာတ်ပုံထုတ်ပြီး ယူမယ်ဆို 100000 ပါ အမှတ်တရမို့ အဲ့ပုံလေးကတော့ တန်ပါတယ်

ကဲ အရင်ကလည်း တင်ဖူးပါတယ် ဒီတခါပုံလေးတွေ ကြိုက်လို့ ထပ်ထင်ပါတယ်ရှင် 😁🫶

Photos from Oh My Gar 's post 31/03/2026

🇻🇳 Danang & Central Vietnam Bucket List ✨

HoChiMinh , Dalat တွေပြီးတော့ ဒီတခါ ဒါနန်းအလှည့်🫶

Danang က HCM ထပ်စာရင် လည်ပတ်စရာပိုပေါတာမို့ ရောက်တဲ့အခါ ဘယ်တွေလည်မရလဲ စဉ်းစားရခက်နေရင် ဒီိlist လေးအတိုင်းသာ လည်ချလိုက် 🤭

နေရာတွေအများကြီးမို့ ကိုယ်လည်မဲ့ရက်ပေါ်မူတည်ပြီး လည်ခဲ့နော်

🏰 1. Ba Na Hills
- သူကတော့ တရက်လောက်အချိန်ယူပြီးလည်သင့်ပါတယ် ဒါမှ အေးဆေးနှံမှာကိုး တောင်ပေါ်ကအကြောင်းလည်ပတ်စရာတွေ page ထဲ တင်ပေးထားပါတယ်နော်

⛰️ 2. The Marble Mountain
- တောတောင်ကြိုက်တဲ့သူတွေအတွက် အကြိုက်တွေ့နိုင်မဲ့နေရာ

🧵 3. Silk Village
- သူက ပိုးထည်အစစ်တွေ ဝယ်ချင်တဲ့သူတွေ လေ့လာရင်းဝယ်လို့ရပါတယ် Vietnam ရိုးရာဝတ်စုံလေးတွေကို ပိုးသားအစစ်နဲ့မို့ ဈေးကတော့ တော်တော်လေးရှိတယ်

🛶 4. Coconut Forest
- ဒါကတော့ Danang ကိုလည်ရင် မပါမဖြစ် HoiAn ရဲ့ Coconut Boat ဈေးဆစ်ပါနော် ဂျင်းအတောင့်လိုက်ထည့်မှာရယ်

🏮 5. Hoi An
- ဒီ Ancient Town က ညပိုင်းမှာ မီးပုံးလေးတွေနဲ့ အရမ်းလှတဲ့ မြို့လေးမို့ Vibe နှစ်မျိုးရအောင်
ညနေခင်းနဲ့ ညပိုင်းမှာ လည်သင့်ပါတယ်

👑 5. Hue Imperial City
- ခိုင်မင်းဆက် မင်မင်းဆက်တွေရဲ့ နန်းတော်တွေထဲ ဝင်လေ့လာလို့ရတာမို့ သမိုင်းစိတ်ဝင်စားသူတွေ လည်ပတ်လိုက်ရလို့နောင်တမရမဲ့နေရာပါ နန်းတွင်းထဲရောက်တော့ သမိုင်းထဲ အချိန်ခရီးသွားနေရသလိုပဲ ဝမ်းနည်းတာလိုဝမ်းသာတာလိုနဲ့ 🥹

🏍️ 6. Hai Van Pass
- အလှပဆုံးတောင်ကြားလမ်းလို့ နာမည်ကြီးနေတဲ့ နေရာလေး ဖြစ်ပြီး အပြန်မှာ ဥမင်လှိုဏ်ခေါင်းအရှည်ကြီးကိုဖြတ်ရတာက ကြာတယ်လို့တောင် မခံစားရအောင်ကို ကြိုက်တာ

🇻🇳 7.Lady Buddha
- Danang City နဲ့ Sea ကို အပေါ်စီးကနေ မြင်ရတဲ့ View နဲ့ ကွမ်ရင်မယ်တော်ကြီးရှိတဲ့နေရာပါ Vietnamရဲ့ ကွမ်ယင်ရုပ်ထုတွေထဲ အကြီးဆုံးရုပ်ထုကြီးဖြစ်ပါတယ်

🏖️ 8. My Khe Beach
ဒါနန်းရောက်လို့ Beach မရောက်တာတော့ မရှိနိုင်ပါဘူးလေနော် နံပါတ် 9ကတော့ Vietnam ရဲ့ အလှဆုံးကမ်းခြေပဲဖြစ်ပါတယ်

🪔 9. Incense Village
ဓာတ်ပုံတွေထဲမှာ မြင်နေရတဲ့ အမွှေးတိုင်ရွာလေး ဒီအကြောင်းလည်း page ထဲမှာ သီးသန့်တင်ထားပါသေးတယ်

📸 10.Son Tra Marina
- Coffee ဆိုင် လှလှလေး ပုံရိုက်ဖို့အတွက်လာကြတာပါ အစားအသောက်အဲ့လောက်တော့မဟုတ်ဘူးရယ်

⛪ 11. Bukit Rhema Gereja Ayam
-ဒါကတော့ သိပ်ပြီးလည်ပတ်ကြတာမတွေ့ဘူးရယ် ဒါပေမဲ့ ကြက်ကြီးထဲကနေ မြင်ရတဲ့ရှုခင်းက မိုက်တယ်
လည်ပတ်ဖို့ မြန်မာမှာ ပုဂံဌက်ကြီးဆို V မှာက ဒါနန်းကြက်ကြီး 😁

🐉 12. Dragon Bridge
- Danang ရောက်ရင် ညဘက်မှာ Dragon Bridge (နဂါးတံတား) ကိုလည်း သွားကြည့်ဖို့ မေ့လို့မရပြန်ပါဘူး Weekends ဆို နဂါးကြီးက မီးတွေ၊ ရေတွေ မှုတ်ပြတဲ့ show လည်း ရှိပါသေးတယ် ( btw - ခါးပိုက်နှိုက်သတိပြုပါတဲ့)

ကဲ ဒီလောက်ဆို ဗီယက်နမ်အလယ်ပိုင်းတခွင် tourist attractions အကုန်နှံ့ပါပြီရှင် 🎒✈️

Photos from Oh My Gar 's post 22/03/2026

Like memories of the past
📸 Shadow of Memories

Photos from Oh My Gar 's post 21/03/2026

🇻🇳Hochiminh မှာ ညနေခင်းလေး လည်ပတ်ချင်တယ်ဆိုရင် ဒီနေရာလေးရှိပါတယ်🫶

ရထားနဲ့ဆို Ba Son station မှာ ဆင်းလိုက်တာနဲ့ တံတားနားတန်းရောက်...photographer တွေရဲ့ စုရပ်လို့တောင် ပြောရလောက်တယ်...လူတိုင်းက camera လေးတွေ ကိုယ်စီနဲ့...ကြည့်လို့တောင် ကောင်းသေး📸

🌉 ညနေခင်း မှောင်ခါနီးလေးသွားရင် ပိုကောင်းပါတယ်နော်.. ဘာလို့ဆို ညပိုင်း မှောင်လာတဲ့အခါ မီးရောင်စုံနဲ့လှနေတဲ့တံတားကြီးရယ်.. မြစ်မှာ သွားလာနေတဲ့ cruises တွေရယ်ကို ကြည့်ရတာကိုက... တွေးလို့ဆွေးလို့ ရှယ်ကောင်း...

🌉 မြစ်ဘေးနားမှာ ထိုင်ခုံပုလေးတွေက တဆိုင်ဆိုင်ကနေ street food or soft drinks ဝယ်စားသောက်မှ ထိုင်ခုံရမှာပါနော်... ဪ ပြီးတော့ metro နဲ့ ကပ်လျက်မှာလည်း mall တခုရှိသေးတော့ shopping ထွက်ချင်လည်း ok ပါသေးတယ်ရှင်...

18/03/2026

Exploring the Marble Mountains in Vietnam 🇻🇳

Photos from Oh My Gar 's post 17/03/2026

ဘဝရဲ့ အချိန်တော်တော်များများကို လေဆိပ်ထဲမှာပဲ ဖြတ်သန်းဖြစ်တယ်…🌝

ဘာလို့ဆို အချိန်မမှီလို့ လက်မှတ်အသစ်ဖြတ်ရတာရယ်...မနက်ချိန် ညချိန်မှားတာရယ်...ရက်မှားတာတွေရယ်ကြောင့်🥹

Photos from Oh My Gar 's post 16/03/2026

🇻🇳 Vietnam ရဲ့ အလှဆုံးကမ်းခြေ DaNang Beach ✨

🌊Danang ရောက်ရင် ပင်လယ်နား နီးနီးနားနား တည်းဖို့ပဲ အကြံပြုချင်ပါတယ် Gar တည်းခဲ့တဲ့ Hotel က ပင်လယ်နဲ့ တပြလောက်ပဲ ဝေးမို့ အားတိုင်းရောက် ရောက်တိုင်း ကြိုက်ရတဲ့ ပင်လယ်ကြီးပါပဲ

✨မနက်စောစော Sunrise အချိန်များဆို တမေ့တမောပါပဲ ရောက်တဲ့နေတိုင်း အစောထပြီး ကြည့်ခဲ့ရတာ ကြည့်တိုင်းလည်း မရိုးနိုင်အောင် တကယ်ကို လှတာကိုး

🌝အကြံတခုပြောပြရဦးမယ် Gar တို့ DaNang ကနေ ပြန်တုန်းက လေယာဉ်ချိန်က ညပိုင်းမှမို့ Hotel Check Out လုပ်ချိန်က လေယာဉ်ချိန်နဲ့ ဝေးနေတော့ ပင်လယ်နားက ဆိုင်မှာ အားပါးတရထိုင်ခဲ့တာ ပင်လယ်ကြည့်ရတာ ဝနေရောပဲ 🤣

🧉အုန်းရေသောက် အူးလာကြော်လေးတွေ စားပြီး အေးဆေး ထိုင်ချင်လို့ရပါတယ် ထိုင်ခုံ Fee ကလည်း 40000 ပဲမို့ ရှယ်တန် လေးနာရီလောက်ထိုင်ခဲ့ရတာလေ မတန်ဘဲ ဘယ်ရှိမလဲ 😂

Photos from Oh My Gar 's post 14/03/2026

The Beauty of Vinhome Grand Park✨

Want your public figure to be the top-listed Public Figure in Hue?
Click here to claim your Sponsored Listing.

Category

Website

Address


Hue

Alerts

Be the first to know and let us send you an email when Oh My Gar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Subscribe

We will notify you when anything happens in Hue.